စင်္ကာပူ Jurong Bird Park ကိုတော့ မှတ်မှတ်ရရ 10. February. 2008 တုန်းကရောက်ခဲ့ပါတယ်။ Jurong Bird Park ကို ဒေါက်တာ Goh Keng Swee ကနေပြီး 1968 ခုနှစ်မှာ စတင်တည်ထောင်ခဲ့တယ်လို့ သိရပါတယ်။ ဒေါက်တာ Goh ဟာ Zoologi Garden ကိုလည်ပတ်ရင်းနဲ့ ငှက်တွေလွတ်လပ်စွာ ပျံသန်းနိုင်မယ့် ငှက်လှောင်ချိုင့် ကြီးကြီး တည်ဆောက်ဖို့ စိတ်ကူးရခဲ့ပါတယ်။ ဒီလိုတည်ဆောက်နိုင်ဖို့အတွက် စက်မှုဇုံတွေနှင့် ကင်းလွတ်ပြီး သဘာဝအလျှောက် အပန်းဖြေ အနားယူနိုင်မယ့် Jurong Hill (Bukit Perepok) နေရာကို 1968 ခုနှစ်မှာ ရွေးချယ်ခဲ့ပါတယ်။ ပထမဦးစွာ ကမ္ဘာတ၀ှမ်းမှာရှိတဲ့ ငှက်အမျိုးအစားတွေကို စတင်စုဆောင်းခဲ့ပါတယ်။ Finches, Pheasants, Herons, Mallards, Owls, Cockatoos စတဲ့ ငှက်အမျိုးအစားတွေ ပထမဦးစွာ ဆုံးရောက်ရှိလာပြီး နိုင်ငံ ၁၂နိုင်ငံ၊ တရိစ္ဆာန်ရုံ ၇ ရုံနှင့် ပုဂ္ဂလိဂ အလှူရှင် ၄၀ ဦးကလည်း ကူညီလှူဒါန်းခဲ့ကြပါတယ်။ 3. January 1971 မှာတော့ Jurong Bird Park ကို အများပြည်သူအတွက် စတင် ဖွင့်လှစ်ခဲ့နိုင်ပါတယ်။ Jurong Bird Park ကိုတည်ဆောက်ခဲ့ရမှာ ဒေါ်လာ $3.5 မီလီယံ ကုန်ကျခဲ့တယ်လို့ သိရပါတယ်။
Jurong Bird Park
10. February. 2008 ကတော့ မလေးရှားကိုပြန်ဖို့အတွက် နေ့လည် ၁နာရီ ကားနဲ့ လက်မှတ် ဖြတ်ပြီထားပြီးသားလေ။ ဒီနေ့မှာပဲ ဝေသူ့ကို Jurong Bird Park ကိုသွားဖို့အတွက် လိုက်ပို့ခိုင်းထားပါတယ်။ ကားလက်မှတ်က နေ့လည်ပိုင်းဆိုတော့ အချိန်ကတော့ သိပ်မရဘူး။ ဒါကြောင့် မနက်စောစော အိပ်ရာထပါမယ်ဆိုမှ မနက် ၈နာရီလောက်မှနိုးတယ်။ နံနက်စာစားပြီးတော့ ဝေသူနဲ့ နံနက် ၉နာရီ Boon Lay MRT မှာချိန်းထားတာမို့ ဘတ်စ်ကားဂိတ်ကို ဆင်းလာခဲ့ပါတယ်။ ဘတ်စ်ကားကလဲ အတော်နဲ့ မလာနိုင်သေးလို့ စောင့်နေရသေးတယ်။ ကားပေါ်ရောက်တော့ ၉နာရီထိုးတော့မယ်။ City Hall ကိုရောက်တော့ Boon Lay ကို MRT နဲ့တဆင့်သွားလိုက်ပါတယ်။ တော်သေးတာက စင်္ကာပူက MRT တွေက သိပ်မစောင့်ရလို့။ လမ်းမှာ ဝေသူက ဖုန်းလှမ်းဆက်မေးသေးတယ် ကြာလိုက်တာ မရောက်သေးဘူးလားတဲ့၊ ရောက်ပါတော့မယ် ခဏလေးစောင့်ပါဆိုပြီး လှမ်းပြော (ဖြီး)ထားရသေးတယ်။ Boon Lay ရောက်တော့ ၉နာရီခွဲနေပြီ။ ဝေသူနဲ့ တွေ့ပြီးတော့ Boon Lay မှာပဲ မသွယ်စုမွန်နဲ့ ချိန်းထားသေးတာဆိုတော့ မသွယ်စုမွန်ကို သွားတွေ့ပြီး နှုတ်ဆက်လိုက်ပါတယ်။ မသွယ်စုမွန်က မနှင်းပန်းတို့နဲ့ တစ်အုပ်စုထဲလေ။ ကျွန်တော် စင်္ကပူရောက်ခါစတုန်းက သူတို့အုပ်စုနဲ့ ဆုံဖို့ Toparo က မြန်မာဘုန်းကြီးကျောင်းက အလှုတစ်ခါမှာ ဆုံကြဖို့ခေါ်သေးတယ်။ အဲဒီတုန်းက ကျွန်တော်လဲမအားလို့ မသွားဖြစ်လိုက်ဘူး။ သူက စင်္ကာပူမှာ ကျောင်းတက်ရင် အလုပ်လုပ်နေတာ ကြာနေပေမယ့် အခုချိန်ထိ အိမ်လွမ်းတုန်းလေ။ ကျွန်တော်တို့နဲ့တွေ့တော့ မသွယ်စုမွန်က ကော်ဖီလိုက်တိုက်တယ်။ နှစ်ယောက်သား အားနာနာနဲ့ Jurong Point Shopping Center က ကော်ဖီဆိုင်တစ်ဆိုင်မှာ လိုက်ထိုင်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးက ကျောင်းချင်းတူနေတော့ ကျောင်းအကြောင်းတွေ စကားလက်ဆုံ ကျနေကြနေသေးတယ်။ ၁၀နာရီခွဲလောက်မှ မသွယ်စုမွန်ကို နှုတ်ဆက်ပြီး Jurong Point ကနေ ပြန်ထွက်လာခဲ့ကြပါတယ်။
ဒီလိုနဲ့ Jurong Bird Park ကိုသွားဖို့အတွက် ဘတ်စ်ကားဂိတ်ကိုပြန်လာခဲ့ကြပါတယ်။ ကားဂိတ်မှာလည်း Jurong Bird Park ကိုသွားမယ့်ကားကို တန်းစီစောင့်ရပါသေးတယ်။ တော်သေးတာက ကားဂိတ်မှာ ခရီးသည် မများပါဘူး။ ဘတ်စ်ကားလာတော့ ကားပေါ်တက် နေရာယူပြီး ခရီးဆက်ခဲ့ကြပါတယ်။ Jurong Bird Park ကိုတော့ ဘတ်စ်ကား သိပ်မစီးရပါဘူး။ ၁၅ မိနစ်လောက်မောင်းတဲ့အခါ Jurong Bird Park ကိုရောက်လာခဲ့ပါတယ်။ ၀င်ကြေး တစ်ဦးကို စင်္ကာပူဒေါ်လာ S$18 ဒေါ်လာပေးရပါတယ်။ ဒီနေ့မှာတော့ လူသိပ်မများတဲ့အတွက် ကြာကြာ တန်းမစီလိုက်ရပါဘူး။ ၀င်ဝင်ချင်းမှာတော့ ပင်ဂွင်းငှက်ပြခန်းကို အရင်တွေ့ရပါတယ်။ အအေးခန်းထဲက ပင်ဂွင်းငှက်လေးတွေကတော့ သူတို့ဇာတိမဟုတ်တဲ့ နေရာမှာတောင် ပျော်မြူးနေကြတာပါ။ ပြခန်းကိုတော့ ခပ်မှောင်မှောင်သာ အလင်းရောင် ပေးထားပါတယ်။ ဓါတ်ပုံရိုက်တော့ မှန်ခန်းကအလင်းပြန်နေတာကြောင့် ပုံကောင်းကောင်းမရလိုက်ဘူး။ ဒီဆောင်အနီးနားမှာပဲ ဇီးကွက်တွေကို ပြတဲ့ပြခန်းနှင့် အာဖရိက ငှက်မျိုးတွေဖြစ်တဲ့ Storks, Shoebills စတဲ့ ငှက်တွေကို တွေ့ခဲ့ရပါတယ်။ အဲဒီ့ကနေ ပြန်ထွက်လာတော့ လည်ပါတ်သူအချို့ ကြက်တူရွေးငှက် တွေနဲ့ ဓါတ်ပုံရိုက်နေကြတာ တွေ့ခဲ့ရပါတယ်။ ကျွန်တော့်တို့လဲ ဓါတ်ပုံရိုက်ဖို့ အချိန်ပေးစောင့်နေရဦးမှာမို့ မစောင့်နိုင်တာကြောင့် Flamingo Pool ဘက်ကိုပဲ ဆက်လျှောက်လာခဲ့ကြပါတယ်။ Bird Park ထဲမှာ Panorail လို့ခေါ်တဲ့ ကောင်းကင်ရထားကိုလဲ စီစဉ်ထားပေးတာ တွေ့ခဲ့ရပါတယ် လမ်းမလျှောက်ချင်သူတွေအတွက် အဆင်ပြေလှပါတယ်။ Flamingo Pool မှာ ဓါတ်ပုံရိုက်ပြီးတော့ ဆက်လျှောက်ခဲ့ရာမှာ ဘဲငန်းတွေကိုထားတဲ့ ရေကန်လေးရောက်လာခဲ့ပါတယ်။ ဒီနေရာက တံတားလေးမှာ အမှတ်တရ ဓါတ်ပုံရိုက်ဖြစ်ခဲ့ပါသေးတယ်။ အဲဒီ့နောက် Waterfall Aviary ထဲကိုဆက် ထွက်လာခဲ့ပါတယ်။

Flamingo Pool

Waterfall Aviary ကတော့ အကြီးဆုံးငှက်လှောင်အိမ်ကြီးလို့ တင်စားနိုင်ပါတယ်။ ဒီငှက်လှောင်အိမ်ထဲမှာ ငှက်ပေါင်း ၁၅၀၀ လွပ်လပ်စွာ ပျံသန်းနိုင်ဖို့အတွက် သဘာဝအတိုင်း တည်ဆောက်ထားတာပါ။ ဒီထဲမှာပဲ ငှက်အမျိုးပေါင်းခွဲခြားပြထားတဲ့နေရာ ၆၀ လောက်ရှိပါတယ်။ ကြီးမားလှတဲ့ လူလုပ် ရေတံခွန်ရှေ့မှာလဲ ဓါတ်ပုံရိုက်နေကြသူတစ်ချို့ တွေ့မြင်နေရပါတယ်။ ကျွန်တော်တို့လဲ ငှက်တွေကို ဓါတ်ပုံလျှောက်ရိုက်ကြပါသေးတယ်။ ဒီနေရာလေးကတော့ အတော်ပဲ အေးချမ်းလှပါတယ်။ ငှက်သံတွေနဲ့ တကယ်ပဲတောတောင်ထဲမှာ လျှောက်နေရသလိုပဲ ခံစားမိပါတယ်။ အဲဒီ့ကနေ ပြန်အထွက်မှာ စကားတပြောပြောနဲ့ လျှောက်လာတော့ Lory Loft ဘက်ကို ရောက်လာခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာတော့ ငှက်အမျိုးမျိုး တွေ့ခဲ့ပါသေးတယ်။ ငှက်အမျိုးအစားတွေတော့ မမှတ်မိတော့ပါဘူး။ Lory Loft မှာတော့ ကြက်တူရွေး မျိုးပေါင်းများစွာဟာ လှောင်အိမ်ကြီးထဲမှာ လွတ်လပ်စွာ ပျံသန်းနေကြပါတယ်။ Lory Loft ကတော့ 3,000sq ကျယ်ဝန်းပြီး ကြက်တူရွေး အကောင်ရေပေါင်း ၁၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ ဒီလှောင်အိမ်ထဲမှာပဲ ကြိုးတံတားငယ်တစ်ခုနဲ့ မျှော်စင် ၂ခုကို ဆက်သွယ်ထားပါတယ်။ ဒီနေရာမှာ ငှက်တွေကို အစာကျွေးနိုင်ပါသေးတယ်။ Lory Loft ကနေ ပြန်ဆင်းလာတော့ ၁၂ နာရီကျော်နေပါပြီ။ ပြန်ဖို့အချိန်ကလဲ နီးကပ်လာပြီမို့ အေးဆေးစွာ မနေနိုင်တော့ပါဘူး။ ဒါကြောင့် ထွက်ပေါက်ရှိရာကို ဆက်ထွက်လာခဲ့ပါတယ်။ Lory Loft က အထွက်မှာတော့ အောက်ချင်းငှက်တွေကို တွေ့ခဲ့ရပါသေးတယ်။ လမ်းမှာ ဓါတ်ပုံဆက်ရိုက်ပြီး လျှောက်လာခဲ့တော့ Bird n Buddies Show ပြနေတာကို တွေ့ရပါတယ်။ ဒီပြပွဲကတော့ သေချာစွာ သင်ကြားပေးထားတဲ့ ငှက်လေးတွေရဲ့ ပြကွက်ဆန်းတွေကို ပြသတာဖြစ်ပါတယ်။ ပြပွဲအချိန်က မနက် ၁၁:၀၀ ကနေပြီး ညနေ ၃:၀၀ အထိပြသတာဖြစ်ပါတယ်။ အချိန်မရတော့လို့ မကြည့်ဖြစ်လိုက်ပါဘူး။ နောက်တစ်ခေါက် ရောက်မှပဲ ကြည့်တော့မယ်လို့ စိတ်ကူးပြီး အပေါ်ကနေပဲ ဓါတ်ပုံရိုက်ဖြစ်ပါတယ်။
Black-winged Starling ( Acridotheres melanopterus )
Waterfall Aviary တွင်အမှတ်တရ
အပြင်ပြန်ထွက်တဲ့အခါမှာတော့ Jurong Bird Park အမှတ်တရ လက်ဆောင်ပစ္စည်း အရောင်းဆိုင်လေးကနေ ဖြတ်ရပါတယ်။ ငှက်ရုပ်ပုံ သော့ချိတ်လေးတွေကစလို့ သားမွှေးငှက်ရုပ်ကြီးတွေအထိ ငှက်အမျိုးအစား အစုံ အရုပ်လေးတွေကို ၀ယ်ယူနိုင်ပါတယ်။ ဈေးကတော့ အပြင်ကထက် နဲနဲပိုပါတယ်။ ကျွန်တော်တို့လဲ အမှတ်တရ ပစ္စည်းအရောင်းဆိုင်ထဲမှာ လှည့်ပါတ်ကြည့်ရှုရင်း ဝေသူ့အတွက် အဖြူရောင် ငှက်ရုပ်လေး ၂ ရုပ် အမှတ်တရ လက်ဆောင် ၀ယ်ပေးဖြစ်ပါတယ်။ စင်္ကာပူကိုစရောက်ကတဲက သူ့ရဲ့အားလပ်ရက်တွေကို ကျွန်တော့အတွက် အသုံးပြုပြီး အစစအရာရာ ကူညီပေးခဲ့လို့လဲ ကျေးဇူးတင်မိပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ အပြင်ရောက်တဲ့အခါမှာတော့ ၁၂နာရီ ကျော်နေပါပြီ။ ဒီတော့မှ အသဲအသန် Dakota Crescent ကိုပြန်ပြေးရပါတော့တယ်။ Boon Lay ကိုသွားမယ့် ဘတ်စ်ကားကလဲ မလာသေးတာနဲ့ Taxi ငှားပြီးသွားလိုက်ပါတယ်။ Boon Lay ရောက်မှပဲ Citi Hall ကို MRT နဲ့ပြန်ရတော့တယ်။ ဝေသူက Citi Hall အထိ လိုက်ပို့ပေးပါသေးတယ်။ Citi Hall ကို ရောက်တဲ့အခါမှာတော့ တစ်ယောက်နဲ့ တစ်ယောက် နှုတ်ဆက်ပြီး ပြန်လာခဲ့ပါတော့တယ်။ ပြန်မဆုံဖြစ်ကြတာ အခုချိန်အထိပါပဲ။ စင်္ကာပူရဲ့ အမှတ်တရ ရက်လေး တစ်ရက်ပေါ့။ သူငယ်ချင်းတွေကို သံယောဇဉ်ကြီးတတ်တဲ့ ကျွန်တော့်အဖို့ကတော့ အချိန်ဘယ်လောက်ကြာကြာ မှတ်မှတ်ရရ ရှိနေတတ်ပါတယ်။ Citi Hall ကနေတဆင့် Dakota Crescent ကိုဘတ်စ်ကားနဲ့ ပြန်လိုက်ပါတယ်။ အိမ်ရောက်တော့ ၁၂နာရီ ခွဲသွားပါပြီ။ အ၀တ်အစားတွေသိမ်း၊ သူငယ်ချင်းထက်မြတ်သူရဲ့ အိမ်သားတွေကို နှုတ်ဆက်၊ ခရီးဆောင်အိတ်ကို ဆွဲပြီး Beach Road ကို Taxi နဲ့အသည်းအသန် ပြေးရပါတော့တယ်။ သူငယ်ချင်းထက်မြက်သူကတော့ နေကောင်းခါစဖြစ်ပြီး အိပ်ပျော်နေတာကြောင့် နှိုးပြီးနှုတ်မဆက်တော့ပါဘူး။ Beach Road ကိုရောက်တော့ အချိန်ကွက်တိပါပဲ ၁နာရီထိုးနေပါပြီ။ ကျွန်တော်လဲ ကားပေါ်ရောက်ပြီး ခဏလေးမှာပဲ ကားစထွက်ပါတော့တယ်။ နောက်တစ်ခေါက်တော့ သူငယ်ချင်းများနှင့်ဆုံတွေ့ဖို့ ထပ်လာခဲ့ဦးမယ်လို့ စိတ်ကူးရင်း စင်္ကာပူမြေကနေ ပြန်လည် ထွက်ခွာလာခဲ့ပါတော့တယ်။

ရန်ကုန်မြို၏ အနောက်တောင်ဘက် မိုင်၂၆၀ အကွာ အင်္ဂလားပင်လယ်အော်အတွင်းရှိ ကိုကိုးကျွန်းသို့ မြန်မာ့ကြယ်ငါးပွင့်သင်္ဘော လုပ်ငန်းပိုင် သံလွင်သင်္ဘောဖြင့် အပျော်စီးသင်္ဘောခရီးစဉ်ကို စတင်ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ ကိုကိုးကျွန်းခရီးစဉ်ကိုတော့ နိုဝင်ဘာလ ၂၀ရက်နေ့မှာ စတင်ပြေးဆွဲသွားမှာဖြစ်ပြီး ရန်ကုန်မြို့ကနေ ညနေ၃နာရီမှာ စတင်ထွက်ခွာမယ်လို့ သိရပါတယ်။
အဝေးတနေရာမှ ကိုကိုးကျွန်းရှုခင်းတစ်ခု
ရန်ကုန်မှ စတင်ထွက်ခွာချိန်ကစပြီး သင်္ဘောပေါ်မှာ ကာရာအိုကေ၊ မျက်လှည့် စသည့် ဖျော်ဖြေမှုတွေပါဝင်ပြီး၊ ကိုကိုးကျွန်းကို ရောက်တဲ့အခါမှာတော့ လိပ်ဥတူးဖေါ်ခြင်း၊ အမြင့်ပေ ၁၉၅ပေရှိပြီး သက်တမ်း ၁၄၀ကျော် ရှိပြီဖြစ်တဲ့ မီးပြတိုက်နှင့် ဒုတိယကမ္ဘာစစ်အတွင်းက ကျွင်းကျန်ခဲ့တဲ့ ကတုတ်ကျွင်းတွေကို သွားရောက် လေ့လာမှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ ရန်ကုန်ကနေပြီး ကိုကိုးကျွန်းကို နိုဝင်ဘာလ ၂၀ရက်နေ့မှာ စတင်ထွက်ခွာမှာဖြစ်ပြီး ၂၃ရက်နေ့မှာ ပြန်လည်ရောက်ရှိမယ့် သုံးညအိပ် လေးရက် ခရီးစဉ်ပါ။

ထို့အပြင် ဘင်္ဂလားပင်လယ်အော်နှင့် ကိုကိုးကျွန်း အလှအပအား ခံစားနိုင်မည့်ခရီးစဉ်ကို ပုံမှန်အပျော်စီး ခရီးစဉ်အဖြစ် ပြေးဆွဲသွားဖို့ စီစဉ်နေပါတယ်။ ဒီကိုကိုးကျွန်း ခရီးစဉ်မှာတော့ ခရီးသည်ဦးရေ အယောက် ၄၀၀၀န်းကျင် လိုက်ပါနိုင်ပါတယ်။
ကိုကိုးကျွန်းအား Google Earth မှမြင်ရစဉ်

ကိုကိုးကျွန်း နောက်ခံသမိုင်းအကျဉ်း
ကိုကိုးကျွန်းစုသည် ၁၈ရာစုတွင် အရှေ့အိန္ဒိယကုမ္ပဏီ၏ တည်ရှိခဲ့သည်။ 1857 ခုနှစ်တွင် အိန္ဒိယ၌ ပုန်ကန်မှုဖြစ်ပွားခဲ့ပြီး နယ်ချဲ့ဗြိတိလျှတို့သည် အက်ဒမန်ကျွန်းတောင်ပိုင်းရှိ ပို့ဘလဲရားတွင် 1858 ခုနှစ်၌ အကျဉ်းထောင် ဆောက်လုပ်၍ ပုန်ကန်သူများကို ထိန်းသိမ်းထားရှိခဲ့ရာ စားနပ်ရိက္ခာ သိုလှောင်ရာ နေရာအဖြစ် ကိုကိုးကျွန်းကို အသုံးပြုခဲ့ပါသည်။ 1882 ခုနှစ်တွင်မှု ကိုကိုးကျွန်းမှာ မြန်မာ့ပိုင်နက် အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီး ဒုတိယကမ္ဘာစစ်ကာလအတွင်း၌ ဂျပန်တို့သည် မဟာဗျူဟာအရ အရေးပါသော အက်ဒမန်ကျွန်းနှင့် နီကိုဘာကျွန်းတို့ကို သိမ်းပိုက်ခဲ့သည်။ 1948 ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသောအခါ ကိုကိုးကျွန်းစုအား ဗြိတိလျှက လွှဲပြောင်းပေးအပ်ခဲ့သည်။ ကိုကိုးကျွန်းစုအား ပဲခူးတိုင်း ဟံသာဝတီခရိုင်အတွင်း ထားရှိခဲ့ပြီးနောက် 1999 ခုနှစ်တွင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တစ်ခုအဖြစ် သက်မှတ်ခဲ့သည်။

Refer : Weekly Eleven

ESET NOD32 Antivirus 4 သုံးလိုသူများအတွက် Username & Password Key တွေကို ဖော်ပြပေးလိုက်ပါတယ်။ သူများတွေ Kaspersky Antivirus ကို အသုံးများနေချိန်မှာ ကျွန်တော်ကတော့ NOD32 ကိုပဲ အတော်လေး သဘောကျမိပါတယ်။ တခြား Antivirus Software တွေဖြစ်တဲ့ Norton Antivirus, McAfee, Kaspersky, Avara, Panda, BitDefender နဲ့ AVG စတဲ့ Antivirus ဆော့ဖ်ဝဲလ် အတော်များများနှင့် နှိုင်းယှဉ်သုံးဖူးပါတယ်။ ဒါပေမဲ့ NOD32 ကိုပဲ ပိုသဘောကျမိပါတယ်။ ဆော့ဖ်ဝဲလ်ကို Install ဖို့ကလဲ အချိန်တိုတိုအတွင်း အလွယ်တကူ ပြုလုပ်နိုင်သလို ကိုယ့်ကွန်ပြူတာကိုလဲ တခြား Antivirus Software တွေလို လေးလံစေခြင်းမရှိပါဘူး။ Security အတွက်လဲ အတော်လေး စိတ်ချရပါတယ်။ ကိုယ့်စက်ရဲ့ လက်ရှိ Window Update ဖြစ်မဖြစ်ကအစ သတိပေးတဲ့စနစ်လဲ ပါဝင်ပါတယ်။
ESET NOD32 Antivirus 4 ကို Download လုပ်ပြီးသုံးချင်တယ်ဆိုရင်တော့ ဒီနေရာမှာ အခမဲ့ Download လုပ်နိုင်ပါတယ်။ သူကတော့ ရက်ပေါင်း ၃၀ အခမဲ့စမ်းသုံးခိုင်းတာပါ။ Downlad လုပ်တဲ့နေရာမှာ မိမိအသုံးပြုတဲ့ PC User အမျိုးအစားပေါ်မူတည်ပြီး 32bit နဲ့ 64bit ဆိုပြီးခွဲထားပါတယ်။ မိမိ PC နဲ့အဆင်ပြေမယ့် ဖိုင်ကို Download လုပ်ပါ။ ကျွန်တော့်တုန်းကတော့ 32bit ကို Download လုပ်ပြီးသုံးတာမရပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့် Window က 64bit အမျိုးအစားမို့လို့ပါ။ အစမ်းသုံးခွင့်ကာလ ပြည့်လို့ ဆက်သုံးချင်တယ်ဆိုရင်တော့ Full Version အတွက် Key ကိုဝယ်သုံးရမှာပါ။ တကယ်လို့ ၀ယ်မသုံးချင်ဘူး ဆိုရင်တော့ အခမဲ့ရနိုင်မဲ့ Key ကို ကျွန်တော့်ဘလော့ခ်မှာ ရှာတင်ပေးပါ့မယ်။ ယခုလောလောဆယ်တော့ လက်ရှိသုံးလို့ရနေတဲ့ လိုင်စင် Key တွေကို အတတ်နိုင်ဆုံး စုစည်းဖော်ပြပေးထားပါတယ်။ အသုံးပြုနိုင်မယ့် Key File ကိုသွင်းပြီး Update လုပ်လိုက်ပါ။ ရက်သုံးဆယ် အစမ်းသုံးခွင့်ကနေပြီး Full Version အဖြစ်နဲ့စတင်အသုံးပြုနိုင်ပြီး License Valid Date ကိုလဲ Protection status မှာ ဖေါ်ပြပေးထားမှာဖြစ်ပါတယ်။ တကယ်လို့ မိမိလက်ရှိသုံးနေတဲ့ Key က Valid Date ကုန်သွားခဲ့ရင်လည်း Key အသစ်ကိုပြန်သွင်းပြီး ဆက်လက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လိုင်စင် Key ဆိုတာကတော့ ဥပမာအားဖြင့် (Username: EAV-23624052 Password: 2nc8p56xnb) ဆိုတာမျိုးပါ။ NOD32 ကို Download & Install လုပ်ပြီးတဲ့အခါမှာ Software ကိုအရင်ဖွင့်လိုက်ပါ။ ပြီးရင် Update ကိုရွေးပါ။ အဲဒီ့မှာ Username and Password Setup ဆိုတဲ့နေရာကို Click လုပ်လိုက်ပါ။ အဲဒီ့မှာ Username & Password သွင်းရမယ့် ဘောက်တစ်ခု ပေါ်လာပါလိမ့်မယ်။ ဒီတော့မှ ကျွန်တော့် ဘလော့ခ်မှာ ပေးထားတဲ့ Username & Password တွေထဲက မိမိအဆင်ပြေနိုင်မယ့် Key တစ်ခုကို သွင်းပါ။ ပြီးရင်တာ့ Ok နှိပ်ပြီး Update ကို 100% ပြီးသည်အထိလုပ်ပါ။ 100% ပြည့်တဲ့အခါမှာတော့ Virus signature update လုပ်ပြီးသား Full Version ကို စတင်အသုံးပြုနိုင်ပါပြီ။ အသုံးပြုပုံ အဆင့်ဆင့်ကိုတော့ အောက်မှာ Video File အနေနှင့်ရော PDF File အနေနှင့်ရော နှစ်မျိုးလုံး ပြသထားပါတယ်။ အားလုံးပဲ အဆင်ပြေချောမွေ့ပါစေ။

Click here to view: Installing Guide Book




Nod32 Username | Password
(29-10-2009)

Username: EAV-23540739
Password: exkx8ba4dh

Username: EAV-23540772
Password: 3st3h58d76

Username: EAV-23540790
Password: u7rxsb4hb5

Username: EAV-23540793
Password: bchuxnrmjt

Username: EAV-23540802
Password: 7fb6mjhmp3

Username: EAV-23540814
Password: 6kn7j2xhdj

Username: EAV-23540815
Password: sde3j7xbn5

Username: EAV-23624052
Password: 2nc8p56xnb

Username: EAV-18400057
Password: k4f8jm7jrf
Expiry Date: 12.01.2010

Username: EAV-18429496
Password: pxdjfhu8a4
Expiry Date: 13.01.2010

Username: EAV-18611905
Password: jcf5k7k544
Expiry Date: 16.01.2010

Username: EAV-18971452
Password: ceje58cmk4
Expiry Date: 24.01.2010

Username: EAV-18978934
Password: 5jcu2m7bfp
Expiry Date: 24.01.2010

Username: EAV-20235045
Password: c5ff2h2c5c
Expiry Date: 22.02.2010

Username: EAV-20240856
Password: srfffpr7b7
Expiry Date: 22.02.2010

Username: EAV-20245388
Password: k3e6j8tbur
Expiry Date: 22.02.2010


ဒီပို့စ်ကို တင်ဖြစ်တာကတော့ ဘာရယ်လို့မဟုတ်ဘူး။ Window 7 ကိုတရားဝင် စတင်ရောင်းချပြီ ဖြစ်တဲ့အကြောင်း ဖတ်လိုက်ရတော့ Window 7 နဲ့အမှတ်တရ အဖြစ်အပျက်ကို သတိရလိုက်မိလို့ပါ။ ကျွန်တော် အရင်သုံးနေတဲ့ PC အဟောင်းလေး မရှိတော့တဲ့နောက်ပိုင်း Laptop Second Hand တစ်လုံးဝယ်ဖို့ ကိုဝဏ္ဏကိုမေးကြည့်တော့ သူ့အသိတစ်ယောက်ဆီမှာ ရနိုင်တယ်ဆိုတာနဲ့ သူ့ရှိတဲ့ Black Gong ကိုလိုက်သွားလိုက်တယ်။ ဟိုရောက်တော့ ကိုဝဏ္ဏက သူလဲ Notebook အသစ်တစ်လုံး ၀ယ်ထားတယ်ဆိုပြီး Dell အမှတ်တံဆိပ် Notebook တစ်လုံးထုတ်ပြပါတယ်။ သူ့ကွန်ပြူတာကို ဆိုင်ကနေပြီး Window 7 Update လုပ်ပေးလိုက်တယ်ဆိုပြီး ဖွင့်ပြတော့ ကျွန်တော်လဲ အဲဒီ့ Window ကို တော်တော်လေး သဘောကျမိသွားတယ်။ ခဏနေတော့ မြန်မာဆိုင်တစ်ဆိုင်မှာ နှစ်ယောက်သား ရောင်းမယ်ဆိုတဲ့ Laptop ကိုသွားကြည့်ကြပါတယ်။ သူပြတဲ့ Second Hand Laptop နှစ်လုံးထဲက P4 တစ်လုံးကို ကြိုက်ပါတယ်။ ဒါပေမယ့် Keyboard ကသိပ်မကောင်းပါဘူး။ Keyboard လဲလို့အဆင်ပြေမလားမေးကြည့်တော့ Keyboard အပိုမရှိဘူးတဲ့။ ဒါနဲ့ အပြင်မှာလဲမယ်ဆိုပြီး ကိုဝဏ္ဏကပဲ သူ့အသိ ကွန်ပြူတာဆိုင်တစ်ဆိုင်ကို ဖုန်းလှမ်းဆက်မေးတော့လဲ အဲဒီ့ဆိုင်မှာလဲ အမျိုးအစားတူ Keyboard မရှိပါဘူး။ တကယ်လို့ Keyboard လဲမယ်ဆိုရင်လဲ အနည်းဆုံး RM 50 လောက် ကျသင့်မှာဖြစ်လို့ Second Hand တစ်လုံးတင်ပဲ RM 800 ကျော်နေပါပြီ။ ဒါကြောင့် ကိုဝဏ္ဏလို RM 1800 ၀န်းကျင် Notebook အသစ်တစ်လုံးဝယ်ဖို့ကို အာရုံရသွားမိတယ်။
ဒါကြောင့် ကိုဝဏ္ဏကို အသစ်ပဲသွားဝယ်ချင်တဲ့အကြောင်း ပြောလိုက်တော့ မအားလပ်တဲ့ကြားက လိုက်ခဲ့ပေးပါတယ်။ သူ့အသိဖြစ်တဲ့ ကိုဇော်မျိုးအောင်ကိုပါ အဖေါ်ခေါ်ပြီး ဘဏ်မှာ ပိုက်ဆံသွားထုတ်ကာ Plaza Low yat ကို ထွက်လာခဲ့ကြပါတယ်။ Plaza Low yat မှာလဲ ဟိုကြည့်ဒီကြည့်နဲ့ Notebook တွေလိုက်ရွေးရင်း HPှပြခန်းဘက်ရောက်ခဲ့ပါတယ်။ ပထမတော့ HP လိုချင်တာပဲ ဒါပေမယ့် ပါလာတဲ့ငွေနဲ့ လုံလောက်ပြီး ကောင်းကောင်းသုံးလို့အဆင်ပြေနိုင်မယ့် Compaq ကိုပဲရွေးလိုက်ရတယ်။ HP ကတော့ RM 2400 ၀န်းကျင်လောက်ရှိတာမို့ အဲလောက်မတတ်နိုင်ဘူးလေ။ Compaq CQ35 ကတော့မဆိုးလှဘူးပြောရပါမယ်။ ကိုယ်လိုချင်တဲ့ Core 2 Duo အမျိုးအစားမို့လို့ ဈေးလဲသင့်တယ်လို့ထင်တာနဲ့ RM 1999 တန် OS Free Compaq Notebook ကိုပဲဝယ်လိုက်တော့တယ်။ ကျွန်တော်ရွေးတဲ့ Notebook က DOS Free ဆိုတော့ ဘာ Window မှ မပါပါဘူး။ ကိစ္စတော့မရှိပါဘူး ကိုယ့်ဘာသာပဲ အပြင်က RM 10 တန် Window Copy တစ်ချပ်ဝယ်ပြီး တင်လိုက်မယ်ဆိုပြီး ဈေးတွက်တွက်လိုက်ပါတယ်။ ဆိုင်မှာတင်ရင်တော့ Original Vista Window ကို RM 300 ထပ်ဆောင်းပေးရမှာလေ။ ကိုဇော်မျိုးအောင်ကလဲ သူ့အိမ်မှာ Window CD ရှိတဲ့အကြောင်းပြောတော့ သူ့အိမ်ရောက်မှပဲ Window တင်တော့မယ်ဆိုပြီး ကိုဇော်မျိုးအောင်အိမ်ကို လိုက်သွားပါတယ်။
သူ့အိမ်ရောက်တော့ သူ့ဆီမှာရှိတဲ့ Window CD တွေထုတ်ပေးပါတယ်။ Vista သွင်းမလား Window 7 သွင်းမလားဆိုပြီးပြောပါတယ်။ ကျွန်တော်ကတော့Vista Window ကိုသိပ်မကြိုက်ပါဘူး။ ရုံးကအသစ်ဝယ်လာတဲ့ စက်တွေကိုတောင် Window XP ပဲပြန်ပြောင်းတင်တာပါ။ ကိုဝဏ္ဏကတော့Window 7 တင်ဖို့တိုက်တွန်းပါတယ်။ ကျွန်တော်ကလဲ Window 7 ကိုသုံးကြည့်ချင်တာကြောင့် Window 7 64bit Ultimate ပဲတင်လိုက်တယ်။ အစအဆုံး အဆင်ကိုပြေလို့။ ထူးဆန်းတာက Serial Key လုံးဝမတောင်းပါဘူး။ ကိုဇောင်မျိုးအောင် မေးကြည့်တော့လဲ အခွေသာဝယ်ထားပြီး တစ်ခါမှ Install မလုပ်ဖူးတော့ မသိဘူးတဲ့။ Serial Key မတောင်းဘူးဆိုတော့ ဟုတ်မှဟုတ်ရဲ့လားမသိဘူးဆိုပြီး တထင့်ထင့်နဲ့။ ၀င်းဒိုးတက်တော့မှပဲ စိတအေးရတော့တယ်။ လိုအပ်တဲ့ Software တွေကိုတော့ အိမ်ရောက်မှ ထပ်သွင်းတော့မယ်ဆိုပြီး ပြန်လာလိုက်ပါတယ်။ အိမ်ရောက်တော့ လိုအပက်တဲ့ ဆော့ဖ်ဝဲလ်တွေသွင်းပြီး နောက်ဆုံး iTunes လဲသွင်းရော Window က ပြဿနာတက်ပါလေရော။ iTunes လဲ Run ရော စက်ဟမ်းသွားပါတယ်။ ပြန်ပိတ်ပြီးဖွင့်တော့လဲ Window တက်ပြီး Desktop ပေါ်တဲ့အထိတက်လာပြီး ပြန်ပြန်ဟမ်းသွားပါတယ်။ စိတ်လဲ အတော်လေး ညစ်သွားတယ်။ ကိုယ်က ကွန်ပြူတာ သုံးနေပေမယ့် Professional တစ်ယောက် မဟုတ်တော့ တခြားနည်းလမ်းလဲ မတွေးတတ်တော့ဘူး။ ကွန်ပြူတာ အစစ်စက်စက်လေး ၀ယ်လာပြီး သုံးဖို့တပြင်ပြင် လုပ်နေကာမှ အဆင်မပြေဘူးဖြစ်နေတယ်။ နောက်တစ်နေ့ ရုံးဆင်းတာနဲ့ ကိုဇော်မျိုးအောင်ဆီ ပြန်သွားလိုက်တယ် သူ့ဆီက Window 7 အခွေပြန်တောင်း format လုပ်ပြီး အစကနေ ၀င်းဒိုးပြန်တင်မှပဲ Serial Key တောင်းပါတော့တယ်။ အဲဒီတော့မှ ကျွန်တော်တို့သတိမေ့လျှော့နေတာကို သိလိုက်ရတော့တယ်။ အဲဒါက Window တင်ပြီးတာနဲ့ တင်ထားတဲ့ Window ကို Activate လုပ်ဖို့ပါပဲ။ ဒီတစ်ခေါက် ၀င်းဒိုးပြန်တင်ပြီးတော့ Window Active ဖြစ်မဖြစ်စစ်ကြည့်တော့ သုံးရက်အတွင်း Activate လုပ်ခိုင်းထားတာတွေ့ပါတယ်။ အိမ်ပြန်ရောက်တော့မှ အင်တာနက်ကနေပြီး Activate လုပ်လိုက်တော့မှ ကျန်တဲ့ဆောဖ်ဝဲလ်တွေကို သွင်းလို့အဆင်ပြေပါတော့တယ်။ အခုချိန်ထိလဲ အားလုံးအဆင်ပြေပါတယ်။
Window 7 OS က အရင် Window တွေထက်ပိုပြီး တည်ငြိမ်တာကိုလဲ တွေ့ရပါတယ်။ Windows 7 တင်မယ်ဆိုရင်တော့ 32bit ရော 64bit Edition မှာပါ processor speed 1GHz ပဲလိုပါတယ်။ Processor core ဘယ်နှစ်ခုပါရမယ်လို့လဲ တောင်းဆိုထားတာမရှိပါဘူး။ Ram လိုအပ်ချက်ဟာလည်း 32 bit အတွက် 1GB ဖြစ်ပြီး 64bit အတွက် 2GB ဖြစ်ပါတယ်။ Windows Vista မှာပါတဲ့ Aero interface ကိုသုံးမယ်ဆိုရင်တော့ Ram လိုအပ်ချက်ထပ်တိုးနိုင်ပါတယ်။ Aero interface သုံးမယ်ဆိုရင် Graphic Card Memory 12GB လိုပါတယ် Aero မသုံးရင် မလိုပါဘူး။ DirectX 10 ထွက်နေပေမယ့် Windows 7 ကတော့ DirectX 9 ကို Support လုပ်နေတုန်းပါ။ Hard Disk Space လိုအပ်ချက်က 23bit Version အတွက် 16GB ၊ 64Bit Version အတွက် ကတော့ 20GB ဖြစ်ပါတယ်။ OS အရွယ်အစားသေးတဲ့အတွက် အကျိုးထူးတာကတော့ Boot time နဲ့ Installation Time ပါပဲ။ စက်စပြီး Power ဖွင့်ချိန်ကနေ OS သုံးနိုင်တဲ့အချိန်ထိ ကြာချိန် 25min ထက်နည်းမယ်လို့ ဆိုထားပါတယ်။ Installation time ကတော့ပိုပြီး မြန်လာပါတယ်၊ Hardware အဆင့်မြင့်ရင် 15min ထက်တောင်နည်းမယ်လို့ ဆိုထားပါတယ်။ OS အရွယ်အစားသေးအောင် စီရင်လိုက်ရတဲ့ Windows 7 ဟာ Vista ထက်ပိုပြီး အဆင့်မြင့်လာပါတယ်။ ဒါပေမယ့် Vista တဲ့ကတချို့သော အစိတ်အပိုင်းတွေကို Windows 7 မှာမတွေ့နိုင်ပါဘူး။ အချို့အစိတ်အပိုင်းတွေက အသွင်ပြောင်းသွားပါလိမ့်မယ်။ အပြောင်းအလဲတွေကတော့ Start Menu, Windows Ultimate Extra, Inkball နဲ့ Windows Calender တွေကို Windows 7 မှာ မတွေ့နိုင်တော့ပါဘူး။ လိုအပ်ရင်တော့ Windows Live Essentials ဆိုတဲ့ Separate Package ထဲကနေ Download ဆွဲယူသုံးနိုင်ပါတယ်။ အဲဒီတော့ အဆင်ပြေမယ်ဆိုရင် Vista သုံးနေသူများ Window 7 ကိုပြောင်းလဲ အသုံးပြုသင့်တယ်လို့ အကြံပြုလိုက်ပါရစေ။ အစစအရာရာ ကူညီပေးခဲ့တဲ့ ကိုဝဏ္ဏနဲ့ ကိုဇော်မျိုးအောင်ကိုလဲ အထူးပဲ ကျေးဇူးတင်ပါတယ်။

Refer : Myanmar IRC

NEW YORK--Although the official U.S. launch event is still some hours away, Microsoft's Windows 7 operating system has hit the market, going on sale in a number of countries across the globe.

Executives from Microsoft have fanned out to celebrate the launch of the company's core product upon which the rest of Redmond's empire has been built. The software giant is counting on favorable reviews and new features to help Windows rebuilt its image in the face of a disappointing response to Windows Vista. (Credit:Microsoft)

Microsoft is touting the value of Windows in the face of a resurgent Apple. As part of the launch, Microsoft is celebrating seven days of deals in a number of key markets, including the United States. Among the specials is a $1,200 package from Hewlett-Packard and Best Buy that includes a Netbook, laptop, desktop, monitor and router as well as in-home installation.

"The Best Buy offer is a home makeover," Microsoft Vice President Tami Reller told CNET News. "For the price of a Mac you have a new notebook, a new Netbook, a new desktop, and a new router to bring it together with the help of the Geek Squad."

In addition to landing on new PCs, Microsoft will also sell stand-alone versions of Windows 7 that can be used to upgrade an existing PC. Although Microsoft still offers a half-dozen different flavors of the operating system in all, Redmond is focusing its energies around two versions--the Home Premium and Professional versions.

It will sell both a full version of the operating system that can be used on any hardware as well as an upgrade version to be used on existing PCs. Although both Windows XP and Windows Vista can be upgraded to Windows 7, only Vista can be done without backing up and reinstalling both programs and data.

A huge marketing blitz will accompany the debut of Windows 7, with Microsoft continuing its "I'm a PC" campaign, by featuring average users who point to various aspects of the new operating system as representing their idea.

Microsoft plans to formalize the launch with an event here with CEO Steve Ballmer (CNET News will cover the 11 a.m. ET event live). The software maker is also opening its first retail store, in Scottsdale, Ariz., as well as a "Windows Cafe" in Paris.

Steven Sinofsky, the divisional president who has spearheaded the development of Windows 7, is presiding over the Japanese launch of the product, while designer Julie Larson-Green is at an event in London.

Microsoft employees in Redmond's Building 37 plan to remotely ring the bell to open Nasdaq trading on Thursday, while Microsoft and its computer maker partners will ring the closing bell.



(Credit: CNet)

ဒီတစ်ခေါက် မလေးနှစ်ကူး Hari Raya မှာ ကျွန်တော်တို့ ကုမ္ပဏီက တစ်ပါတ် ပိတ်မယ်ဆိုတော့ သူငယ်ချင်းဖြစ်တဲ့ စည်သူနဲ့ ဟူတန်မယ်လင်တန် (Hutan Melintang) ကို ခရီးအတူသွားကြဖို့ တိုင်ပင်ထားပါတယ်။ စည်သူက ဟာရီရာယာရက် မတိုင်မှီ ၁၉ ရက်နေ့မှာ မလေးရှားကို ၀င်မှဖြစ်မယ်လို့ ပြောပါတယ်။ သူ့ မလေးရှားဗီဇာက ၁၉ရက်နေ့ သက်တမ်း ကုန်တော့မယ်တဲ့။ ဒီတော့ ၁၉ရက်နေ့ သောကြာနေ့ ညနေပိုင်းကားနဲ့ မလေးရှားကို ၀င်လာပါတယ်။ ည ၁နာရီလောက် သူတို့ကားက Bukit Jalil မှာဂိတ်ဆုံးတာမို့ ကျွန်တော်က Bukit Jalil မှာ သွားကြိုလိုက်ပါတယ်။ စနေနေ့ကတော့ ထုံးစံအတိုင်း ရုံးကနေ့တစ်ဝက် တက်ရသေးတယ်။ အလုပ်ကိစ္စပြီးမှ Simpang Empat ကိုသွားမယ့် ကားလက်မှတ်ကို Pudu Raya မှာ သွားဝယ်ဖြစ်ပါတယ်။ ကားလက်မှတ်က Kuala Lumpur ကနေ Simpang Empat ကို တစ်ယောက် မလေးငွေ RM 13.20 ကျပါတယ်။ အဲဒီ့နေ့ကတော့ ဝေဖြိုးကို တရုတ်တန်းနဲ့ Kota Raya ကုန်တိုက် လိုက်ပို့ပြီး အိမ်ပဲ ပြန်လာခဲ့ကြပါတယ်။ နောက်တစ်နေ့ 20.9.2009 ရက်နေ့မှာ နံနက်စောစောထပြီး ရုံးကအစ်မကို သွားခေါ်ရပါသေးတယ်။ သူ့အိမ်မှာပဲကားထားခဲ့ပြီး Pudu Raya ကားဂိတ်ကို Taxiငှားပြီး ထွက်လာခဲ့ကြပါတယ်။ ကားက၉နာရီမှာထွက်မှာမို့ နံနက်စာကို ကားဂိတ်မှာပဲ စားလိုက်ကြပါတယ်။ ကားစထွက်တော့ ၉နာရီ ၁၅မိနစ် ရှိနေပါပြီ။ လမ်းတလျှောက်မှာတော့ စည်သူက တွေ့သမျှကို ဓါတ်ပုံလိုက်ရိုက်ပါတယ်။ လမ်းဘေးတလျှောက် ပတ်ဝန်းကျင် ရှုခင်းတွေက အရမ်းပဲလှပပါတယ်။ များသောအားဖြင့်ကတော့ ဆီအုန်းပင်တွေကို တွေ့နေရတာပါ။ ဒါပေမယ့် ဆီအုန်းပင်တွေက စိုက်ခါစဆိုတော့ တောင်တွေကိုပတ်ပြီး ဖောက်ထားတဲ့ လမ်းတွေကို ကားပေါ်ကနေ အတိုင်းသား မြင်နေရတာပါ များသောအားဖြင့် ဆီအုန်းပင် အကြီးတွေသာ တွေ့နေကျဆိုတော့ တညီတညာ စိုက်ပြီးခါစ အပင်ပေါက်လေးတွေကို တောင်ကတုံးပေါ်မှာ အစီအရီတွေ့နေရတာ တမျိုးအမြင် ထူးနေပါတယ်။ တစ်နေရာမှာတော့ လမ်းဘေးတစ်လျှောက်မှာ စပါးစိုက်ခင်းတွေ တွေ့ရပါတယ် မလေးရှားမှာ စပါးစိုက်ခင်းကို တွေ့ရတာ ပထမဦးဆုံးပဲ ဆိုပါတော့။ ဒီနေရာမှာတော့ တောင်တွေမရှိပဲ မြင်ကွင်းတဆုံး မြေပြန့်လွင်ပြင်ကြီးကို တွေ့ခဲ့ရပါတယ်။ စပါးခင်းတွေမြင်ရတော့ အမိမြန်မာပြည်ကို ပိုလို့တောင် သတိရမိပါတယ်။ အထူးသဖြင့် ရန်ကုန်ကနေပြီး မအူပင်ကို သွားတဲ့လမ်းကို သွားသတိရမိပါတယ်။
ဆီအုန်းစိုက်ခင်းများ
လမ်းဘေးတလျှောက်ရှိ စပါးခင်းများ
ဟူတန်မယ်လင်တန် (Hutan Melintang)
ဒီလိုနဲ့ ၁၂ နာရီခွဲလောက်မှာ Teluk Intan ကားဂိတ်ကို ကိုရောက်လာပါတယ်။ ဖြစ်ချင်တော့ ကျွန်တော်တို့က Simpang Empat ကို ကျော်လာခဲ့တာပါ။ အမှန်က Simpang Empat မှာဆင်းရမှာပါ။ အဲဒီ့ကနေပဲ စင်ပန်း အန်ပတ် ကို ပြန်ပြီး Taxi ငှားပြီး လာခဲ့ပါတယ်။ Taxi ခက RM 35 ပေးလိုက်ရပါတယ်။ စင်ပန်းအန်ပါတ် ရောက်တော့ အသိမိတ်ဆွေဖြစ်တဲ့ ကိုအောင်ငွေက စောင့်ကြိုနေပါတယ်။ ကိုအောင်ငွေရဲ့ အိမ်ကို စ၀င်ဝင်ချင်းမှာပဲ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ရုပ်ပွားတော်ကို သပ္ပါယ်စွာနဲ့ ဖူးတွေ့လိုက်ရပါတယ်။ မြန်မာလူမျိုးတို့ရဲ့ ဘာသာရေး ကိုင်းရှိုင်းမှုဟာ ဘယ်လိုနေရာမှာဖြစ်ဖြစ် မမှေးမှိန် မပျောက်ကွယ်တာကို ဂုဏ်ယူမိပါတယ်။ ဒါ့အပြင် ကိုအောင်ငွေက ဦးစီးပြီး သူ့အိမ်မှာ Hutan Melintang ကိုရောက်ရှိလာတဲ့ ရဟန်းသံင်္ဃာတော်တွေ အတွက် ရေလုပ်သားတွေရဲ့ စုပေါင်းအလှုငွေကို တစ်နေ့ RM 1 ကျ အလှူငွေ ထည့်ဝင် စုဆောင်းထားပြီး ခရီးစားရိတ်၊ ကထိန်ပွဲ၊ ၀ါဆိုသင်္ဃန်းကပ်လှူပွဲတွေကို ဒီအလှူငွေထဲကနေပြီး အလှူဒါန ပြုလုပ်လေ့ရှိတယ်ဆိုတာ သိရပါတယ်။ ကျွန်တော်တို့ သူငယ်ချင်းသုံးယောက်သားလဲ တစ်ဦးကို RM 50 စီ ပုလောမြို့နယ်မှာ ကျင်းပမယ့် ကထိန်ပွဲအတွက် အလှူငွေထည့်ဝင်လိုက်ကြပါတယ်။ ဒီလိုနဲ့ ခဏလောက် နားပြီး နေ့လည်စာကို ပင်လယ်စာနဲ့ ဧည့်ခံပါတယ်။ ဟင်းချက်စရာတွေကို တရုတ်ဆိုင်တစ်ဆိုင်ကို ပို့ပေးထားပြီး ချက်ခိုင်းစေတာလို့ ဆိုပါတယ်။ တရုတ် စားသောက်ဆိုင်ကလဲ ဆိုင်ပိတ်ခါနီးမှာ မှာထားတဲ့ ဟင်းတွေကို ကောင်းစွာချက်ပေးထားပါတယ်။ ဟင်းတွေကတော့ ရှယ်ပါပဲ။ အများစုက ကျွန်တော်နဲ့ သူငယ်ချင်းစည်သူ့အကြိုက် ပင်လယ်စာတွေပါ။ နေ့လည်စာကို ဗိုက်ဆာဆာနဲ့ အများကြီး စားဖြစ်လိုက်တယ်။ စားပြီးသောက်ပြီးတော့ ခဏနားပြီး ကိုအောင်ငွေက ရေလုပ်ငန်း အတွေ့အကြုံတွေကို ပြောပြပါတယ်။ ဟူတန်မယ်လင်တန် မှာရှိတဲ့ မြန်မာ ရေလုပ်သားတွေရဲ့ဘ၀အကြောင်း။ Overstay သမားတွေကို Immigration က၀င်ဖမ်းတဲ့အကြောင်းတွေ ပြောပြပါတယ်။ Over Stay သမားတွေအတွက် အဖမ်းမခံရအောင် မလေးရှား ရင်းဂစ် RM3000 လောက် အမြဲဆောင်ထားရကြောင်းနဲ့ ပတ်စ်ပို့အစစ် ကိုင်ဆောင်ထားပေမယ့် Hutan Melintang မှာက ထိုင်းပတ်စ်ပို့ကို ကိုင်ဆောင်မှသာ စက်လှေနဲ့ ပင်လယ်ကို ထွက်လို့ရတယ်လို့ ပြောပြပါတယ်။ မလေးရှား လူဝင်မှုကြီးကြပ်ရေးက ၀င်စစ်တဲ့အခါ ထိုင်းလူမျိုး စကားပြန်တစ်ဦး လိုက်ပါလာပြီး ထိုင်းဟုတ်မဟုတ် စစ်ဆေးတယ်လို့သိရပါတယ်။ တကယ်လို့ အလိမ်ပေါ်ရင်တော့ အဖမ်းခံရပြီပေါ့။ ရေလုပ်ငန်း ကျွမ်းကျင်တာချင်းဆို မြန်မာတွေကတောင် သာပါဦးမယ်။ မြန်မာရယ်လို့ ထင်ပေါ်စွာ မနေရဲတဲ့အဖြစ်ကို ရောက်မှန်းမသိ ရောက်နေရတဲ့ အဖြစ်ကို စိတ်မကောင်း ဖြစ်မိပါတယ်။ လူဝင်မှုကြီးကြပ်ရေးကလွဲလို့ တော်ရုံရဲတွေကတော့ သိပ်မှုစရာမလိုပါဘူး။ မလေးရှားမှာလဲ အရာရာကို ငွေနဲ့ဖြေရှင်းလို့ရတာတွေ အများကြီးရှိနေပါသေးတယ်။ ဟူတန်မယ်လင်တန်မှာ ရေလုပ်သား အများစုက မြန်မာလူမျိုးတွေဖြစ်တဲ့ ဘိတ်၊ ထားဝယ်၊ မွန်လူမျုးတွေနဲ့ ရခိုင်လူမျိုးတွေသာ အများစု အလုပ်လုပ်ကိုင် နေကြတာပါ။ ဟူတန်မယ်လင်တန် မြို့ငယ်ဟာလည်း မလေးလို Sungai Bemama လို့ခေါ်တဲ့ အရှေ့တောင်ကနေ အနောက်မြောက်ဘက်ကို စီးဆင်းနေတဲ့ ဘီမားမား (Bemama) မြစ် တစ်လျှောက်မှာ တည်ထားပြီး ကမ်းခြေ တစ်လျှောက်မှာတော့ ငါးလုပ်ငန်း စက်ရုံတွေနဲ့ တံငါရွာလေး တစ်ရွာလိုပါပဲ။ Bemama မြစ်ကနေပြီးတော့ ပင်လယ်ဝကိုတော့ တစ်နာရီခွဲလောက် မောင်းရပါတယ်။ စက်ရုံတွေမှာတော့ မြန်မာအများစု၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှား လူမျိုးတချို့တွေ့ရပါတယ်။
လျှောက်လည်ကြမယ် ပျော်ပျော်ကြီး :P
Hutan Melintang မှပင်လယ်စာများ (ပုဇွန်ကြော်)
Hutan Melintang မှပင်လယ်စာများ (ငါးပေါင်းဟင်းလျှာ)
ညနေ ၃ နာရီလောက်မှာ အနီးအနားက ကမ်းခြေတစ်ခုကို လိုက်ပို့ပေးမယ်လို့ ပြောပါတယ်။ မနက်ဖြန်မှ Pangkor ကျွန်းကို လိုက်ပို့ပေးမယ်ဆိုပြီး အစီအစဉ်ဆွဲထားတာပါ။ Pangkor ကျွန်းကတော့ မလေးရှားမှာ လန်ကာဝီကျွန်းပြီးရင် ဒုတိယအကောင်းဆုံးလို့ ပြောလို့ရပါတယ်။ ဒီကျွန်းပေါ်မှာပဲ မလေးရှားရေတပ် ရှိတယ်လို့ ပြောပါတယ်။ အဲဒီ့ကျွန်းကိုတော့ မနက်ဖြန်မှပဲသွားဖို့ စီစဉ်ထားတာပါ။ အခုလောလောဆယ်တော့ အနီးနားက Kampung Tebok Seri Tanjung ကမ်းခြေဘက်ကို သွားကြပါတယ်။ အရင်ဆုံး အဲဒီ့ကမ်းခြေကို သွားဖို့အတွက် Bemama မြစ်တစ်ဖက်ကမ်းဖြစ်တဲ့ Sungai Ayer Tawer ဘက်ကို ဇက်နဲ့ကူးရပါတယ်။ Sungai Ayer Tawer ကတော့ မလေးအခေါ်အဝေါ်ဖြစ်ပြီး Fresh Water လို့ အဓိပ္ပါယ်ရပါတယ်။ တစ်ဖက်ကမ်းကို ကူးတဲ့ ဇက်ကတော့ သိပ်မကြီးလှပါဘူး။ တစ်ဖက်ကမ်းကို ကားလမ်းနဲ့ ပုံမှန်သွားမယ်ဆိုရင် Telok Kerdu ကနေပြီး တစ်ပါတ်ကြီး သွားရတာမို့ ဒီဇက်ဆိပ်ကိုပဲ အဓိကအသုံးပြုနေကြတာ ဖြစ်ပါတယ်။ တစ်ဖက်ကမ်းကို ရောက်တော့ အရင်ဆုံး ကြိုဆိုနေကြတာက ဆိပ်ကမ်းနားမှာ နေနေကြတဲ့ မျောက်တစ်အုပ်ပါ။ ရီးသွားတွေက မျောက်တွေကို အစာကျွေးကြပါတယ်။ ကျွန်တော်တို့ကတော့ ပြန်လာမှပဲ အစာကျွေးမယ်ဆိုပြီး အသင့်စောင့်နေတဲ့ ကားနဲ့ ဆက်ထွက်လာခဲ့ပါတယ်။ လမ်းဘေး တလျှောက်ကတော့ မမြင်ချင်မှအဆုံး ဆီအုန်းပင်တွေပေါ့ဗျာ။ ၁၅ မနစ်လောက် မောင်းပြီးတော့ ကမ်းခြေဘက်ကို ရောက်လာခဲ့ပါတယ်။ ကားကတော့ ၅နာရီလောက်မှ ပြန်လာကြိုမယ်ဆိုပြီး ပြန်ထွက်သွားပါတယ်။ ဒီ Kampung Tebok Seri Tanjung ကမ်းခြေမှာက ရေကူးလို့မရပါဘူး။ ကမ်းခြေဘက်မှာ သဲသောင်ပြင်မရှိပဲ ကျောက်တုံးတွေနဲ့မို့ အပန်းဖြေ အနားယူရုံ သက်သက်ပါပဲ။ ကမ်းခြေကနေ မျှော်ကြည့်လိုက်ရင် ပင်လယ်ပြင်ကြီးကို မျက်စိတဆုံး မြင်တွေ့နေရပါတယ်။ လေကောင်း လေသန့် ရှူရှိုက်ရင်း ကမ်းခြေမှ ဓါတ်ပုံတွေ အတော်တော်များများ ရိုက်ဖြစ်ခဲ့ပါတယ်။ ကမ်းခြေမှာတော့ စွန်လွှတ်တဲ့သူတွေ၊ အပန်းဖြေလာတဲ့သူတွေကို အတော်အတန် တွေ့ရပါတယ်။
သူငယ်ချင်း စည်သူနှင့် ဇက်ဆိပ်တွင် အမှတ်တရ
Tebok Seri Tanjung ကမ်းခြေရှုခင်းတစ်ခု
Tebok Seri Tanjung ကမ်းခြေ ဆည်းဆာအလှ
အဲဒီ့မှာ ညနေ ၅နာရီ ကျော်ကျော်လောက်အထိ နေပြီးမှ လာကြိုတဲ့ ကားရောက်လာလို့ အားလုံး ဇက်ဆိပ်ဘက်ကို ပြန်လာခဲ့ကြပါတယ်။ စည်သူကတော့ ကားရှေ့ခန်းမှာ ကားဒရိုက်ဘာ တရုတ်လူမျိုးနဲ့ စကားဖောင်ဖွဲ့နေပါတယ်။ အပြန်လမ်းတစ်ဝက်မှာ ကား Accidence ဖြစ်နေတာလို့ ရဲတွေ မီးသတ်သမားတွေနဲ့ ရှုပ်နေပါသေးတယ်။ ကားပေါ်ကနေကြည့်လိုက်တော့ မလေးရှားထုတ် Proton Saga အမျိုးအစား ကားအဖြူရောင် ကားလေးတစ်စီး လမ်းဘေးထိုးကျနေတာ တွေ့ခဲ့ရပါတယ်။ မလေးရှားက လမ်းတွေက ကောင်းတော့ ကားမောင်းသူတွေကလဲ အမြန်မောင်းကြတာများပါတယ်။ အဲဒါကြောင့်လဲ မကြာခဏ မတော်တဆ ယဉ်တိုက်မှုတွေ တွေ့နေရပါတယ်။ ဇက်ဆိပ်ကို ပြန်ရောက်တော့ ကိုအောင်ငွေက ဆိုင်ကယ်နဲ့ မျောက်စာ ၀င်ဝယ်နေလို့ ခဏစောင့်နေကြပါတယ်။ တစ်ဖက်ကမ်းက ဇက်ကလဲ မရောက်သေးတာမို့ မျောက်စာ ကျွေးဖို့အတွက် စောင့်ဆိုင်းနေကြတာပါ။ ခဏကြာတော့ ကိုအောင်ငွေက မုန့်ထုပ်တွေနဲ့ ရောက်လာပါတယ်။ မုန့်ထုပ် တချို့ကို အတူလာတဲ့ အစ်မဆီကို ပေးလိုက်တဲ့အခါမှာတော့ တောထဲက မျောက်အုပ်က အပြင်ကို ပြေးထွက်လာပါတော့တယ်။ အဲဒီ့ထဲကမှ မျောက်တစ်ကောင်က မုန့်ထုပ်တွေ ၀င်လုလို့ အစ်မလဲ ကြောက်လန့်ပြီး မုန့်ထုပ်တွေ လွှတ်ချလိုက်လို့ မျောက်တွေက ဆွဲပြေးသွားပါတယ်။ အနီးနားက အန္ဒိယ လူမျိုးတစ်ဦးက ၀င်ချောက်လှန့်တော့မှ မုန့်ထုပ်တွေ လွှတ်ချပြီး ပြေးပါတော့တယ်။ ဒီတော့မှ အေးအေးဆေးဆေး မုန့်ထုပ်တွေ ဖောက်ပြီး မျောက်စာကျွေးဖြစ်ပါတယ်။ အလွန်လောဘကြီးတဲ့ မျေက်တွေတွေ့သလိုပဲ ကြီးနိုင်ငယ်ညှဉ်း အကျင့်ရှိတဲ့ မျောက်တချို့လဲ တွေ့ရပါတယ်။ တချို့မျောက်တွေကတော့ လက်ထဲမှာ မုန့်နှစ်ခုလောက်ရတာနဲ့ ချောင်တစ်ခုမှာ အေးရာအေးကြောင်း သွားစားနေကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်အခုလို တရိစ္ဆာန် လေးတွေကို အစာကျွေးမွေးရတာ စိတ်ထဲမှာပီတိဖြစ်မိတာ အမှန်ပါ။ မျောက်စာ ကျွေးပြီးတဲ့နောက်မှာတော့ တစ်ဖက်ကမ်းက ဇက်ရောက်လာတာနဲ့ တစ်ဖက်ကမ်းကို ပြန်လာခဲ့ကြပါတယ်။ ဇက်မထွက်ခင် ဘီမားမား (Bemama) မြစ်ရဲ့ နေ၀င်ဆည်းဆာအလှကို ဓါတ်ပုံရိုက်ယူနိုင်ခဲ့ပါတယ်။ ညဘက် ၇ နာရီလောက်မှာတော့ အနီးနားက မြန်မာဆိုင်တစ်ဆိုင်မှာ ညစာသွားစားကြပါတယ်။ ဟင်းတွေကတော့ ကျွန်တော်တို့အကြိုက် ပင်လယ်စာပါပဲ။ အဲဒီ့ဆိုင်မှာ စားရတာကတော့ တကယ်ပဲမြန်မာပြည်က စားသောက်ဆိုင်တစ်ဆိုင်မှာ စားသောက်ရသလိုပါပဲ။ ငါးပေါင်းဟင်းရယ်။ ပုဇွန်ထုပ်ကြော်၊ ကြက်သားဟင်းအစပ်ချက်၊ ကျောက်ပုဇွန်ဟင်းချိုနဲ့ ငါးပိရည် တို့စရာရယ်ပါ။ စားပြီးသောက်ပြီးတော့ အိမ်ကိုပဲ ပြန်လာကြပြီး စောစောအနားယူလိုက်ကြပါတယ်။
အစာတောင်းနေသော မျောက်ကလေးများမျောက်စာကျွေးနေသော စည်သူ (သူ့ကိုကြောက်ပြီး မျောက်တွေ ပြေးကုန်ပါတယ် :P)
ဘီမားမား (Bemama) မြစ်၏ နေ၀င်ဆည်းဆာအလှ
နောက်တစ်နေ့ 21.9.2009 ရက်နေ့ နံနက်ပိုင်းမှာတော့ Pangkor ကျွန်းကို သွားဖို့အတွက် ပြင်ဆင်ကြပါတယ်။ စည်သူနဲ့ ဝေဖြိုးကလဲ ဒီနေ့မှာ ရုံးပြန်တက်ရမှာမို့ ပြန်မလာနိုင်တဲ့အကြောင်း ခွင့်တစ်ရက် ထပ်တင်လိုက်ကြ ပါတယ်။ နံနက်ပိုင်း မြန်မာဆိုင်တစ်ဆိုင်မှာ နံနက်စာသွားစားကြပါတယ်။ နံနက်စာစားရင်း ဆိုင်မှာ စည်သူနဲ့ ရုံးက အစ်မက စကားနိုင်လုနေကြသေးလို့ ဝေဖြိုးနဲ့ ကျွန်တော်နှစ်ယောက်သား ရီနေရပါသေးတယ်။ နံနက်စာ စားပြီး အိမ်ကိုပဲပြန်လာကာ Pangkor ကျွန်း ဇက်ဆိပ်ကို လိုက်ပို့ပေးမယ့် ကားစောင့်နေကြပါတယ်။ ဖြစ်ချင်တော့ အဲဒီ့နေ့မှာ ကားက ဘယ်လိုမှ ငှားလို့မရဘူး ဖြစ်နေပါတယ်။ နံနက် ၁၀ နာရီထိုးအထိ အဆင်မပြေ ဖြစ်နေတာနဲ့။ ကိုအောင်ငွေအိမ်က အစ်ကိုတစ်ယောက်က စက်လှေတွေကို လိုက်ပြီးလေ့လာဖို့ ဖိတ်ခေါ်တာနဲ့ ကျွန်တော်ရယ် စည်သူရယ် နှစ်ယောက်သား သူ့ဆိုင်ကယ်နဲ့ လိုက်သွားပါတယ်။ စက်ရုံရောက်တော့ ပင်လယ်က ပြန်ဝင်လာတဲ့ စက်လှေတွေ မကပ်သေးတာနဲ့ စက်ရုံ အတွင်းပိုင်း ထဲပဲ လိုက်လေ့လာဖြစ်ပါတယ်။ ငါးကြိတ်တဲ့ စက်တွေနဲ့ အအေးခန်းတွေနဲ့၊ ငါးရွေးတဲ့နေရာတွေကို လိုက်လေ့လာဖြစ်ပါတယ်။ ငါးစာအတွက် ဖွဲတွေကိုတော့ စက်ရုံတွင်းမှာပဲ ပုံထားတာ တွေ့ခဲ့ရပါတယ်။ စည်သူက ငါးရွေးတာ ကြည့်ချင်တယ်ဆိုတာနဲ့ အဲဒီ့အစ်ကိုကပဲ သူ့အသိ စက်ရုံကို ခေါ်သွားပါတယ်။ ဟိုရောက်တော့ စက်လှေကပ်ခါစမို့ ငါးတွေကို စက်လှေဝမ်းဗိုက်ထဲကနေပြီြး ခြင်းတောင်းထဲထည့်ကာ ကမ်းပေါ်ကနေ ကရိန်းနဲ့ဆွဲတင်ပါတယ်။ အဲဒီ့နောက် ငါးရွေးတဲ့ အဖွဲက ခြင်းထဲက ငါးတွေကို ဗန်းထဲထည့်ပြီး သူ့အမျိုးအစားအလိုက် တောင်းတွေထဲ ခွဲထည့်ပါတယ်။ အောက်မှာတော့ ပင်လယ်ရေခူတွေကို ဒီအတိုင်းပစ်ထားပြီး ရေခူများများရမှ ရောင်းလို့အဆင်ပြေပြီး အနဲအကျဉ်းကိုတော့ ဒီအတိုင်းပဲ ပစ်ထားတယ်လို့ ပြောပါတယ်။ တချို့ ပင်လယ်ဂဏန်းတွေလဲ ဒိလိုပါပဲ။ ရေခူတချို့ထဲမှာတော့ ငါးအသေတွေတွေ့လို့ မေးကြည့်တော့ ရေခူကငါးအုပ်ထဲဝင်ပြီး စားထားတာပါတဲ့။ ရေခူက ဂျယ်လီတုံးကြီးလိုပဲ ဆိုတော့ ကျွန်တော်တို့နှစ်ယောက်လဲ ကိုင်ကြည့်ချင်တာနဲ့ ယားမယား မေးကြည့်တော့ ဒီကောင်က သေသွားတဲ့အခါမှာတော့ မယားတော့ဘူးတဲ့။ တစ်ချို့ နီညိုရောင် အကောင်တွေကတော့ ယားတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့နှစ်ယောက်သား အဲဒီ့မှာ ဓါတ်ပုံတွေရိုက်ပြီးတော့ ကိုအောင်ငွေတို့ ကမ်းခြေသွားဖို့ စောင့်နေကြမှာစိုးတာနဲ့ ပြန်လာခဲ့ကြပါတော့တယ်။
စက်ရုံအတွင်းသို့ သွားရောက်လေ့လာစဉ်
စက်လှေပေါ်မှငါးများကို သယ်ဆောင်နေစဉ်ဖမ်းမိလာသောငါးများအား အမျိုးအစားအလိုက် ပြန်လည်ရွေးထုတ်စဉ်
အိမ်ပြန်ရောက်တော့ အခုချိန်အထိ ကားက ငှားလို့အဆင်မပြေဘူး ဖြစ်နေတယ်လေ။ ကိုအောင်ငွေလဲ ဆိုင်ကယ်တစ်စီးနဲ့ ဟိုပြေးဒီပြေး ကားလိုက်ငှားနေရတာ တစ်စီးမှ အဆင်မပြေဖြစ်နေပါတယ်။ သူလဲ အချိန် နောက်ကျနေမှာစိုးလို့ အသည်းအသန် ကားလိုက်ငှားနေရှာတာပါ။ ဒါပေမယ့်လဲ ဒိနေ့တစ်နေ့လုံး ကားတစ်စီးမှ ငှားလို့အဆင်မပြေခဲ့ပါဘူး။ ညနေမှကားရရင်လဲ ရောက်ပြီးပြန်လာရုံသာ ဖြစ်နေမှာမို့ လက်လျှော့ လိုက်ပါတော့တယ်။ ကိုအောင်ငွေလဲ ကျွန်တော်တို့ကို အလွန်ပဲ အားနာနေပါတယ်။ စည်သူတို့ ခွင့်ယူထားပြီးမှ အစီအစဉ်ပျက်သွားလို့ အလွန်အားနာနေတာဖြစ်မှာပါ။ ကျွန်တော်တို့လဲ စိတ်မကောင်းမဖြစ်ဖို့ နောက်ထပ် အားလပ်ရက်တွေမှာ ထပ်လာခဲ့မယ့်အကြောင်း ပြောပြရပါတယ်။ အဲဒီ့နေ့ကတော့ စည်သူက ၂၂ ရက်နေ့အတွက် လေယာဉ်လက်မှတ် အွန်လိုင်းကနေ Booking သွားတင်ပါတယ်။ ကိုအောင်ငွေကတော့ မနက်ဖြန်ကို မဖြစ်ဖြစ်အောင် လိုက်ပို့ပေးမယ့်အကြောာင်း တဖွဖွပြောရှာပါတယ်။ ဒါပေမယ့်လဲ စည်သူတို့က ခွင့် နောက်ထပ်ယူလို့ မကောင်းတော့တာကြောင့် နောက်တစ်ကြိမ်မှ ထပ်လာခဲ့မယ်ဆိုပြီး နှစ်သိမ့်လိုက်ရပါတယ်။ ဘယ်မှ မသွားဖြစ်တာကြောင့် တစ်နေ့ခင်းလုံး ကိုအောင်ငွေတို့ရဲ့ ပုလောဇာတိဖွား လက်ဝှေ့ကျော် ၂၀၀၇ နဲ့ ၂၀၀၈ ချန်ပီယံ တွေ့မရှောင်ရဲ့ ပွဲတွေကို ကြည့်ဖြစ်လိုက်ပါတယ်။ လက်ဝှေ့ပွဲမတွေ မကြည့်ရတာ ကြာပြီဆိုတော့ ဒီလက်ဝှေ့ကျော်ရဲ့ပွဲကို စိတ်ဝင်တစား ကြည့်ဖြစ်လိုက်ပါတယ်။ ဒီလက်ဝှေ့ကျော်ကတော့ အရင် ချန်ပီယံတွေနဲ့ မတူပဲ အတော်လေးအကြမ်းခံနိုင်ပြီး လက်ဝှေ့ပညာ အတော်လေးကောင်းတာ သတိထားမိပါတယ်။ အထူးသဖြင့် မြန်မာ့ လက်ဝှေ့ကျော် တွေ့မရှောင်နဲ့ မွေထိုင်းချန်ပီယံ ပါဝီတို့ရဲ့ပွဲကို အထူးပဲ သဘောကျမိပါတယ်။ ပါဝီကို နှစ်ချီမြောက်မှာပဲ ခေါင်းတိုက်ချက်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့ တိုက်စစ်ဆန်တဲ့ တရစပ်ထိုးသတ်မှုတွေက ပွဲကြည့်ပုရိသတ်ကို အထူးဆွဲဆောင်မှု ရှိတာတွေ့ရပါတယ်။ မနက်ဖြန်နံနက် ၉နာရီခွဲကားနဲ့ ကွာလာလမ်ပူကို ပြန်ကြတော့မှာမို့ ကိုမြင့်အေးက ကားလက်မှက်ကို သွားဝယ်ပေးထားပါတယ်။ ဒီနေ့ညစာကိုတော့ ရုံးကအစ်မ လက်ရာဖြစ်တဲ့ လက်ဖက်သုပ်နဲ့ ပုဇွန်သုပ်၊ ကင်းမွန်သုပ်၊ ကြက်သားသုပ်၊ ဘိတ်ငါးပိသုတ်၊ ပုဇွန်ကြော်၊ ပင်လယ်ငါးချက်၊ ၀က်သားဟင်းတို့နဲ့ စားလို့မြိန်ခဲ့ပါတယ်။
ပင်လယ်မှ ပြန်ဝင်လာသော စက်လှေများမခိုင်၊ ဝေဖြိုးနှင့် ကိုအောင်ငွေတို့ အမှတ်တရ
ငါးဖမ်းဆိပ်ကမ်းမှ မြင်ရသော နေ၀င်ဆည်းဆာအလှ
ဒီလိုနဲ့ ၂၂ရက်နေ့ နံနက်ပိုင်းမှာတော့ နံနက်စာစားပြီး ကားဂိတ်ကို ကိုအောင်ငွေနဲ့ မြန်မာ အိန္ဒိယလူမျိုးတစ်ဦးက ကားနဲ့လိုက်ပို့ပေးပါတယ်။ သူ့ကို မြန်မာနိုင်ငံကနေ ရောက်တာကြာပြီလားဆိုပြီး ဝေဖြိုးကမေးကြည့်တော့ မြန်မာနိုင်ငံကိုတောင် မမြင်ဖူးဘူးတဲ့။ မလေးရှားမှာပဲ ကြီးပြင်းလာတာလို့ ပြောပါတယ်။ ရုံးကအစ်မကတော့ မနက်ဖြန်မှာ Pangkor ကျွန်းကိုသွားမှာမို့ နေခဲ့ပါတယ်။ ကျွန်တော်ရယ်၊ စည်သူရယ် ဝေဖြိုးတို့ သုံးယောက်သားပဲ ကွာလာလမ်ပူကို ပြန်လာခဲ့ကြပါတယ်။ နေ့လည် ၁၂နာရီခွဲလောက်မှာတော့ ကွာလာလမ်ပူရှိ ပူဒူးရာယာ ကားဂိတ်ကို ပြန်ရောက်ခဲ့ပါတော့တယ်။ ဒီခရီးလေးကို သွားဖြစ်ခဲ့တာ အလွန်ပဲ တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေ ရခဲ့ပါတယ်။ ဟူတန်မယ်လင်တန်မှာရှိတဲ့ မြန်မာတွေဟာ စည်းလုံးကြတာကို တွေ့ခဲ့ရပါတယ်။ မြန်မာပြည်က ရွာလေးတစ်ရွာကို ရောက်နေတဲ့အတိုင်းပဲ ခံစားခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ ဖခင်ကြီး ကိုယ်တိုင်ကလဲ ပင်လယ်ရေလုပ်သားတစ်ဦး ဖြစ်ခဲ့လို့ ပင်လယ်အကြောင်း ငါးဖမ်းလုပ်ငန်းအကြောင်း ကြားဖူးနားဝ ရှိခဲ့ပေမယ့် ယခုလို လက်တွေ့ လေ့လာခွင့်ကတော့ ပထမဦးဆုံး အကြိမ်လို့ ဆိုနိုင်ပါတယ်။ လက်တွေ့ သွားရောက် လေ့လာကြည့်မှပဲ ပင်လယ်ရေလုပ်သားတွေရဲ့ ဘ၀ ကြမ်းတမ်းခက်ထန်တယ်ဆိုတာ သိရှိနားလည်နိုင်ခဲ့လို့ မြန်မာပြည်က ဖခင်ကျွန်တော်တို့ အပေါ် အလွန်ပဲပင်ပန်းစွာ ရှာဖွေကျွေးမွေးခဲ့မှုတွေကို ပြန်လည် အမှတ်ရခဲ့ပြီး ဖခင်ရဲ့ ဂုဏ်ကျေးဇူးကို အထူးပဲ သိရှိနားလည်နိုင်ခဲ့လို့ ဒီခရီးစဉ်ဟာ အလွန်ပဲ အကျိုးရှိခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုအောင်ငွေနဲ့ ကိုမြင့်အေးတို့ရဲ့ ဧည့်ဝတ်ကျေပွန်မှု တွေကိုလဲ အထူးပဲ ကျေးဇူးတင်မိပါတယ်။ ပင်လယ်စာတွေလဲ တ၀ကြီးစားခဲ့ရတာမို့ ပင်လယ်စာကြိုက်တဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေအတွက် အမြဲတမ်း အမှတ်ရနေမှာဖြစ်ပါတယ်။

Genting Highlands ကိုတော့ မလေးရှားကို ရောက်ဖူးသူတိုင်း အတော်များများသိကြမှာပါ။ မလေးရှားကို ရောက်တဲ့သူတိုင်း Genting Highlands ကို သွားလည်ကြတာ များပါတယ်။ Genting Highlands ကတော့ ပင်လယ်ရေမျက်နှာပြင် 1850m အထက်မှာရှိပြီး မလေးရှားနိုင်ငံရဲ့ နာမည်ကျော် တောင်ပေါ် Casino ကစားဝိုင်းတွေနဲ့ စည်ကားနေတဲ့ နေရာတစ်ခုလဲ ဖြစ်ပါတယ်။ ကာစီနို ကစားဝိုင်းတွေအပြင် ကစားကွင်းတွေ၊ ရှော့ပင်း စင်တာတွေနဲ့ စည်ကားလှတဲ့ နေရာဖြစ်ပါတယ်။ တောင်ပေါ်မှာတော့ အေးမြတဲ့ ရာသီဥတုနဲ့ လှပတဲ့ တောင်ပေါ်ရှုခင်းတွေကို ခံစားနိုင်ပါတယ်။ မလေလေးရှား ပြည်နယ်ကြီး နှစ်ခုဖြစ်တဲ့ Pahang ပြည်နယ်နဲ့ Selangor ပြည်နယ်နှစ်ခု ကြားမှာ တည်ရှိပြီး ကွာလာလမ်ပူ မြို့နဲ့လဲ သိပ်မဝေးတာကြောင့် တစ်ရက်လေက် အချိန်ပေးရင်ဖြင့် နေရာ အတော်စုံစုံကို လည်ပတ်နိုင်ပါတယ်။ ကွာလာလမ်ပူမြို့ကနေပြီး ကားနဲ့သွားရင် ၁နာရီလောက် ပဲကြာပါတယ်။ Genting Highlands ကို Bus နဲ့သွားချင်ရင်တော့ ကွာလာလမ်ပူမှာရှိတဲ့ Highway ကားဂိတ်နှစ်ခုဖြစ်တဲ့ PuduRaya Bus Station နဲ့ Titiwangsa LRT Station နားမှာရှိတဲ့ Pekeliling Bus Station တောင်ခြေကိုရောက်တဲ့အခါ အရှေ့တောင် အာရှမှာ (3.38km) ခရီးအရှည်ဆုံးဖြစ်တဲ့ Genting Skyway လို့ခေါ်တဲ့ ကေဘယ်ကားနဲ့ တောင်ပေါ်ကို တက်လို့ရသလို ကားနဲ့ပဲ တောင်ပေါ်အထိ ဆက်တက်လို့လဲ ရပါတယ်။ Genting Highlands ကို LRT နဲ့သွားမယ်ဆိုရင်တော့ KL Central ကနေပြီး Gombak Station အထိ စီးရမှာပါ သတိပြုရမယ့်တစ်ချက်တော့ Gombak Station ကို Terminal Putra လို့လဲ ခေါ်ပါတယ်။ LRT ပေါ်မှာတော့။ Gombak Station က နောက်ဆုံး Terminal ဖြစ်တဲ့အတွက် လမ်းမှာ မှားဆင်းစရာမရှိပါဘူး။ Gombak ကိုရောက်ရင်တော့ LRT Station ဘေးနားလေးမှာပဲ Genting Hilands ကိုသွားတဲ့ ဘတ်စ်ကားဂိတ် ရှိပါတယ်။ ကားလက်မှက်ကတော့ Genting Sky Way လက်မှတ် အပါအ၀င် တစ်ဦးကို မလေးရှားရင်းဂစ် RM 5 သာ ကျပါတယ်။ ညမအိပ်ပဲ နေ့ချင်းပြန်မယ်ဆိုရင်တော့ အပြန်ခရီးအတွက် လက်မှတ်ကြိုဝယ်ထားရင် ပိုသင့်လျှော်ပါတယ်။
Fun fair theme park မြင်ကွင်း
ကျွန်တော် Genting Highlands ကို ပထမအခေါက် ရောက်ခဲ့တုန်းက စင်္ကာပူက သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ စည်သူနဲ့ အရှည်ကြီးတို့ မလေးရှားကို လာလည်တုန်းကပါ။ သူတို့နှစ်ယောက်က အဲဒီ့ကို သွားချင်တယ်ဆိုတာနဲ့ ကျွန်တော်လဲ သိသလောက် Pekeliling Bus Station ကနေပဲ သွားဖို့စီစဉ်လိုက်ပါတယ်။ မနက်စောစောထပြီး ၈ နာရီလောက်မှ အိမ်ကနေ Pekeliling Bus Station ကို ကားလေးနဲ့ ထွက်လာလိုက်ပါတယ်။ ဟိုရောက်တော့ ကားလက်မှတ် ၀ယ်ပြီး အချိန် နဲနဲရှိသေးတာနဲ့ ကားဂိတ်နားက မလေးဆိုင်တစ်ဆိုင်မှာပဲ နံနက်စာ စားလိုက်ကြပါတယ်။ Genting ကိုသွားမယ့် ဘတ်စ်ကားက နံနက် ၉ နာရီခွဲလောက်မှ စထွက်ပါတယ်။ Pekeliling ကကားတွေကတော့ ရိုးရိုးဘတ်စ်ကားတွေ အဆင့်လောက်ပဲ ရှိတာမို့ စီးလို့သိပ် မကောင်းပါဘူး။ ကားပေါ်မှာတော့ လူငယ်တွေ သိပ်မတွေ့ရပဲ အသက်ကြီးကြီး တရုတ်လူမျိုးတွေပဲ တွေ့ရပါတယ် (နောက်မှသိရတာက Genting Casino မှာ လာကစားတဲ့သူတွေက အသက်အရွယ်ကြီးတွေသာ များပါတယ်)။ ကားက Batu Cave ကနေပြီး Kuantan ကိုသွားတဲ့ Highway လမ်းအတိုင်း မောင်းသွားရင်း လမ်းမှာ Toll Gate တစ်ခုကို ဖြတ်ပြီးနောက် Genting Highlands ကိုသွားတဲ့ တောင်ပေါ်လမ်းအတိုင်း မောင်းလာပါတယ်။ လမ်းဘေး တစ်လျှောက် လှပတဲ့ တောင်ပေါ်ရှုခင်းတွေ ငေးမောကြည့်ရင် သူငယ်ချင်းတွေ စကားတပြောပြောနဲ့ လိုက်ပါလာခဲ့ပါတယ်။ ကျွန်တော်တို့ စီးလာတဲ့ကားက တောင်ပေါ်အထိ ရောက်တဲ့ကား ဖြစ်နေပါတယ်။ တောင်ပေါ် ရောက်တဲ့အခါမှာတော့ ၁၁နာရီလောက်ရှိနေပါပြီ။
First World Hotel
ကားက Genting အ၀င် မုဒ်ဦးဝမှာ ရပ်ပေးပါတယ်။ ကားပေါ်က ဆင်းဆင်းချင်းပဲ အေးမြတဲ့ တောင်ပေါ် ရာသီဥတုက စတင်မိတ်ဆက်ပါတော့တယ်။ အဲဒီ့နေ့က နေသာတဲ့နေ့ ဖြစ်နေလို့ တောင်ပေါ်မှာ တိမ်ခိုး တိမ်ငွေ့တွေ မတွေ့ရပါဘူး။ ကျွန်တော် ဒုတိယအကြီမ် ရောက်သွားတော့ တစ်နေ့လုံး တိမ်ခိုးတွေနဲ့ အလွန်ပဲ အေးမြတဲ့ ရာသီဥတုကို ခံစားရမှာပါ။ အရှည်ကြီးက ကျွန်တော်တို့ သုံးယောက်ထဲမှာ Genting ကို တစ်ခေါက် ရောက်ဖူးခဲ့တဲ့သူဆိုတော့ သူကပဲ ဦးဆောင်ပြီး သွားပါတယ်။ First World Hotel ရှေ့မှာ ဓါတ်ပုံတွေရိုက် ဈေးဆိုင်တွေလျှောက်ကြည့်ပြီး ဗိုက်ဆာလာတာနဲ့ အိန္ဒိယဆိုင်တစ်ဆိုင်မှာ နေ့လည်စာ သွားစားကြပါတယ်။ အဲဒီ့ဆိုင်က ဘူဖေးပုံစံပါ။ ကျွန်တော်နဲ့ စည်သူက ဟင်းနှစ်မျိုးနဲ့။ အရှည်ကြီးက သုံးမျိုးထည့်ပါတယ်။ သုံးယောက်ပေါင်းကို မလေးငွေ RM 70 ကျပါတယ်။ KL မှာဆိုရင် စားသောက်ဆိုင်တစ်ဆိုင်မှာ ကောင်းကောင်း စားလို့ရတယ် ဆိုပြီး ပြန်ပြောကြသေးတယ်။ နောက်တော့ စည်သူက Casino ကစားဝိုင်းထဲ ၀င်ကြည့်မယ်ဆိုလို့ သုံးယောက်သား ၀င်လိုက်ကြပါတယ်။ အ၀င်ဝမှာတော့ ရဲနှစ်ယောက်က ပတ်စ်ပို့တွေကို ထုတ်ပြရသေးတယ်လေ။ အသက်ပြည့်ပြည့်ကို စစ်တာပါ။ အသက် ၁၈ နှစ်အထက်မှ Casino ထဲကို ၀င်ခွင့်ပြုတာပါ။ အထဲမှာတော့ လောင်းကစားနည်းမျိုးစုံ ကစားလို့ရတာကို တွေ့လိုက်ရတယ်။ အရှည်ကြီးက သူ့ဘာသာ တစ်ယောက်တည်း လျှောက်ကြည့်မယ်ဆိုပြီး ထွက်သွားပါတယ်။ စည်သူကတော့ လောလောလတ်လတ် ထွက်လာတဲ့ သူ့လစာကို ATM မှာ မလေးရှားရင်းဂစ် RM1400 ဖိုး သွားထုတ် လိုက်ပါတယ်။ သူက ဖဲကစားနည်း တစ်မျိုးကို စိတ်ဝင်စားနေလို့ပါ။ ဒါပေမယ့် ကစားနည်းကိုတော့ မသိဘူးဖြစ်နေပါတယ်။ ဒီတော့ နှစ်ယောက်သား ကစားနည်းကို သင်ပေးတဲ့ စားပွဲတစ်ခုမှာ ၀င်ပြီး နေရာယူလိုက်ကြပါတယ်။ စည်သူက ကစားနည်းအကြောင်း တရုတ်လို မေးလိုက်တော့ စားပွဲဝိုင်းမှာထိုင်နေတဲ့ ၀န်ထမ်း တစ်ယောက်က ပြန်ရှင်းပြပြီး ကစားနည်းသင်ပေးပါတယ်။ ကစားနည်း သင်ပေးပြီးတဲ့ နောက်မှာတော့ နှစ်ယောက်သား ကစားဝိုင်းတစ်ခုကို သွားကြပါတယ်။ ဖြစ်ချင်တော့ ကစားဝိုင်းတွေက လူပြည့်နေပါတယ်။ ဒါကြောင့် ကစားလို့မရသေးပဲ ဘေးကနေ ကြည့်နေလိုက်ပါတယ်။ ဒီကစားနည်းတွေက တစ်ပွဲကို မလေးငွေ RM200 လောက်ထိုးမှဖြစ်တာမို့လို့ စည်သူ့ကို မကစားဖို့ဘေးကနေ ပြောနေရတယ်လေ။
theme-park အတွင်း မြင်ကွင်းတစ်ခု
နှစ်ယောက်သား သူများတွေကစားနေတာကို လျှောက်ကြည့်ရင်း ဘောလုံးလှိမ့်တဲ့ ကစားနည်းတစ်ခု တွေ့မိပါတယ်။ မြန်မာပြည်က ဘုရားပွဲတွေမှာ တွေ့ရတဲ့ ရွှေဘောလုံးလှိမ့်တဲ့ ကစားနည်းလိုပါပဲ။ (လောင်းကစား ၀ါသနာမပါတာကြောင့် ကစားနည်းအမည်ကို မသိလိုက်ပါဘူး အဟီး) တစ်ခုတွေ့လို့ ၀င်ကြည့်မိတဲ့အခါမှာတော့ အရှည်ကြီးက အဲဒီ့ဝိုင်းရောက်နေတယ်လေ။ သူကအဲမှာ ကစားနေတာလေ။ တရုတ်ဘွားတော်ကြီးတွေ ထိုးတဲ့နံပါတ်ကို သူကလိုက်ထိုးနေတာ နဲနဲ နိုင်နေတာ တွေ့လိုက်ရတယ်။ ဒီတော့ စည်သူက စိတ်ဝင်တစား ဖြစ်သွားပြီး သူလဲပဲ ၀င်ကစားပါလေရော။ သူ့မှာရှိတဲ့ RM1400 ဖိုးလုံး ကွိုင်စေ့တွေ လဲလိုက်ပါတယ်။ ကျနော်က ဘာဖြစ်လို့ အကုန်လဲတာလဲဆိုပြီး မေးလိုက်တော့ အရှည်ကြီးကို နောက်ချင်လို့တဲ့။ ဒီတော့လဲ နောက် ငွေပြန်လဲလို့ရတာပဲလေ ဆိုပြီး ကြည့်နေလိုက်မိပါတယ်။ အဲမှာကစားရင်း သူက လေးငါးပွဲလောက် နိုင်ပါတယ်။ တစ်ပွဲနိုင်ရင် ၁ဆကနေ ၁၀ ဆအထိ အမျိုးမျိုးရှိပါတယ်။ လေးငါးပွဲလောက် နိုင်လာတော့ လက်ထဲမှာ ကွိုင်စေ့ အတော်များများ ရှိလာပါတယ်။ ဒါကြောင့် သူ့အရင်းကို အိပ်ထဲထည့်ပြီး နိုင်တာလေးတွေ ဆက်ကစားလာတာ နိုင်တာလေးတွေ တဖြည်းဖြည်း ပြန်ကုန်လာပါရော။ ဒီတော့ အိပ်ထဲသိမ်းထားတဲ့ ကွိုင်စေ့တွေထုတ်ပြီး ပြန်လိုက်ရင်း လိုက်ရင်းနဲ့ ပါလာသမျှကို Genting မှာထားခဲ့ရပါလေရော။ ဒီတော့မှ Casino ခန်းမထဲကနေပြီး ပြန်ထွက်လာဖြစ်ခဲ့ပါတော့တယ်။ အဲဒီ့နေ့က စည်သူတော့မသိဘူး ကျွန်တော်ရယ် အရှည်ကြီးရယ်ကတော့ စိတ်ထဲမှာ အတော်လေး တနှုံ့နှုံ့နဲ့ ခံစားလိုက်ရပါတယ်။
Sky Way ပေါ်မှ တောင်ခြေသို့အဆင်း
ညနေ ၄နာရီခွဲလောက်ကျတော့ ကျွန်တော်တို့ တောင်ပေါ်ကနေပြီး Sky Way နဲ့ပြန်ဆင်းလာခဲ့ပါတယ်။ အပြန်မှာတော့ Sky Way စီးဖို့အတွက် တန်းစီလိုက်ရပါသေးတယ်။ Sky Way ပေါ်မှာ ဓါတ်ပုံတွေ ရိုက်ဖြစ်ပါသေးတယ်။ Sky Way ပေါ်ကနေပြီးတော့ မလေးရှားရဲ့ တောတောာင် သဘာဝ အလှအပတွေကို ပေါ်စီးကနေပြီး ကြည့်ရှုခံစားနိုင်ပါတယ်။ ကျွန်တော်တို့ကတော့ ဒီတစ်ခေါက်မှ အလှအပတွေကို မခံစားနိုင်တော့ပါဘူး။ စိတ်ထဲတနုံ့နုံ့ ဖြစ်နေလို့လေ Sky Way ပေါ်ကအဆင်းမှာ ယိုမျိုးစုံရောင်းတဲ့ ဆိုင်လေးကနေပြီး အပြင်ကို ပြန်ထွက်ကြရပါတယ်။ အဲဒီ့ဆိုင်မှာ သုံးယောက်သား အမြည်းမျိုးစုံ လိုက်မြည်းကြည့်ပြီးမှ လက်ဆောင်ပေးဖို့အတွက် ယိုအနည်းငယ်ဝယ်ပြီး ပြန်ထွက်လာခဲ့ကြပါတယ်။ တောင်ခြေရောက်တော့ ကားလက်မှတ်ဖြတ်ပြီး Kuala Lumpur ကို ပြန်လာခဲ့ကြပါတော့တယ်။ အပြန်အတွက် ကားလက်မှတ်ခက တစ်ယောက်ကို RM 7 ပေးရပါတယ်။ စည်သူကတော့ ဒီနေ့ ကံကောင်းပါလားပေါ့။ လောင်းကစားဆိုတာ ဘယ်ကစားနည်းမှ ကောင်းတယ်လို့ မရှိဘူးဆိုတာ တကယ်ပဲ မှန်ပါတယ်။ မြန်မြန်ကုန်တာနဲ့ ဖြေးဖြေးကုန်တာပဲ ကွာမယ်ထင်ပါတယ်။ အခု ဒီပို့စ်လေးကို တင်ဖြစ်လိုက်တာက Genting Casino ကိုသွားမယ့် သူများအတွက် ကြိုတင်သတိပေးတဲ့ အနေနဲ့ပေါ့ဗျာ။ ဒုတိယအကြိမ် နှင့် တတိယအကြိမ် သွားခဲ့တုန်းက အတွေ့အကြုံလေးကိုတော့ နောက်ပို့စ်မှာ ထပ်ရေးပေးပါ့မယ်။

ခုတလော အလုပ်များနေတာရော အရင် ကွန်ပြူတာ အဟောင်းလေးကလဲ မရှိတော့တာရော နှစ်ခုလုံးကြောင့် ပို့စ်အသစ် မတင်ဖြစ်ဘူး။ မနေ့ကမှ အွန်လိုင်းက ညီမတစ်ယောက်က ဘလော့ခ်ကို ၀င်ကြည့်သွားတယ်ဆိုတာနဲ့ ကျွန်တော့် ဘလော့ခ်မှာ တင်ပေးဖို့ သူပေးထားတဲ့ ကဗျာကို မတင်ရသေးတာ သတိရသွားတယ်။ သူကဗျာက ခေါင်းစဉ် မတပ်ရသေးတာနဲ့ ကိုယ့်ဘာသာပဲ ကဗျာနဲ့ လိုက်ဖက်မယ်ထင်တဲ့ ခေါင်းစဉ် ပေးလိုက်တယ် ကဗျာခေါင်းစဉ်က "အလွမ်းရင်ခွင်" တဲ့။


*အလွမ်းရင်ခွင်*

မဝေးချင်လဲ ဝေးခဲ့ရပြီ

မလွမ်းချင်လဲ လွမ်းခဲ့ရတယ်

မတွေးချင်လဲ တွေးခဲ့ရပေါ့

ရင်ခွင်တံခါး ပိတ်ခါထားတော့

မင်းရဲ့ရင်ခွင် ငါဘယ်လိုဝင်ရ

မင်းညွှန်မပြ ငါ့နှလုံးသားက

ဟိုဒီလျှောက်ပြေး

အလွမ်းတွေနဲ့ ဝေးရပြီ...


ရေးသားသူ - ယုယ

ကျွန်တော် ၁၀ တန်းနှစ် လောက်ကပါ။ အဲဒီ့အချိန်တုန်းက 2000 ခုနှစ် လောက်ပေါ့။ ကျွန်တော်ရယ် သူငယ်ချင်းတွေ ဖြစ်ကြတဲ့ ထက်မြတ်သူ၊ သန်းနိုင်နှင့် ပြည်သိန်းအောင်တို့ဟာ တစ်နေ့မှာ ဆံပင်ညှပ်ကြမယ်ဆိုပြီး ကျိုက်ကဆံထဲက အရှေ့မြင်းပြိုင်ကွင်းလမ်း တာမွေ အထက(၃) ကျောင်းနားမှာ ရှိတဲ့ ဆံပင်ညှပ်ဆိုင် တစ်ဆိုင်မှာ သွားညှပ်ဖြစ်ကြပါတယ်။ အတူတူ သွားကြတယ် ဆိုပေမယ့် ကျွန်တော်နဲ့ သန်းနိုင်ကတော့ အဲဒီ့နေ့က ဆံပင်မညှပ်ဖြစ်ပါဘူး။ ထက်မြတ်သူနဲ့ ပြည်သိန်းအောင်တို့ပဲ ညှပ်ကြတာပါ။ ကျွန်တော်ရယ် သန်းနိုင်ရယ်က သူတို့ ဆံပင်ညှပ်တာကို ဘေးမှာ ထိုင်စောင့်ပေးနေတာပါ။

ထက်မြတ်သူက အရင်ဆုံး ဆံပင်ညှပ်ပါတယ်။ အဲဒီ့အချိန်တုန်းက ရုပ်ရှင်မင်းသား ဒွေးက အရမ်းပဲ နာမည် ကျော်ကြားနေတဲ့ အချိန်ဆိုတော့ ထက်မြတ်သူက မင်းသား ဒွေးရဲ့ ဆံပင်ပုံစံကို အားကျတာကြောင့် အရင်ညှပ်နေကျ ပုံစံအတိုင်း ဒွေးကေ ညှပ်တယ်ပေါ့။ သူဆံပင်ညှပ်တိုင်းမှာ ဆံပင်က ညှပ်ကာစမို့ အရမ်း တိုနေတာကြောင့် ကျွန်တော်တို့က ဟိုးအရင်ကတဲက သူ့ကို ဘဲဂေါင်းလို့ နာမည်ပြောင် ပေးထားတာပါ။ အဲ.... ဒီနေ့ ဆံပင်ညှပ်တော့လဲ ထုံးစံအတိုင်း သူညှပ်နေကျ ပုံစံဖြစ်တဲ့ မင်းသား ဒွေးကေ ပဲပေါ့။ ဆံပင်ညှပ်ဆရာကြီးကလဲ လက်ရာကောင်းပါတယ် ထက်မြတ်သူကြိုက်တဲ့ ဒွေးကေပဲ ညှပ်ပေးလိုက်ပါတယ်။

ထက်မြတ်သူ ဆံပင်ညှပ်ပြီးတဲ့တော့ ပြည်သိန်းအောင် ညှပ်မယ့်အလှည့် ရောက်လာပါတယ်။ အဲဒီ့အချိန်တုန်းက မင်းသားဒွေးရဲ့ညီဖြစ်တဲ့ သဲမောင်ကလည်း နာမည် စတက်နေပါပြီ ရုပ်ရှင်တွေ ကြော်ငြာတွေ အတော်များများ ရိုက်နေပါတယ်။ ကျွန်တော်တို့ ၁၀ တန်းစာမေးပွဲဖြေခါနီး အချိန် (ယခု ဆံပင်ညှပ်ကြတဲ့အချိန်) လောက်ကျတော့ သဲမောင်ကနေပြီး သားညီဆိုပြီး နာမည် ပြောင်းလိုက်ပါတယ်။ ပြည်သိန်းအောင်ကလဲ မင်းသား ဒွေးရဲ့ညီ သားညီရဲ့ ဆံပင်ပုံစံကို အလွန်ပဲ အားကျနေသူပါ။ အဲဒီတော့ သူကလဲ မင်းသား သားညီကေ ညှပ်မယ်ပေါ့။ ဒါနဲ့ပဲ ဆံပင်ညှပ်မယ့်ခုံမှာ အကျအန ၀င်ထိုင်လိုက်ပါတယ်။ ဒါနဲ့ပဲ ဆံပင်ညှပ်ဆရာကြီးက ဘာပုံစံညှပ်မလဲလို့ ပြည်သိန်းအောင်ကို မေးလိုက်ပါတယ်။ ဒီတော့ ပြည်သိန်းအောင်က သူကြိုက်တဲ့ မင်းသား သားညီကေ ပုံစံအတိုင်း ညှပ်မှာမို့ ဆံပင်ညှပ်ဆရာကြီးကို "သားညီကေ ညှပ်မယ်" လို့ပြောလိုက်ပါတယ်။ ဒီအခါမှာတော့ ဆံပင်ညှပ်ဆရာကြီးက "ဟေ ... မင်းရဲ့ ညီ ဆံပင်ပုံစံကို ငါမှမသိတာ ... ဘယ်လို ညှပ်ရမှာလဲဟ" ဆိုပြီး ပြန်ပြော လိုက်ပါတော့တယ်။

(ကျွန်တော်တို့လဲ အလွန်ပဲ သဘောကျလွန်းလို့ ပြည်သိန်းအောင်နဲ့တွေ့တိုင်း မင်းညီကေ သွားမညှပ်တော့ဘူးလား ဆိုပြီး အမြဲစနောက် ဖြစ်ပါတယ်...တကယ်တော့ ဆံပင်ညှပ်ဆရာကြီးက မင်းသားသဲမောင် ကနေပြီး သားညီဆိုပြီး နာမည်ပြောင်းထားတာကို လုံးဝမသိသေးတာပါ)

ဒီခေါင်းစဉ်ကို တွေ့လိုက်လို့ ကျွန်တော့်ကို ဂေါက်သွားပြီလားလို့ မထင်လိုက်ပါနဲ့ ကျွန်တော် ပလန်းနက်က သူငယ်ချင်းတွေနဲ့ အတူတူ ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံမှာ အလှူသွားလုပ်ခဲ့ကြတဲ့အကြောင်းကို ပြောပြချင်တာပါ။ ကျွန်တော် ပလန်းနက်က သူငယ်ချင်းတွေနဲ့ အပြင်မှာ မဆုံဖြစ်တာ သုံးနှစ်လောက်ရှိပါပြီ ဒီအတောအတွင်းမှာ သတိတရနဲ့ ဟိုအရင်တုန်းက အတူသွားလာခဲ့ပြီး အလှုတွေလုပ်ခဲ့တာ၊ တွေ့ဆုံဖြစ်ခဲ့တာတွေ ကိုလည်း အမှတ်ရနေခဲ့ပါတယ်။ အဲဒီ့ထဲကမှ ၂၆ ရက် ၃ လပိုင်း ၂၀၀၆ ခုနှစ်တုန်းက ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံကို ပလန်းနက်က သူငယ်ချင်းတွေ စုပေါင်းပြီး အလှုသွားလုပ်ခဲ့တဲ့ ခရီးစဉ်တစ်ခုကို မှတ်မှတ်ရရရှိနေဆဲမို့ သူငယ်ချင်းတွေကို လွမ်းဆွတ်စွာနဲ့ ဒီပို့စ်လေးကို ရေးဖြစ်ခဲ့တာပါ။ ဒီအလှူ လုပ်ဖြစ်ခဲ့တာကတော့ ပလန်းနက် တီးရှော့က သူငယ်ချင်းတွေ၊ မြန်မာချက်က သူငယ်ချင်းတွေနဲ့ ပြည်ပက သူငယ်ချင်းတွေ အတော်များများ ထည့်ဝင်ခဲ့ကြတဲ့ အလှုငွေတွေနဲ့ စီစဉ်နိုင်ခဲ့တာပါ။ ကောက်ခံရရှိခဲ့တဲ့ အလှူငွေထဲကမှ တစ်ဝက်ကို ထောက်ကြံ့ မိဘမဲ့ကျောင်းကို လှူဒါန်းခဲ့သလို ကျန်ရှိတဲ့ငွေကို ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံကို သွားလှုကြတာပါ။ ထောက်ကြံ့ မိဘမဲ့ကျောင်းအလှူ အကြောင်းကိုတော့ ကျွန်တော် ရှေ့က ပို့စ်တစ်ခုမှာ ထောက်ကြံ့ မိဘမဲ့ကလေးကျောင်း ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားခဲ့ပြီးပါပြီ။
စိတ်ကျန်းမာရေးဆေးရုံ အလှူ ဂုဏ်ပြုလက်မှတ်
ရွာသာကြီးကို အလှူခရီးရှိတဲ့အကြောင်းကိုတော့ ကျွန်တော်ကနေ Forward Mail နဲ့အားလုံးကို အကြောင်းကြားဖြစ်ပါတယ်။ ထုံးစံအတိုင်း အားလုံးက ဦးညိုလို့ခေါ်ကြတဲ့ ဘားလမ်းထဲက Mr. Brown ကော်ဖီဆိုင်မှာ မနက် ၈ နာရီမှာဆုံဖို့ ချိန်းထားကြပါတယ်။ မနက် စောစာထပြီး ဦးညိုကိုရောက်တဲ့အခါမှာတော့ သူငယ်ချင်းအတော်များများ စုံနေပါပြီ။ အဲဒီ့နေ့က အလှုခရီးမှာ လိုက်ပါခဲ့တဲ့ သူငယ်ချင်းတွေကတော့ ကိုဟန်၊ ကိုဗျာလေး (Daddy)၊ ကိုဗိုင်းရပ်၊ Eleven၊ ကိုထက်၊ ကိုထက်သူငယ်ချင်း၊ ယန်ယန်၊ ပူစီ နဲ့။ မိန်းကလေး သူငယ်ချင်းတွေ ဖြစ်တဲ့ ပူတူး၊ ရုပ်ဆိုးမ၊ မကေ၊ အိန်ဂျယ်၊ အိန်ဂျယ်ရဲ့ညီမ၊ ညီမလေးဖြူ၊ မိုးမခ နဲ့ မိုး တို့ပါ။ ကျန်တဲ့ သူငယ်ချင်းတွေကတော့ မအားလပ်တာမို့ မပါလာပါဘူး။ လူစုံပြီဆိုတော့ အားလုံး ရွာသာကြီးကိုသွားဖို့ စီစဉ်ထားတဲ့ ပထမအစီအစဉ်ကတော့ ရန်ကုန်ဘူတာကြီးကို အားလုံး စကားတပြောပြောနဲ့ လမ်းလျှောက်ကြပါတယ်။ ဒီလိုနဲ့ ဘူတာကြီးကိုရောက်တော့ ကိုဗိုင်းရပ်နဲ့ ကိုဟန်တို့က ရထားလက်မှတ် ၀ယ်ကြပါတယ်။ ရွာသာကြီး တက္ကသိုလ်ကိုသွားတဲ့ ရထားကတော့ မရောက်သေးတာနဲ့ ဘူတာမှာပဲ စောင့်နေကြရသေးတယ်။ ပူစီကတော့ ဓါတ်ပုံတွေ လိုက်ရိုက်နေပါတယ်။ အဲဒီထဲက ဓါတ်ပုံတစ်ချို့ကို တင်ပေးလိုက်ပါတယ်။
ရွာသာကြီးရထားစောင့်နေကြစဉ်
ရထားပေါ်တွင် အမှတ်တရ
Internet Journal စိတ်ဝင်စားနေတဲ့နှစ်ယောက်
ရထားရောက်တဲ့အခါမှတော့ အားလုံး ရထားပေါ်မှာ နေရာယူကြတာပေါ့။ သေချာနေရာ ယူပြီးတဲ့အခါမှာတော့ ဒီရထားက ရွာသာကြီးသွားတဲ့ရထား မဟုတ်ဘူးဖြစ်နေလို့ အားလုံးပြန်ဆင်းကြရသေးတယ်။ နောက်ထပ် ၁၀ မိနစ်လောက်နေမှ ရွာသာကြီးသွားတဲ့ရထားက ရောက်လာတော့တယ်။ ဒီတစ်ခါတော့ မလွဲတော့ပါဘူး လူမှန် နေရာမှန်ပေါ့။ ကားစပါယ်ရာတွေပြောတဲ့ အလယ်မှာ ဆင်ကကလို့ရတယ်တို့၊ ဘောလုံးကန်လို့ရတယ်တို့ လိုပေါ့ ရထားပေါ်မှာဘယ်လောက် လူများလဲဆိုတော့ ကိုဟန်၊ Eleven၊ ယမ်ယမ်တို့ ဘောလုံးကန်ကြသေးတယ်။ အားလုံးထဲမှာက ကိုဟန်က အငယ်ဆုံးလိုဖြစ်နေတယ် (ကလေးတွေနဲ့အပြိုင်ပေါ့)။ ကိုဗျာလေးကတော့ အလွတ်မပေးပဲ သူ့ကမရာလေးနဲ့ မှတ်တမ်းလိုက်တင်နေတယ်။ ကျွန်တော်ကတော့ ပွဲကြည့်ပုရိသတ်ပေါ့။ သူတို့နဲ့အတူဝင်တော့ မကန်တော့ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ကန်တဲ့ဘောလုံးကို ရှာနေတာနဲ့ တင် မိနစ်ကိုးဆယ် ပြည့်မယ့်ကိန်း ဆိုက်နေလို့။ အားလုံးကလဲ ပျော်ရွှင်နေကြတာပါ။ ကျွန်တော်တို့တင်မဟုတ်ပါဘူး ရထားပေါ်မှာရှိတဲ့ ခရီးသည်တချို့ပါ ကျွန်တော်တို့အဖွဲ့ရဲ့ ပျော်ရွှင်မှုတွေ ကူးစက်ကုန်ပြီး တပြုံးပြုံးနဲ့ တွေ့ရပါတယ်။ ရထားပေါ်မှာတော့ ပိုက်ဆံတောင်းတဲ့ ကလေးငယ်တစ်ချို့ ပါလာပါသေးတယ်။ သူတို့လေးတွေကို ကြည့်ရတာ အနာဂါတ်အတွက် ရင်လေးစရာပါ။ ကလေးတွေကို ပိုက်ဆံပေးခြင်းဟာ သူတို့ရဲ့စိတ်ဓါတ်ကို ရိုက်ချိုးလိုက်သလိုပါပဲ။ ကိုယ့်အားကိုယ်ကိုးတဲ့ စိတ်ဓါတ်ပျောက်သွားပြီး ပိုက်ဆံကို အလွယ်တကူ ရှာချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ကလေးသူငယ်တွေကို သနားလို့ဆိုပြီး ပိုက်ဆံပေးခြင်းကို အားမပေးလိုပါဘူး။
ရထားပေါ်မှ ခလေးးတစ်ယောက်
ကလေးများကြားမှ ပူစီ
ဘတ်စ်ကား ပေါ်တွင်အမှတ်တရ
ဒီလိုနဲ့ ရွာသာကြီး ဘူတာကို ရောက်တော့ ရထားပေါ်ကဆင်းကြပြီး စီးပွားရေးတက္ကသိုလ်ရှိရာကို လျှောက်လာခဲ့ကြပါတယ်။ မနက် ၁၀ နာရီလောက်ရှိပြီမို့ နေကလဲပူလာပါပြီ။ ကျောင်းရှေ့ရောက်တော့ စိတ်ရောဂါအထူးကု ဆေးရုံကို ရောက်မယ့် ၂၀၉ ဘတ်စ်ကားကို စောင့်နေကြသေးတယ်။ ခဏနေတော့ ဘတ်စ်ကား ရောက်လာတာနဲ့ အားလုံးကားပေါ် တက်ခဲ့ကြပါတယ်။ စိတ်ရောဂါအထူးကု ဆေးရုံကို ရောက်တဲ့အခါမှာတော့ နေ့လည် ၁၁နာရီ ထိုးခါနီးနေပါပြီ။ ကျွန်တော်တို့ ရောက်တဲ့အကြောင်းကို ၀န်ထမ်း တစ်ယောက်က တဆင့် ဆေးရုံအုပ်ကြီးရှိတဲ့ ရုံးခန်းကို သွားပြီးသတင်းပို့လိုက်ပါတယ်။ ခဏနေတော့ ဆေးရုံအုပ်ကြီးရုံးခန်းထဲ လာခဲ့ကြပါဆိုတာနဲ့ တစ်ဖွဲ့လုံး ရုံးခန်းထဲ ၀င်သွားကြပါတယ်။ အဲဒီ့နောက် မကေနဲ့ ကိုဟန်တို့ကနေပြီး ပလန်းနက်တီးရှော့နဲ့ မြန်မာချက် အွန်လိုင်း သူငယ်ချင်းတွေကနေပြီး ဆေးရုံမှာရှိတဲ့ စိတ်ရောဂါ ဝေသနာသည်တွေအတွက် အလှူငွေ လာလှူဒါန်းတဲ့အကြောင်းပြောပြပါတယ်။ ဒီတော့ ဆရာမကနေပြီး ဝေသနာသည်တွေအတွက် ဆေးရုံမှ ကျွေးမွေးမှူပုံစံအကြောင်း ရှင်းပြပါတယ်။ ရွာသာကြီး စိတ်ရောဂါ အထူးကုဆေးရုံမှာ မနက်စာ၊ နေ့လည်စာ နဲ့ ညနေစာ သုံးနပ်ကျွေးပါတယ်။ ကျွန်တော်တို့အဖွဲ့က ၂၇ ရက်နေ့အတွက် နံနက်စာ မြန်မာကျပ်ငွေ ၂၀၀၀၀ ဖိုး၊ နေ့လည်စာ ကျပ် ၁၀၀၀၀၀ ဖိုးနဲ့ ညနေစာအတွက် ကျပ် ၉၀၀၀၀ ဖိုး၊ စုစုပေါင်း ကျပ် နှစ်သိန်းတစ်သောင်း ကို သီးသန့် လှူဒါန်းလိုက်ပါတယ်။ အဲဒီ့နောက် အလှူအတွက် ဂုဏ်ပြုလက်မှက်ကို ပြန်ပေးပါတယ်။ ဒီလက်မှတ်ကိုတော့ အားလုံးကိုယ်စား မကေ ကပဲ လက်ခံလိုက်ပါတယ်။
ဆေးရုံရှိ နေ့စဉ်ကျွေးမွေးမှုပုံစံအကြောင်း ရှင်းပြစဉ်
အတူတကွ အလှူငွေထည့်ဝင်ကြစဉ်
အလှူအတွက် ဂုဏ်ပြုလက်မှတ် မကေသို့ပေးအပ်စဉ်
အလှူအတွက် ဂုဏ်ပြုလက်မှတ်ကို ဆေးရုံအုပ်ကနေပြီး ပြန်ပေးပြီးတဲ့နောက်မှာတော့ အဲဒီ့ဆရာမက နေပြီးတော့ပဲ စိတ်ရောဂါဝေသနာသည်တွေကို ထားတဲ့ အဆောင်တွေကို တစ်ခုချင်းစီ လိုက်လံရှင်းပြပါတယ်။ ဒီဆေးရုံမှာ ၀န်ထမ်းလုပ်ဖို့ဆိုတာ တော်ရုံစေတနာနဲ့တော့ မလွယ်ကူလှပါဘူး။ ဆေးရုံမှာရှိတဲ့ ဆေးရုံအုပ်ကြီး ကအစ ၀န်ထန်းတွေအဆုံး ဝေသနာတွေကို မိမိတို့ရဲ့ သွေးသားရင်းများသဖွယ် စောင့်ရှောက်တာကို တွေ့ရပါတယ်။ သူငယ်ချင်းတစ်ချို့က ဆရာမရှေ့မှာ အရူးတွေရယ်ဆိုတဲ့ စကားအသုံးအနှုန်းတွေ သုံးမိတာကို ဆရာမက မကြိုက်ပါဘူး။ သူတို့ဟာ အရူးတွေလို့မခေါ်သင့်တဲ့အကြောင်း ပြောပါတယ် စိတ်ဝေဒနာကို ခံစားနေရတဲ့ ရောဂါသည်တွေပါပဲလို့ ရှင်းပြပါတယ်။ သူတို့ကို အရူးဆိုပြီး နှိမ့်ချဆက်ဆံခြင်း မပြုဖို့ကို ပြောပြပါတယ်။ ဒီလိုမေတ္တာထားလို့လဲဖြစ်မှာပါ ဆေးရုံမှာရှိတဲ့ တစ်ချို့သော ဝေသနာသည်တွေဟာ ဒီဆရာမကို ချစ်ကြောက်ရိုသေနေကြတာ တွေ့ရပါတယ်။ ဆရာမကနေပြီး ဆက်ရှင်းပြပါတယ်။ ဝေဒနာသည်တွေကို ဆေးရုံမှာ မပျောက်မချင်း ကုသပေးပါတယ်။ လိုအပ်တဲ့ဆေးဝါးကိုလဲ အချိန်မှန်ပေးသလို ဝေဒနာရှင်တွေရဲ့ခြေအနေကို သိဖို့ တစ်ပါတ်ကို တစ်ရက် ဒါမှမဟုတ် နှစ်ရက် ခေါ်ခေါ်တွေ့ပြီး Psychology ပညာနဲ့ မေးမြန်းစစ်ဆေးခြင်းကိုလဲ ပြုလုပ်တယ်လို့သိရပါတယ်။ နောက်ပြီး ဒီဆေးရုံမှာ စိတ်ဝေဒနာရှင်တွေချည်း မဟုတ်ဘဲ အရက်ဖြတ်တဲ့သူတွေလဲ ရှိပါတယ်လို့ပြောပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ စိတ်ရောဂါ ဝေသနာရှင် တွေကိုထားတဲ့ အဆောင်တွေကို ရောက်လာခဲ့တော့ တစ်ချို့ဝေဒနာရှင်တွေကို တွေ့ခဲ့ရပါတယ်။
ဆေးရုံတွင်းရှိ ဝေဒနာသည်တွေရှိရာ အဆောင်များတွေကို လိုက်ပြပေးနေတာပါ
ဆေးရုံမျက်နှာစာရှေ့တွင် သူငယ်ချင်းများနှင့် အမှတ်တရ
ကျွန်တော်တို့ကို တွေ့တော့ စိတ်ဝေဒနာရှင် တစ်ယောက်ကနေပြီး အဆိုတော် သန်းထွန်းလေးရဲ့သီချင်းကို ဆိုပြပါသေးတယ် သူဆိုတာကတော့ မွေးဌာနီ ဂျမခါနာဆီသို့ တဲ့။ သူ့ဟာနဲ့သူတော့ အဆင်ပြေနေတာပဲ။ သိပ်ပြီး ရောဂါမပြင်းထန်တဲ့သူတွေကတော့ Group အလိုက် သူ့အိပ်ရာနဲ့သူ အေးဆေးစွာပဲ နေနေကြတာကို တွေ့ခဲ့ရပြီး တစ်ချို့ ရောဂါပြင်းတဲ့ သူတွေကိုတော့ တစ်ဦးချင်း သီးသန့်ထားရှိတာကို တွေ့ခဲ့ရပါတယ်။ တစ်နေရာ အရောက်မှာတော့ ဥယာဉ်မှူးတစ်ဦးက ဆရာမကို နှုတ်ဆက်ပါတယ်။ နောက်မှ ဆရာမပြန်ပြောလို့ သိရတာက ဒီလူဟာလဲ စိတ်ရောဂါ ဝေဒနာရှင်တစ်ဦးပါတဲ့။ အဲဒီကနေမှ ဆရာမက အမျိုးသမီး စိတ်ဝေဒနာရှင်တွေချည်း သီးသန့်ထားတဲ့ အဆောင်ကို လိုက်ပို့ပေးပါတယ်။ အဲဒီ့ရောက်တော့ အမျိုးသမီးဝန်ထမ်းတစ်ဦး ကနေပြီး ဝေသနာရှင်တွေကို စုစည်းလိုက်ပြီး ကျေးဇူးတင်စကား ပြောစေပါတယ်။ အားလုံးကလဲ ယခုလိုလာပြီး လှူဒါန်းတဲ့ အတွက် ကျေးဇူးတင်ရှိကြောင်းကို ညီညီညာညာနဲ့ ပြောနိုင်တာကို တွေ့ရပါတယ်။ စိတ်ဝေဒနာရှင် တွေပေမယ့် ပရမ်းပတာ မဟုတ်ကြပါဘူး။ စည်းကမ်းတကျ သွန်သင်ထားတာ တွေ့ခဲ့ရပါတယ်။ တကယ့်ကို စည်းစနစ်နဲ့ရှိတဲ့ ဆေးရုံတစ်ခုလို့ အသိအမှတ်ပြုမိပါတယ်။
ဆေးရုံဝင်းအ၀တွင် ဓါတ်ပုံရိုက်ရန် စုဝေးနေကြစဉ်
အပြန် လိုင်းကားစီးရန် စောင့်ဆိုင်းနေကြစဉ်
ကန်တော်ကြီးထဲတွင် အပန်းဖြေအနားယူနေကြစဉ်
ဒီနောက်တော့ ကျွန်တော်တို့အဖွဲ့လဲ ရုံးခန်းရှိတဲ့ ဆေးရုံမျက်နှာစာဘက်ကို ပြန်လာခဲ့ကြပါတယ်။ သူငယ်ချင်းတွေ အမှတ်တရအနေနဲ့ စုပေါင်းပြီး ဓါတ်ပုံရိုက်ကြပါတယ်။ ဓါတ်ပုံရိုက်ပြီးတဲ့အခါမှာတော့ အားလုံး လိုင်းကား စောင့်စီးဖို့ အတွက် ဆေးရုံဝင်း အပြင်ဘက်ကို ထွက်လာကြပါတယ်။ လိုင်းကားက အတော်နဲ့ မလာသေးတာနဲ့ အပြင်မှာ ခဏ စောင့်နေကြရသေးတယ်။ အဲ.. မိနစ် ၂၀ လောက်နေမှ ကားကရောက်လာပါတယ်။ ဒီလိုနဲ့ ယုဇနပလာဇာ ရောက်တော့ အဲဒီ့မှာပဲ အားလုံး ဆင်းလိုက်ကြပါတယ်။ နေ့လည်စာက မစားကြရသေးဘူးလေ ပြန်ရောက်တဲ့ အချိန်ကလဲ ၂ နာရီခွဲလောက် ရှိနေပြီဆိုတော့ အားလုံးကလဲ ဗိုက်ဆာနေကြပြီ။ ဒါနဲ့ပဲ ယုဇနပလာဇာဘေးနားက စားသောက်ဆိုင်တစ်ဆိုင်မှာပဲ ၀င်စားလိုက်ကြတယ် ကျွန်တော်ကတော့ ထမင်းပေါင်းတစ်ပွဲ မှာစားလိုက်တယ်။ စားပြီး သောက်ပြီးတော့ အဲဒီ့ကနေပဲ ကန်တော်ကြီးထဲကို လမ်းလျှောက် သွားကြသေးတယ်လေ။ ကန်တော်ကြီး ရောက်တော့ မျှော်စင်ကျွန်းနားမှာ ခဏထိုင်ပြီး အနားယူကြပါတယ်။ အဲဒီ့မှာ သီချင်းလာဆိုတဲ့သူတွေရှိလို့ ထိုင်ပြီး နားထောင်နေလိုက်သေးတယ်။ နာမည်ကြီး အဆိုတော်တွေ မဟုတ်ကြပေမယ့် အတော်နားထောင်လို့ ကောင်းပါတယ်။ ညနေစောင်း ၄ နာရီလောက်တော့ အားလုံးပဲ ကန်တော်ကြီးထဲကနေ လမ်းခွဲခဲ့ကြပါတယ်။ ဒီခရီးစဉ်လေးဟာ အပျော်ခရီးစဉ် မဟုတ်ပေမယ့် သူငယ်ချင်း အပေါင်းအသင်းတွေနဲ့အတူ ပျော်ရွှင်စွာ အလှူဒါနလုပ်ဖို့ သွားခဲ့ကြောင့် ၀မ်းသာပီတိဖြစ်ခဲ့ရပြီး ပျော်ရွှင်ခဲ့ရပါတယ်။ အဆင်ပြေမယ်ဆိုရင်တော့ ဒီလို အလှူဒါနမျိုးကို သူငယ်ချင်းတွေနဲ့ အတူ လုပ်ခွင့်ရချင်ပါသေးတယ်။ အားလုံးကိုလဲ အမှန်တကယ် အလှူရှင် လိုအပ်တဲ့ နေရာမျိုးမှာ ကုသိုလ်ဒါန ပြုကြဖို့ကို ဘလော့ခ် စာမျက်နှာပေါ်ကနေပြီး တိုက်တွန်းလိုက်ပါတယ်။
ဒါကတော့ အမှတ်တရ Movie လေးပါ

;;
Creative Commons License