Tuesday, April 28, 2009

ဇော်ဂျီဖောင့် ကောင်းမွန်စွာ ပေါ်အောင်လုပ်နည်း

မြန်မာလို Blog စရေးချင်တဲ့သူများအတွက် ကိုညီလင်းဆက် ရဲ့ How to assign Zawgyi-One font ကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

ပထမဆုံး ဘလော့ခ်ဂါ တန်းပလိတ်ထဲမှာ ဇော်ဂျီဖောင့်ကို Assign လုပ်ပေးရပါမယ်။ အဲဒီအတွက် သက်ဆိုင်တဲ့ CSS ကုဒ်ဒင်တွေ ရှိပါတယ်။ ကိုယ့်ပိုစ့်မှာ ဇော်ဂျီမြန်မာဖောင့် ကောင်းကောင်း ပေါ်စေချင်ရင် Post ဆိုတဲ့ နေရာကို လိုက်ရှာပါ။ ပြီးရင် အဲဒီအထဲမှာ Post Title ဆိုတဲ့ နေရာမှာ Zawgyi-One ဆိုတာကို ကြေငြာပေးရပါမယ်။ အောက်ကဟာက ကျွန်တော့ ဆိုဒ်က ပုံစံပါ။ ဖောင့်အရွယ်အစား ကတော့ ကိုယ်ကြိုက်သလို ပေးလို့ရပါတယ်။
.post-title {
margin:.25em 0 0;
padding:0 0 4px;
font-size: 15px "Zawgyi-One", Arial,Verdana, Zawgyi-One;
line-height:1.5em;
color:#6600cc;
}
ကိုယ်လိုချင်တဲ့ ဖောင့်အရွယ်အစားကို ချိန်ဆရပါမယ်။ အဲဒီလိုပဲ ကိုယ်ရေးတဲ့ ပိုစ့်တွေကို ကောင်းကောင်း ပေါ်စေချင်ရင် ဒီနေရာလေးတွေမှာ ထည့်လိုက်ပါဦး။

.post {
font-size: 11px "Zawgyi-One", Arial, Zawgyi-One;
}

.post div {
font-size: 11px "Zawgyi-One", Arial, Zawgyi-One;
}
အဲဒီထက် လွယ်တဲ့ နည်းကတော့ အခုမြင်နေရတဲ့ မြန်မာဘလော့ခ်များရဲ့ Sourcecode ကိုဖွင့်ကြည့်ပါ။ ပြီးရင် Edit>Find ကနေပြီးတော့ Zawgyi-One လို့ ရိုက်ပြီး ရှာပါ။ အဲဒီမှာ ရှာလို့ တွေ့သမျှ ကုဒ်ဒင်းကို ကူးယူပြီး ကိုယ့်ဘလော့ခ် တန်းပလိတ်ထဲမှာ ပြင်လိုက်ပါ။ အဲဒီလို ဖောင့်ကို မကြေငြာ ထားသရွေ့တော့ ကိုယ့်ဘလော့မှာ မြန်မာလို ရိုက်ပေမယ့် သူများတွေ မမြင်ရဘူးဆိုတာ သတိပြုစေလိုပါတယ်။

Monday, April 27, 2009

ဘလော့ခ်မြန်မာ ပြက္ခဒိန် လုပ်နည်း

မြန်မာ ပြက္ခဒိန် ကို ဘလော့ဂါများ အတွက် RSS version နဲ့ ဖော်ပြပေးလိုက်ပါတယ်။

RSS Feed: http://samerss.myanmarcalendar.com

Blogger.com ရဲ့ New version သုံးတဲ့လူတွေအတွက် နမူနာ

1) blogger.com တွင် Login ၀င်ပါ။

2) “Manage Your Blog” တွင် Layout ကိုနှိပ်ပါ။

3) Side bar ဘက်တွင် “Add Page Element” ကို နှိပ်ပါ။

4) Feed တွင် “Add To Blog” ကို နှိပ်ပါ (”Feed”-Add content from an RSS or Atom feed to your blog.)

5) “Feed URL” တွင် http://kowunnako.itmgmg.com ကို ထည့်သွင်းပါ။ “Continue” ကိုနှိပ်ပါ။

6) Title ကို သင်နှစ်သက်သလိုပြင်လို့ရပါသည်။ ပြီးလျှင် “SAVE CHANGES” ကို နှိပ်ပါ။
နေ့စဉ်နေ့တိုင်း မြန်မာပြက္ခဒိန်မှ ရက်စွဲများ အလိုအလျှောက် ပြောင်းလဲနေပါလိမ့်မည်။

Famous Pagoda From Myanmar (Burma)

ဖိုးဝန်းတောင်

ယင်းမာပင်မြို့နယ်တွင် သမိုင်းဝင် ဖိုလ်ဝင်တောင်နှင့် အင်ကြင်းတောင် တို့၌ သမိုင်းအရ ထင်ရှားသော ဘုရား၊ စေတီများအပါအ၀င် ဘုရားစေတီ(၁၈၅)ဆူ တည်ရှိပါသည်။ ဖိုလ်ဝင်းတောင် ဘုရားစေတီများ အတွင်းတွင် ရှေးလက်ရာ နံရံဆေးရေး ပန်းချီများ၊ ပန်းပု လက်ရာများအပြင် သစ်သား တံခါးများ တွင်လည်း ရှေးလက်ရာ ပန်းပုများကို အလှဆင်၍ ချယ်မှုန်း ထုလုပ် ထားသည်ကို တွေ့ရှိ နိုင်ပါသည်။ ယင်းမာပင် မြို့နှင့် (၇)မိုင် ခန့်အကွာတွင် တည်ရှိ ပါသည်။ ဖိုလ်ဝင်တောင် ဘုရား ပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း (၈)ရက်မှ လပြည့်နေ့အထိ စည်ကား သိုက်မြိုက်စွား ကျင်းပပါသည်။
(ဘုရား စေတီ အရေအတွက် မှာ ယခု မှတ်တမ်းတင် ထားသော အချက် အလက် များနှင့် ရှေးမှတ်တမ်း များပါ အချက် အလက်များ ကွဲပြား နေပါသည်၊ နှစ်ကာလ တိုက်စားမှု့ ကြောင့် ပျက်ဆီး ဆုံးရှုံးမှု များစွာ ရှိခဲ့ပါသည်။ ဘုရားစေတီများ အပါအ၀င် ဖိုးဝန်းတောင် သစ်တော ကြိုးဝိုင်း အတွင်း နေထိုင် ကြသော တိရစ္ဆာန် များ၏ ပျက်ဆီး ဆုံးရှုံးမှု့ သည် အများဆုံး ဖြစ်ခဲ့သည်။ အထူးသဖြင့် ယခင်က မျောက်များကို နေရာ အနှံ့ လက်ညှိုးထိုး မလွဲ တွေ့ရ သော်လည်း ယခု နောက်ပိုင်း တွင် အတော်ကလေး နည်းပါး သွားသည် ကို တွေ့ရ ပါသည်။ လူများနှင့် ယဉ်ပါးလွန်း နေပြီး ဖိုးဝန်းတောင် ဘုရား စေတီများ ကြားတွင် လှည့်လည် ကျက်စား နေကြသော မျောက်များအတွက် လျှပ်စစ်မီးများ တပ်ဆင်လိုက်စဉ်က ဆုံးရှုံးမှု့သည် အများဆုံး ဖြစ်ခဲ့ပြီး နောက်ပိုင်း တွင်လည်း တစ်တိတိ ကျဆင်းလျက် ရှိသည်။ ဖိုးဝန်းတောင်၏ ထူးခြားချက်မှာ ဖိုလ်ဝင်တောင် ဘုရားပွဲကာလ အတွင်း မျောက်များ လုံးဝ ပျောက်ကွယ် သွားတတ်ခြင်း ဖြစ်ပြီး ဘုရားပွဲ ပြီးလျှင် ပြန်ပေါ်လာ တတ်ခြင်း ဖြစ်ပါသည်၊ "ဖိုလ်ဝင်းတောင်ရှင်မ" က ဖွက်ထားသည် ဟု ကျွန်တော်တို့ ဒေသခံ များက ယူဆ ယုံကြည် ကြပါသည်။ "ဖိုးဝန်းတောင်" ဟု ခေါ်ကြ သော်လည်း အမှန်တကယ်မှာ ဖိုးဝန်းတောင် ဟူ၍ မရှိပါ။ တောင်များ အားလုံးကို စုပေါင်းပြီး ခေါ်လိုက်ခြင်း ဖြစ်ပါသည်။ ဖိုလ်ဝင်းတောင် တွင် ရှိနေသော တောင်များ၏ ပုံသဏ္ဍာန် မှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီး လျောင်းတော်မူ နေသည့် ပုံဏ္ဍာန် ရှိနေ၍ ထိုအချက် ကလည်း အနည်းငယ် ထူးခြား သည်ဟု ပြောနိုင် ပါသည်။

ဘုရားပေါင်း (၄၄၆၄၄၄)ဆူ ရှိသည်ကို စွဲ၍ "ရွှေလသာ ၀ါဝါ၀င်း" ဟု ထင်ရှားစွာ အမှတ်အသား ပြုရသော ဖိုးဝန်းတောင်သည် အောက်ချင်းတွင်းခရိုင် မုံရွာမြို့တစ်ဖက်ကမ်း ညောင်ပင်ကြီးဆိပ်မှ ၁၄ မိုင်အကွာ တွင် တည်ရှိသည်။ ပထ၀ီဝင် သဘောအရ မြောက်လတ်တီတွဒ် ၂၂ံ ၁၃' အရှေ၏လောင်ဂျီ တွဒ် ၉၄ံ ၅၈' တည်ရှိသည်။ တောင်တန်းသည် ပေ ၉၅၀ ကျော် အမြင့်ရှိသော တောင်စဉ်တောင်တန်း ဖြစ်၍ တောင်ရိုး၏ ဘေးတစ်ဖက်တစ်ချက်တို့တွင်လည်း မနက်လွန်းသော ချောက်ကမ်းပါးများ ကျောက်တုံး ကြီးများ ရှိသည်။ တောင်၏ ပတ်ပတ်လည်၌ ချောက်ကမ်းပါးများ ဖြစ်၍ တောင်ထိပ်တွင် ညီညာ၍ ကုန်ပြင် မြင့် သဏ္ဍာန် ရှိသည်။ ဖိုးဝန်းတောင်သည် ယင်းတောင်၏ အနောက် ဘက် တောင်ကမ်းပါးပြတ် တို့၌ တည်ထားသော ဘုရားများနှင့် ထုထွင်း ပြုလုပ် ထားသော ရှေးမြန်မာ ကျောက်ဆစ်လက်ရာများ ကြောင့် ကျော်ကြားခြင်း ဖြစ်သည်။

ရသေ့ရဟန်း သူတော်စင်တို၏ တရားအားထုတ်ရာ နိဗ္ဗန်ဖိုလ်ဝင်ရာ တောင်ဖြစ်သဖြင့် ဖိုလ်ဝင်တောင်ဟူ၍ လည်းကောင်း၊ ၀ိဇ္ဇာဇော်ဂျီတို့ ထွက်ရပ်အတွက် ဖိုထိုးရာ ဖိုဝင်ရာဖြစ်၍ ဖိုဝင်တောင်ဟူ၍ လည်းကောင်း၊ တောင်ပေါ်မှ ဘုရားများကို ဘုရင်နှင့်တကွ စစ်သည်ဗိုလ်ပါ အလုံးအရင်း တို့ ၀ိုင်းဝန်းတည်ထွင် ကုသိုလ်ပြုခဲ့ကြခြင်းကို အကြောင်းပြု၍ ဗိုလ်ဝန်းတောင်ဟူ၍ လည်းကောင်း အသီးသီးတွင်ရာမှ "ဖိုးဝန်းတောင်" ဖြစ်လာ သည်ဟူ၍ ဆိုကြလေသည်။

ဖိုးဝန်းတောင် သမိုင်းအဆိုရမူ သက္ကရာဇ် ၂၀၉ ခုနှစ်တွင် ဟင်္လဂပူရတိုင်း ပြူမင်းပြုံးမင်းခေါ် ဗန္ဓ၀မင်းသည် တိုင်းခန်း လှည့်လည် ယင်း ဤဖိုးဝန်းတောင်တန်း တည်ရာ အရပ်ဝန်းကျင်သို့ ရောက်ရှိလာရာ၊ တောင်နှင့် ၃ မိုင်ခန့် ကွာသော ယခု "မင်းစုကြီးရွာ" နေရာတွင် ချွေးတပ်စွဲ နေလေသည်။ ဖိုးဝန်းတောင် ဒေသ၏ အနေအထားနှင့် ကျောက်ဆောင် ကျောက်တုံးများကို ဘုရားထွင်းထု ပူဇော်ရန် ဗန္ဓ၀မင်းသည် ဆန္ဒပြင်းပြသည့်အလျောက် ဘုရင်မှအစ မိဖုရား မှူးမတ် စစ်ဗိုလ် စစ်သားအထိ တစ်ဦးလျှင် ဘုရား တစ်ဆူစီ ထွင်းထုလှူဒါန်း ကြရာမှ ဘုရားအဆူပေါင်း ၄၄၆၄၄၄ တည်ရှိ နေခြင်း ဖြစ်လေသည်။ စတင်ထုထွင်း လှူဒါန်းသော ဘုရားနှင့် လိုဏ်ဂူကြီး (၆) ခုမှာ -
(၁) ဆုတောင်းပြည့်
၂) ဆုတောင်းရ
၃) တတိုင်းပြည့်
၎) တင်းတင်းပြည့်
၅) သက်တော်ရှည်
၆) သက်တော်ရ ဟူ၍ ဖြစ်သည်။
ဘုရားလိုဏ်ဂူအတွင်း၌ မျက်နှာကျက် နံရံတို့တွင် မြန်မာ ရှေးပန်းချီများနှင့် စကားစိမ်းသားစုတ်တံ တမာစေးနှင့် ဖျော်ရသော သဘာဝ တွင်းထွက်ကျောက်ဆေးအိုးမှ ဆေးရောင်စုံများကို တွေ့ရှိ နိုင်သည်။ မာကျောသော ကျောက်သားကို နုနုရွရွ ပန်းခက် ပန်းကြွ နဖူးစည်းများ ထုထွင်းထားပုံမှာ အိန္ဒိယနိုင်ငံရှိ အဇန္တာလိုဏ်ဂူမှ လက်ရာများထက်ပင် ချီးကျူဖွယ် ဖြစ်သည်။ ဖိုးဝန်းတောင်ပေါ်ရှိ အခြားထင်ရှားသော ဂူလိုဏ်ဘုရား စသည်တို့မှာ (၄)ခန်းတွဲ အိမ်ကြီး (၄) လုံးစာခန့်ရှိ ကျောက်တုံးကြီးကို နန်းတော်ဟန် ထုလုပ် ထားသော "မိဖုရားကြီး လိုဏ်ဂူ"၊ တိုက်တန်းလျားကြီး သဖွယ် ဥမင်ကျောက်ဂူ အရှည်ကြီး ထွင်း၍ ယင်း အပေါ်၌ တည်ထားသော "လွမ်းစေတီ"၊ ကရမက်နံ့သာဖြူ တို့ကို အမှုန့် ပြုလုပ် အဂ္ဂတေ သရိုးကိုင်၍ တည်ထားသော "နံ့သာစေတီ" စသည်တို့ ဖြစ်သည်။

ဖိုးဝန်းတောင်မကြီးနှင့် တစ်ဆက်တည်းတွင် "နွားသိုးတောင်၊ လင်းနို့တောင်၊ ကျောက်တစ်လုံး တောင်၊ ဖန်ခါး တောင်နှင့် ရွှေဘတောင်" စသည်ဖြင့် တောင်မျာစွာရှိသည်။ တောင်တိုင်းတွင် ဘုရားနှင့် လိုဏ်ဂူများ ရှိသည်။ နွားသိုး တောင်တွင် ဗန္ဓ၀မင်းကြီး ၏ မိဖုရားကြီးက အရိမေတ္တယျ ဘုရားသခင် ပွင့်သည့်အခါ ကျောင်းတော် ဆောက်ရန် ရည်စူး၍ မြုပ်နှံထားသော ပစ္စည်းဥစ္စာများကို ရန်သူမျိုး ငါးပါး ဘေးမှ ကာကွယ် စောင့်ရှောက်ရန် ကျောက်နွားသိုးရုပ်တစ်ခု ထု ထားသည်။ ယင်းကို အစွဲပြု၍ "နွားသိုးတောင်" ဟုတွင်သည်။ ဗန္ဓ၀မင်း အသုံးတော်ခံ သူကြွယ်ကြီး ဘိုးရွှေဘသည် မူလ လိုဏ်ဂူများ အပြင် နောက်ဆက်တွဲ ထွင်းထု လှူဒါန်းခဲ့ရာ တောင်ကို "ရွှေဘတောင်"ဟု ခေါ်လျက် ရှိကြသည်။ ဖိုးဝန်းတောင် နှင့် ဆက်လျက် တောင်တန်း များအနက် ဖန်ခါးပင်များ အလွန်ပေါသည်ကို စွဲ၍ တွင်နေသော "ဖန်ခါးတောင်" သည် အမြင့်ဆုံး ဖြစ်သည်။

ဖိုးဝန်းတောင်တွင် ပုဂံခေတ် ရှေးကျသော လက်ရေးပါသည့် အုတ်ခွက်များကို တွေ့ရှိ ရသဖြင့် ပုဂံခေတ်ကပင် ဤတောင်၌ သာသနာရေး အဆောက်အအုံများ ရှိမည်ဟု ခန့်မှန်း နိုင်သည်။ တောင်ပေါ်တွင် သက္ကရာဇ် ၁၀၀၀ ကျော် ထိုးစာပါသည့် ခေါင်းလောင်း ၈ ခုရှိသည်။ ရှေးက ဖိုးဝန်းတောင်မှာ တရုတ်ပြည်မှ အိန္ဒိယသို့ သွားရာ ကုန်းလမ်းကျ သဖြင့် သာသနာ ပြန့်ပွားခဲ့ဟန် တူ၏။ ယခုတွေ့ရသော လက်ရာများကား နောက်ကျသော ခေတ်များမှ လက်ရာများ ဖြစ်ကြလေသည်။

ဖိုးဝန်းတောင် ဘုရားပွဲကို ယခုအခါ နှစ်စဉ် တန်ဆောင်မုန်း လတိုင်း ကျင်းပလျက်ရှိရာ ပွဲတော်လာ ပရိသတ် အထူး စည်းကား လှသည်။ ဖိုးဝန်းတောင်သို့ မုံရွာမြို့ တစ်ဖက်ကမ်းမှ ကားလမ်း ခရီးပေါက်သည်။

Ref: မြန်မာစွယ်စုံကျမ်း CD

အလောင်းတော်ကဿပ

မုံရွာခရိုင်၊ ကနီမြို့နယ်အတွင်း တည်ရှိသော အလောင်းတော်ကဿပ ဒေသသည် မုံရွာမြို့ တစ်ဘက်ကမ်း ညောင်ပင်ကြီးဆိပ်မှ မိုင် (၆ဝ) ကျော် ကွာဝေးပါသည်။ ယခုနှစ် တပို့တွဲ လပြည့်နေ့က အလောင်း တော်ကဿပ ပရိနိဗ္ဗာန်ပြုရာ စံကျောင်းတော် ကျောက်သားတံခါး ပွင့် ဟမှုဖြစ်စဉ်ကို ရန်ကုန်မြို့မှဘုရားဖူးလာရောက်သူ အမျိုးသမီးတစ်ဦး မှ မှတ်တမ်းတင်ဗီဒီယို ရိုက်ကူးနိုင်ခဲ့သည်ဟု ဆိုပါသည်။ ဒေသခံများ ၏ ကိုယ်တွေ့၊ ပြောပြချက်အရမူ အလောင်းတော်ကဿပတွင် နှစ်စဉ် တပို့တွဲလပြည့်နှင့် တပေါင်းလပြည့်နေ့များတွင် ထူးခြားမှုဖြစ်ပေါ်လေ့ ရှိကြောင်း သိရပါသည်။ ရှေးယခင်က အလောင်းတော် ကဿပသို့ ဘုရားဖူးသွားလိုလျှင် ခြေလျင်ခရီးသာရှိပြီး ယခုအခါ ပွင့်လင်းရာသီ တန်ဆောင်မုန်းလ မှ စတင်၍ တန်ခူးလသင်္ကြန် မတိုင်မီအထိ မော်တော်ယာဉ်များဖြင့် စိတ်ချမ်းမြေ့စွာ သွားလာနိုင်ပါပြီ။

မြေခင်းဧရိယာ ကျယ်ဝန်းသော ချောင်းမကြီးစခန်းတွင် ယာဉ်ရပ်နား၍ တစ်မိုင်ခရီးကို ခြေလျင် လျှောက်ရုံသာပင်။ အလောင်းတော်ကဿပ တွင် တည်းခိုစခန်းများ၊ စားသောက်ဆိုင်တန်းများ သီးခြားတည်ရှိပြီး အရှေ့ဘက်ယွန်းယွန်း မနီးမဝေးတွင် ကြေးပြာသာဒ်စံကျောင်းတော် ဖြင့် အလောင်းတော်ကဿပ ကိုယ်စားတော်အား ဖူးမြင်နိုင်သည်။ ကိုယ်စားတော်၏ ဦးခေါင်းတော် အောက်တည့်တည့် လိုဏ်ဂူအတွင်း မှာ အလောင်းတော်၏ ခြေတော်အစုံတည်ရှိသည်။ ဥာဏ်တော် (၁ဝ) တောင်ရှိပြီး အနောက်မြောက်ဆီသို့ ဦးခေါင်းထား၍ ပရိနိဗ္ဗာန်ပြုနေ ဟန် ရဟန္တာ ပုံသဏ္ဌာန်ဖြစ်ပါသည်။ မူလဒါယကာမှာ အဇာတသတ်မင်း ဟုဆိုကြသည်။

စံကျောင်းတော်မြောက်ဘက် အုတ်လှေကားငယ်အတိုင်း ဆင်းသွားပါက တောင်ခြေလျှိုထဲသို့ ရောက်ပါမည်။ ဝေဘူလ၊ ဝေဘာရ၊ သုနန္ဒရ တောင်သုံးလုံး ဆုံရာအရပ်ဖြစ်ပြီး ဝေဘာရတောင်အလယ်တွင် စံကျောင်းတော် တည်ရှိသည်။ သမိုင်းဟောင်းပေစာများ အဆိုအရ အလောင်းတော်ကဿပမထေရ်သည် ကောဇာသက္ကရာဇ် ၁၅၄ ခု၊ တပို့တွဲလပြည့်၊ အင်္ဂါနေ့၊ သက်တော် ၁၂ဝ၊ ဝါတော် သိက္ခာ ၅ဝ ပြည့်တွင် ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့သည်။ ဝေဘာရတောင် အလယ်ဗဟိုအတွင်းတွင် အလျား၊ အနံ၊ အမြင့် ၃၅ တောင်စီ စတုရန်းညီမျှသော ဂန္ဓကုဋီတိုက်တော်ရှိသည်။ တိုက်တော်အတွင်း ကြေးပြာသာဒ်ကြီးဖြင့် မြသလွန်ညောင်စောင်းပေါ်တွင် ရှင်မဟာကဿပသည် မြောက်သို့ ဦးခေါင်းပြုကာ လက်ယာနံတော်စောင်း၍ ပရိနိဗ္ဗာန်ပြုတော်မူပါသည်။ စံကျောင်းတော်တွင် အတောင် ၅ဝ စီခြား၍ ရွှေတံခါး၊ ငွေတံခါး၊ ကျောက်တံခါး ၃ တန် ဖြင့် ကာရံထားသည်။ အချို့ သမိုင်းတွင် အလောင်းတော်ဘေး၌ ထွန်းညှိထားသော ရွှေ၊ ငွေ၊ မြ၊ ပတ္တမြား ဖယောင်းတိုင် (၄) တိုင်အား ကုသိုလ်ရှင် အဇာတသတ်မင်းကြီးက အဓိဋ္ဌာန်ပြုခဲ့သဖြင့် အရိမေတ္တယျဘုရား ပွင့်တော်မူရာကာလ အလောင်းတော်ကဿပ တေဇောဓာတ်ကျွမ်းလောင်ပြီးမှ ငြိမ်းမည်ဟု ဆိုပါသည်။

တောင်သုံးလုံးဆုံရာ အောက်ခြေရှိ လိုဏ်အတွင်းမှ ကျောက်တံခါးကို စံကျောင်းတော်တံခါးဟု ဘုရားဖူးများက ယုံကြည်ကြပြီး အထက်ဘက်ရှိ ကိုယ်စားတော်အား လှူဖွယ်အမျိုးမျိုး ကပ်လှူကြ၍ ကျောက်တံခါးတွင်မူ အလောင်းတော်အား ရည်မှန်း၍ ရွှေသင်္ကန်းကပ်လှူခြင်း၊ ကျောက်တံခါးပွင့်ဟနေသောကြားမှ ဝတ္ထုနှင့် လက်ဝတ်ရတနာများ လှူဒါန်းကြလေ့ရှိသည်။

ထူးခြားမှုများ
လွန်ခဲ့သော နှစ် ၆ဝ ခန့်က ဆိုလျှင် ကျောက်တံခါးဝလိုဏ်ဂူအတွင်း၌ စံကျောင်းတော်ထဲသို့ စီးဝင်သော ချောင်းငယ်လေးရှိသည်။ ဆွမ်းတော်ပွဲကို ဖောင်ငယ်ပေါ်တင်၍ အဓိဋ္ဌာန်ပြုလှူဒါန်းပါက အောက်ဥမင်ဝတွင် လှူဖွယ်များ ပါမလာတော့ဟု သိရသည်။ ယခု အခါတွင်မူ ထိုချောင်းငယ်မှာ သဲများဖြင့် ပိတ်ဆို့သွား၍ ကွန်ကရစ်လျှောက်လမ်း ခင်းပေးထားပါသည်။ ထို့အတူ ကျောက်တံခါးရှေ့ သဲသောင်တွင် အဓိဋ္ဌာန်၍ ရွှေ၊ ငွေ မြှုပ်နှံပြီး မည်၍မည်မျှကိုဖြင့် အဆောင်အဖြစ် ပြန်စွန့်တော်မူပါဟု ဆုတောင်းလျှင် ပြန်၍ တူးဖော်သောအခါ ထိုပမာဏအတိုင်း ရရှိခဲ့သည်။ ယခုခေတ်တွင်လည်း ကျောက်တံခါးကြားတွင် ဝတ္ထုငွေကပ်လှူပြီး ဆောင်ထား လိုသောဆန္ဒဖြင့် ရှိခိုးဝတ်ပြုပြီးပါက ဆောင်ရမည့်ဝတ္ထုသာ ကျန်သောဖြစ်စဉ်များကို ကိုယ်တွေ့ကြုံသူများ အများအပြားရှိသည်။

ခြေတော်ရာ
ရှင်မဟာကဿပ မထေရ်ကြီးသည် မဏိပူရမှ တောင်သုံးလုံးဆုံရာအရပ်သို့ ကြွတော်မူရာတွင် မင်းကင်းမြို့နယ်၊ နှင်းကြီးရွာမှ (၄) မိုင်ခန့်အကွာ အညာလယ်ရွာတွင် ခြေတော်ရာတစ်ဆူ ချတော်မူခဲ့သည်။ ယခုအခါ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း တည်ရှိပြီး ခြေတော်ရာပေါ်မှ မြေပေါက်လိုဏ်စေတီ တည်ထားသည်။

သပိတ်ဆေးချောင်း
ပုထိုးလုံးချောင်းအနီးရှိ ချောင်းငယ်တစ်ခုမှာ ရှင်မဟာကဿပမထေရ် ဆွမ်းဘုဉ်းပေးတော်မူပြီး သပိတ်တော် ဆေးခဲ့လို့ “သပိတ် ဆေးချောင်း” ဟု ခေါ်သည်။ ချောင်းအတွင်း၌ ဆွမ်းလုံးသဏ္ဌာန်ကျောက်ခဲများ ယနေ့တိုင် တွေ့မြင်နိုင်သည်။

သင်္ကန်းလှန်းကျောက်ဖြာ
ဘုရားဝစခန်းအောက် (လေးမိုင်) အကွာရှိကျောက်ဖြာအနီးမှာ မထေရ်ကြီး အနားယူတော်မူပြီး ဘုရားရှင်နှင့် သင်္ကန်းချင်းလဲလှယ် ထားသော ပံ့သကူဒုကုဋ်နှစ်ထပ် သင်္ကန်းကြီးကို ကျောက်ဖြာပေါ်တွင် ဖြန့်လှန်းခဲ့သည်။ ကျောက်ဖြာပေါ်မှာ ဒုကုဋ်သင်္ကန်းအကွက် များနှင့် သင်္ကန်းအနားပတ်နေရာ အကွက်များ ယနေ့တိုင်ထင်ကျန်နေပါသည်။

ကျီးဖိုနှင့်ကျီးမ
အလောင်းတော်ကဿပ မရောက်မီ ချောင်းမကြီးစခန်းရှိ သစ်ပင်ကြီးများပေါ်မှ ကျီးဖို၊ ကျီးမ နှစ်ကောင်တို့သည် ဆီးကြို နှုတ်ဆက်ဟန်ပြုကြပြီး ဘုရားဖူးလာသူတို့ရှေ့ မှလမ်းပြပျံသန်းသည်ကို အခေါက် တိုင်းကြုံဖူးသူများရှိပါသည်။

ကျောက်တံခါးဖွင့်၍ ဖူးခွင့်ရခဲ့သူများ
ကနီမြို့နယ်၊ ယာကြီးအုပ်စု၊ ရွာမကျေးရွာမှ မောင်ထွန်းကြိုင်၊ မောင်ကျော်၊ ဒေါ်မိဒေါင်း၊ ဒေါ်ကြွားတင် စသူတို့ပါဝင်သော (၁ဝ)ဦး အဖွဲ့သည် လွန်ခဲ့သောနှစ် ၃၀ (၁၃၄ဝ ခု၊ တပေါင်းလပြည့်ကျော် ၂ ရက်၊ နံနက် ၈ နာရီ) က အလောင်းတော်ကဿပအောက် လိုဏ်ဂူကျောက်တံခါးဝတွင် ဖူးမြော်နေကြသည်။ ထိုသူတို့ရှေ့၌ အလွန်ကြည်လင်တောက်ပသော အလင်းရောင်အလုံးတစ်လုံး ပေါ်လာကာ တဖြည်းဖြည်းငယ်ရာမှကြီးလာပြီး လိုဏ်ဂူကြီးတစ်ခုလုံး လင်းထိန်သွားသည်။ ရှေးဦးစွာ အလောင်းတော်၏ခေါင်းရင်း ဘက်မှ ရွှေစေတီတစ်ဆူပေါ်လာပြီး မကြာမီ အလောင်းတော်အစစ်အား ကျောဘက်မှ ဖူးမြင်ခွင့်ရခဲ့ကြသည်။

တောပွဲ၊ မြို့ပွဲ
အလောင်းတော်ကဿပမှာ အစည်ကားဆုံးပွဲတွေက တပို့တွဲလပြည့် ထမနဲစတုဒီသာပွဲနှင့် တပေါင်းလပြည့် ဆွမ်းဆန်စိမ်း လောင်း လှူပွဲတို့ဖြစ်သည်။ ထမနဲပွဲတွင် မြန်မာနိုင်ငံအရပ်ရပ်မှ ကားကြီးကားငယ် အသွယ်သွယ်ဖြင့် လာရောက်ကြသော မြို့ပွဲဖြစ်သည်။ တပေါင်းလပြည့်တွင်မူ မင်းကင်း၊ ကနီ၊ ယောဒေသများမှ ခြေလျင် ဘုရားဖူးလာကြသူများ၏ ပွဲဖြစ်သည်။ သံဃာတော်များအား ဘုရားဖူးများက အောက်လိုဏ်ဂူမှ အထက်လိုဏ်ဂူအထိ တန်းစီ၍ ရေသိမ်အပြီးတွင် လှူဖွယ်များ လောင်းလှူလေ့ရှိသည်။ မွန်းလွဲ (၁) နာရီကျော်ခန့်တွင် အောက်လိုဏ်ဂူ အဝင်ဝဘယ်ဘက်ဘေးရှိ ဂူအတွင်းတွင် အလင်းရောင်အလုံးအရွယ်စုံ ကူးယှက်လှုပ်ရှား သည်ကို ယနေ့တိုင်နှစ်စဉ် တပေါင်းလပြည့် မွန်းလွဲ ၁ နာရီမှ ၂ နာရီအတွင်းတွင် မိနစ်ပိုင်းခန့်မြင် တွေ့ရမြဲဖြစ်သည်။

သဒ္ဓါတရား ထက်သန်သူတို့၏ ယုံကြည်မှုကြီးမားချက်အရ အလောင်းတော်ကဿပ ဘုရားဖူးရာတွင် ထူးခြားစွာ ဖြစ်ပေါ်မှုများကို နှစ်စဉ် တပို့တွဲလပြည့်နှင့် တပေါင်းလပြည့်နေ့များ၌ ဖူးမြင်နေရဆဲဖြစ်ပါသည်။

စကားချပ် ။ ဤစာများအားလုံးကို “ခွပ်ဒေါင်းမြေ ဘလော့” မှ ကူးယူတင်ပြထားခြင်း ဖြစ်ပါသည်။ အလောင်းတောက်ကဿပ ကို ဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အတွေးအမြင်နဲ့ အတွေ့အကြုံများမှ ချဉ်းကပ်ရေးသားထားခြင်း ဖြစ်တဲ့အတွက် သိမှတ်စရာအချို့ ပါဝင်နေသောကြောင့် ကူးယူတင်ပြခြင်း ဖြစ်ပါသည် ကျွန်ုပ် သွားရောက်စဉ်က အတွေ့အကြုံများကိုတော့ နောက်အသစ်တင်မည့် ပို့စ်များတွင် ဆက်လက်ဖော်ပြပါမည် ယခု ကျွန်ုပ်ကိုယ်တိုင် ရိုက်ကူးလာခဲ့သော ဓါတ်ပုံများကိုသာ ဦးစွာ ဖော်ပြထားပါသည်။

လင်းလင်း


Alaung Daw Katapha Trip

ရေးဖြစ်ခဲ့တဲ့ ကဗျာလေးတစ်ပုဒ်

ကျွန်တော် ၂၀၀၆ တုန်းက Planet မှာစပြီး ကဗျာလေးတွေ စရေးဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက ရေးထားတဲ့ ကဗျာလေးတွေ ၆ ပုဒ်လောက်တော့ ရှိမယ်။ ဖြစ်ချင်တော့ ပလန်းနက်က အကြောင်းတစ်ခုကြောင့် Website ကို Format ပြန်ချလိုက်တဲ့အခါမှာ ကျွန်တော့်ကဗျာတွေ အကုန်ပါကုန်ရော။ ကျွန်တော်ကလဲ အွန်လိုင်းမှာရေးပြီး တစ်ခါထဲ တင်ထားတာဆိုတော့ ကိုယ့်ဆီမှာ မူရင်းတွေလဲ မကျန်တော့ဘူး။ ကံကောင်းချင်တော့ ကဗျာလေးတစ်ပုဒ်က ကျွန်တော့်အွန်လိုင်းက သူငယ်ချင်းတွေဆီကို Gmail ကနေတဆင့် ပို့ထားမိတော့ အဲဒီ့ကဗျာလေးပဲ ကျန်နေတယ်။ ကျွန်တော်က အရင်ကလဲ ကဗျာရေးလေ့ရေးထမရှိပါဘူး ဒီကဗျာလေးကလဲ စိတ်ထဲရှိတာလေးကို ချရေးထားတာလေးပါ.....

နောက် Post တွေမှာလဲ ကဗျာတွေကို ဖော်ပြပေးပါဦးမယ်။ ကျွန်တော့်ဆီကို မိမိတို့ရဲ့ ကဗျာများ ပေးပို့လိုပါက yanakosan@gmail.com ကှိုဆက်သွယ် ပေးပို့နိုင်ပါတယ်။

Saturday, April 25, 2009

ဂဠုန်ဦးစောနဲ့ ဘုရားတစ်ဆူ အကြောင်း

Galon U Saw
Photo: Corbis

အလောင်းမင်းတရားကြီး၏ ဗုဒ္ဓရုပ်ပွားတော် ရန်ကုန်သို့ ပင့်ဆောင်ရောက်ရှိလာ (၂၅.၄.၁၉၄၈)
၁၉၄၈ ဧပြီလ ၂၅ရက်နေ့တွင် ဉာဏ်တော် ၆ပေနီးပါးရှိသော ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ အမရပူရမှ ရန်ကုန်သို့ ပင့်ဆောင် ရောက်ရှိလာကြောင်း သတင်းတစ်ပုဒ်ကို ဧပြီလ ၂၈ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထား၏။ အလောင်းမင်းတရားကြီး ကိုးကွယ်ခဲ့သည့် ဗုဒ္ဓရုပ်ပွားတော်ကြီးမှာ သင်္ကန်းနက်သားဖြင့် ထုလုပ်ထားပြီး ရွှေချထားကြောင်း၊ ပုဂံမြို့ အာနန္ဒာဘုရားတွင်းရှိ ဆင်းတုတော်ပုံသဏ္ဌာန်ရှိကြောင်း သတင်းများက ဆိုသည်။ ယင်းဗုဒ္ဓ ရုပ်ပွားတော်ကြီးမှာ နန်းတွင်းမှ မင်းစဉ်မင်းဆက် ကိုးကွယ်ခဲ့ကြပြီးနောက် အမရပူရမြို့ သာသနာပိုင် ဆရာတော်ထံ ရောက်ရှိခဲ့ကြောင်း၊ ထိုမှတဆင့် နန်းရင်းဝန် ဦးစောက ဆရာတော်၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်သို့ ပင့်ဆောင်လာက ရွှေတိဂုံ စေတီတော် ပြတိုက်သို့ လှူဒါန်းခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။
ခေတ်ဟောင်းသတင်းစာများက ပြောသော ၁၂လရာသီ အဖြစ်အပျက်များ၊ တင်နိုင်တိုး၊ သူရိယစာပေ၊ ၂၀၀၉ မတ်လ။ စာ ၉၆

ဒီတုန်းက ကျုပ်ဟာ နန်းရင်းဝန်ကြီး ဘဝနဲ့ ရွှေဘိုနယ်ကို ရောက်ခဲ့တယ်။ ဒီအချိန်က ရွှေဘိုနယ်မှာ အတော်ထင်ရှား ကျော်ကြားနေတဲ့ အလောင်းဘုရား ဦးအောင်ဇေယျ ကိုးကွယ်ခဲ့တဲ့ သင်္ကန်းနက်ဘုရား မတ်တပ်ရပ် ဆင်းတုတော်ဟာ အတော် တန်ခိုးကြီးတယ်၊ ဆုတောင်းပြည့်တယ်၊ လိုတရတယ်၊ ရန်ကိုအောင်နိုင်တယ် ဆိုတဲ့ သတင်းကြောင့် ဒီဘုရားကို မရအရ ရတဲ့နည်းနဲ့ ကျုပ်ယူခဲ့မိတယ်။ ဒါပေမယ့် ကိုးကွယ်လိုလို့၊ ကြည်ညိုသဒ္ဓါနဲ့ ပင့်ခဲ့တာ မဟုတ်ဘူး။ ကျုပ်အကျိုးအတွက် ကြည့်ပြီး ယူခဲ့တာပဲ။ ဒီတော့ ဆင်းတုတော်ကို သာမန်မျှသာ ကိုးကွယ်မှု အဆင့်တွင် မဟုတ်ဘဲ ကျုပ်ရဲ့ အဆောင်သဘောမျိုးပဲ ထားခဲ့မိတယ်။ အဲဒါ ကျုပ်ရဲ့ မဟာအမှားကြီးပါပဲ။ နောက်မှ သိရတာက ဒီဆင်းတုတော်ကြီးဟာ တန်ခိုးကြီးသလောက် အလွန် ခိုက်တယ်ဆိုတာ သိရတော့ နောက်ကျသွားပြီ။ ဒီတော့ ကျုပ်ဟာ အင်္ဂလိပ် အကျဉ်းသမား ဖြစ်လိုက်၊ သေနတ်ချောင်းပစ်ခံလိုက်နဲ့ နောက်ဆုံး ခုအခြေအနေထိ ဖြစ်ခဲ့တာပဲ။ နောက် ကျုပ် ဒီအထဲရောက်မှ အဲဒီ ဆင်းတုတော်ကြီးကို ရွှေတိဂုံစေတီတော် စနေထောင့်မှာ ကျောင်းဆောင်တစ်ခုနဲ့ လှူဒါန်းလိုက်ရတယ်" ဟု ဝမ်းနည်းစွာ ပြောခဲ့သည်။ ၎င်းဘုရားအား ဦးစောကို သရဏဂုံ တင်စဉ်မှ ရေစက်ချသွားခဲ့သည်။
ဂဠုန်ဦးစော၏ နောက်ဆုံးနေ့များ၊ သန်းဝင်းလှိုင်၊ အင်ကြင်းစာပေ၊ ၂၀၀၉ ဖေဖော်ဝါရီ။ စာ-၂၂၀

ဂဠုန်ဦးစောကို အင်္ဂလိပ်က အစ္စရေးနိုင်ငံ ဟိုင်ဖာမြို့မှာ ထိန်းသိမ်းခဲ့တာ ၁၉၄၁ခုနှစ် အောက်တိုဘာလ ထဲမှာပါ။ ပြီးတော့ သူ့ကို အာဖရိကတိုက်က ယူဂန္ဓာမှာ အကျဉ်းချထားခဲ့တယ်။ သူပြန်လွတ်လာတော့ ၁၉၄၆ ဇန်နဝါရီလမှာပါ။ အဲဒီနှစ် စက်တင်ဘာ ၂၁ ရက်နေ့မှာပဲ မြေနီကုန်း စိန့်ဖလိုးကျောင်းရဲ့ ရှေ့မှာ သေနတ်နဲ့ပစ် လုပ်ကြံတာ ခံရပါတယ်။ ဦးစောဟာ ဒါကို ဗိုလ်ချုပ်အောင်ဆန်း လုပ်တာလို့ အထင်မှားခဲ့ရာက အညှိုးအတေးတွေနဲ့ နိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်လာတယ်လို့ ဆိုကြတယ်။ (ဦးစောကို လုပ်ကြံခဲ့တာ ရွှေဝါပြည်ကြီး ဝတ္ထုရေးတဲ့ ရန်ကုန်ဘဆွေ တို့ လူစုလို့ မှတ်သားဖူးပါတယ်။ ဒါကြောင့် တကယ်လို့ ဦးစောကိုသာ ရန်ကုန်ဘဆွေတို့က မလုပ်ကြံခဲ့ဘူးဆိုရင် ဗိုလ်ချုပ်တို့ကို လုပ်ကြံမယ့် ကိစ္စကြီးဟာလည်း ဖြစ်လာမှာ မဟုတ်ပါဘူးလို့ မတ်လ တတိယပတ်လောက်က ထုတ်ခဲ့တဲ့ လျှက်တပြက်ဂျာနယ်မှာ သူ့ဆွေမျိုး တစ်ယောက်က ပြောထားတာကို ဖတ်လိုက်ရပါတယ်)။

အဓိက ပြောချင်တာလေးက ဦးစောအကြောင်းလဲ မဟုတ်ပါဘူး။ တခါတုန်းက မန္တလေးက သူငယ်ချင်း တစ်ယောက်က စာရေးပြီး မေးဖူးတဲ့ စာဘယ်လို ဖတ်သလဲဆိုတာလေး ပြန်သတိရမိလိုက်လို့ရယ် ရွှေတိဂုံဘုရား အခါခါ တက်နေရဲ့သားနဲ့ ကိုယ်သတိမထားမိတဲ့ အဖြစ်အပျက်လေး တစ်ခုကို မှတ်တမ်းတင်ချင်တာရယ်ကြောင့် ဖြစ်ပါတယ်။

ဦးစောနဲ့ ပတ်သတ်ပြီး ပထမဆုံး ပြည့်ပြည့်စုံစုံ စဖတ်ဖူးတာက ဒေါက်တာမောင်မောင်ရဲ့ စာအုပ်ပါ။ ၁၉၉၉ လောက်မှာ ဖတ်ဖူးပါတယ်။ ဒါနဲ့ ပတ်သက်တဲ့ နောက်တစ်အုပ်ကိုတော့ စင်္ကာပူမှာ ဖတ်ခဲ့ရတယ်။ Who Kill Aung San ဆိုတဲ့ စာအုပ် ဖြစ်ပါတယ်။ အဲဒီစာအုပ်ကလည်း တော်တော်လေး စဉ်းစားစရာကောင်းတဲ့ စာအုပ်တစ်အုပ်ပါ။ နောက် ဒီနှစ်ထဲကျတော့ ဆရာသန်းဝင်းလှိုင်ရဲ့ စာအုပ် ထွက်လာတယ်။ သူ့စာအုပ်က ဒေါက်တာမောင်မောင် စာအုပ်နဲ့ တူပေမယ့် နောက်ပိုင်းမှာတော့ ပါဆင်နယ် ကိစ္စလေးတွေ ပါလာတယ်။ ဒါကြောင့်လည်း ဦးစောရဲ့ မျိုးဆက်တွေနဲ့ ပြဿနာတက်ပြီး ဂယက်ရိုက်ခဲ့တယ်။ ဒါနဲ့ လွန်ခဲ့တဲ့လကမှ ဆရာတင်နိုင်တိုးရဲ့ စာအုပ်ကို ဝယ်ဖတ်ဖြစ်တယ်။ ဆရာ့စာအုပ်က သတင်းစာတွေထဲက ထူးထူးခြားခြား အကြောင်းအရာတွေကို စုစည်းထားတာပါ။ အဲဒီစာအုပ် ဖတ်နေရင်းက ဧပြီလနဲ့ ပတ်သက်တဲ့ အပိုင်းမှာ အထက်က အကြောင်းအရာလေးကို သွားတွေ့ပါတယ်။ သွားတွေ့တွေ့ချင်းပဲ ကျွန်တော့် ခေါင်းထဲမှာ အဲဒီစာအုပ်ကို ချက်ချင်း သွားသတိရလိုက်ပါတယ်။ ဒီနေရာမှာ ကျွန်တော် အဓိက စာမှတ်တဲ့ စနစ်က ကွန်ပျူတာက Tag စနစ်နဲ့ တူပါတယ်။ အဓိက ကီးဝါဒ်တွေကိုပဲ မှတ်ထားတာပါ။ ဆရာသန်းဝင်းလှိုင် စာအုပ်ဖတ်တုန်းက ခေါင်းထဲ မှတ်ထားမိလိုက်တာက "ဦးစော အလောင်းမင်းတရား ဆင်းတုတော် မတရားယူ ဒုက္ခရောက် ရွှေတိဂုံ ဘုရားကိုလှူ" ဒါလေးပါပဲ။ ဆရာတင်နိုင်တိုး စာအုပ်ကို ဖတ်တော့ ဦးစော၊ အလောင်းမင်းတရား၊ ဆင်းတုတော် ရွှေတိဂုံဘုရားကိုလှူ ဆိုတဲ့ စာလေး ရလာတယ်။ အဲဒီမှာ ပထမမှတ်ထားတာနဲ့ ဒုတိယ မှတ်ထားတာက တိုက်ဆိုင်နေတာတွေ အများကြီး ရှိလာတာမို့ ဒီနှစ်ခု ဆက်စပ်နေတယ် ဆိုတာကို သတိရသွားတာပါ။ ပြီးတော့ ဆရာတင်နိုင်တိုးထဲမှာပါတဲ့ အဲဒီ ဆင်းတုတော်ကို လှူဒါန်းတဲ့နေ့ဟာ ဦးစော အဖမ်းခံရပြီးကာလမှာ ဆိုတာကို ရက်အတိအကျ မမှတ်မိပေမယ့် အရင်ဖတ်ခဲ့ဖူးတဲ့ စာတွေကြောင့် သိနေပါတယ်။ ဒါနဲ့ ဒီအကြောင်းအရာ နှစ်ခုဟာ ဆက်စပ်မှု ရှိနိုင်တယ်ဆိုပြီး ပြန်လည် တိုက်ဆိုင် ဖတ်ရှုမိပါတော့တယ်။

အထက်က စာတွေကို ဖတ်ပြီး သုံးသပ်လိုက်တဲ့အခါ ဒီဆင်းတုတော်ကို ဦးစော ရယူခဲ့တာဟာ သူ နန်းရင်းဝန် ဖြစ်ပြီးတဲ့ ၁၉၄၀ စက်တင်ဘာ နောက်ပိုင်းနဲ့ ယူဂန္ဓာမှာ အဖမ်းခံရတဲ့ ၁၉၄၁ အောက်တိုဘာ ကြားထဲက ကာလမှာ ဖြစ်တယ်လို့ အဖြေထွက်လာပါတယ်။ သူဒီဆင်းတုတော်ကို နန်းရင်းဝန်ဘဝနဲ့ ရွှေဘိုကိုသွားစဉ်က ယူခဲ့တယ်လို့ ဆရာသန်းဝင်းလှိုင် စာအုပ်မှာ ဆိုခဲ့တာကိုး။ နောက်ထပ် ဆက်စပ် စဉ်းစားကြည့်တဲ့အခါ ဦးစောဟာ ရွှေဘိုသွားတာ ရိုးရိုး စည်းရုံးရေး ဆင်းတာမျိုးမှ ဟုတ်ရဲ့လားလို့ သံသယ ဖြစ်လာပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဦးစောဟာ ဂဠုန်စစ်သူကြီး ဆိုတဲ့ နာမည်ကို ခံတယ်။ ပြီးရင် လယ်ထွန်မင်္ဂလာပွဲတွေ ဘာတွေ ဆင်နွှဲတတ်သေးတယ်။ ပြီးတော့ ရွှေဘိုဆိုတာက အောင်မြေလို့ တော်တော်များများက ယူဆကြတယ်။ ဟိုးတုန်းကဆို ဘုရင်တွေကို ပုန်ကန်ကြသူတွေဟာ ရွှေဘိုမှာ ပထမဆုံး အောင်မြေနင်းကြတာပဲ။ ဒါကြောင့် ဦးစော ရွှေဘိုသွားတဲ့ကိစ္စဟာ အောင်မြေသွားနင်းတာ ဖြစ်နိုင်တယ်လို့ ကျွန်တော် ထင်မိတယ်။ ဒီနေရာမှာ တစ်ခု ထပ်စဉ်းစားရပြန်ပါတယ်။ ဦးစောကပြောတော့ သူ ရွှေဘိုက ပင့်လာတာလို့ ပြောတယ်။ ဒါပေမယ့် သတင်းတွေထဲကျတော့ အမရပူရ သာသနာပိုင်ဆီက ခွင့်ပြုချက်နဲ့ ယူလာတာလို့ ဆိုပြန်တယ်။ ဒီနှစ်ခုမှာ ဘယ်ဟာ အမှန်လဲ ဆိုတာကိုတော့ ကျွန်တော် မဆုံးဖြတ်နိုင်ပါဘူး။ ဖြစ်နိုင်တာက ဦးစောက ဒီဘုရားကို ရွှေတိဂုံဘုရားကို လှူခိုင်းတဲ့အခါ အရှုပ်အရှင်းတွေ ထပ်မဖြစ်ရလေအောင် ဇာတ်အိမ်နဲနဲ ရွှေ့လိုက်တယ်လို့ ထင်မိတာပါပဲ။ နောက်တစ်ရက် ရွှေတိဂုံဘုရား တက်ဖြစ်ရင်တော့ စနေထောင့်မှာ အဲဒီ သင်္ကန်းနက် ရပ်တော်မူဘုရား ရှိမရှိ ဆိုတာကို ကျွန်တော် သွားရောက် ရှာဖွေကြည့်ပါဦးမယ်။ ရှိရင်လည်းရှိ မရှိရင်လည်း ဘယ်များ ရောက်သွားပြီလဲဆိုတာ စိတ်ဝင်စားစရာပေါ့။

(*မှတ်ချက်) ကိုညီလင်းဆက် ဘလော့(ဂ်)မှ

Friday, April 24, 2009

ကောလဟလသာလျှင်ဖြစ်

မန္တလေး မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး မျက်လုံးတော်တစ်ဘက် ဖွင့်တော် မူနေသည်ဟု မန္တလေး မြို့သူ မြို့သားများကြားတွင် ကောလဟလများ ထွက်ပေါ်နေပြီး ဘုရားကြီးအား သွားရောက် ဖူးမျှော်သူများဖြင့် စည်ကားနေကြောင်းသိရပါသည်... ယင်းမှာ ကောလဟလသာလျှင် ဖြစ်ပြီး ဧပြီ ၂၀-ရက်နေ့က ဘုရားကြီးအား ပူဇော်သော ဆလိုက်မီးများ ပြောင်းလဲ တပ်ဆင်ခြင်းကြောင့် ယင်းသို့ ထင်ယောင် ထင်မှား ဖြစ်ကြခြင်း ဖြစ်ကြောင်း သိရပါသည်

Thursday, April 23, 2009

မန္တလေး မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး မျက်လုံးတော်တစ်ဘက် ဖွင့်တော် မူနေ

မန္တလေး မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး မျက်လုံးတော်တစ်ဘက် ဖွင့်တော် မူနေသည်ဟု မန္တလေး မြို့သူ မြို့သားများကြားတွင် ကောလဟလများ ထွက်ပေါ်နေပြီး ဘုရားကြီးအား သွားရောက် ဖူးမျှော်သူများဖြင့် စည်ကားနေကြောင်းသိရပါသည်...


ယနေ့ နံနက် ၈-နာရီ မိနစ် ၃၀ ခန့်က ရိုက်ကူးခဲ့သည့် မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၏ ပုံတော်

Wednesday, April 22, 2009

Proxies to read Blogspot

ကိုညီလင်းဆက်ဆီကရတဲ့ Proxy Link လေးတွေပါ အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။

ဘလော့ဂ်တွေကို တော်တော် ပိတ်ထားတာ တွေ့ရတယ်။ ပရောက်ဆီတွေလည်း သုံးမရတော့ဘူးလို့ သူများတွေ ပြောကြတယ်။ ကျွန်တော်ကတော့ သုံးလို့ ရနေတုန်းပဲ။ သိပ်တတ်လို့တော့ မဟုတ်ပါဘူး။ ဟိုလုပ် ဒီလုပ်ပေါ့။ ဘလော့ဂ် ဖတ်သူတွေ မြန်မာပြည်ထဲက ဖတ်မရဘူးဆိုရင် ဟောဒီလင့် [blogspotproxy] လေးကနေတဆင့် လွယ်ကူ မြန်ဆန် ကောင်းမွန် အဆင်ပြေစွာ ဖတ်ရှု နိုင်ပါတယ်။ သူများ တွေလို ကြော်ငြာတွေ ဘာတွေတောင် တက်မလာပါဘူး။ တကယ့် အစစ်ကို ဖွင့်နေရသလို အိုကေပါတယ်။ ဒါနဲ့မှ မရသေးဘူးဆိုရင် အဆင့်မြင့်နည်းတွေ ပေးပါဦးမယ်။ အဟဲ။ :)


အပေါ်ကဟာလေး မရရင် ဒါလေးတွေလည်း စမ်းကြည့်ဦးပေါ့။


http://www.xanproxy.be/ - no ads except the first page.
http://ieproxy.com/ - no ads.
http://www.techtakeover.com/search/ - no ads.
http://www.spysurfing.com/ - no ads except front page.
http://www.myfreeproxy.be/ - ads on the front page
http://worldwideproxy.com/ - no ads.
http://www.proxytastic.com/ - contains ads.
http://www.nomorelimits.net/ - contains ads.
http://www.proxifree.com/ - contains ads.
http://browseatwork.com/ - contains ads, but clean looking
http://www.netsack.net/ - clean looking but with popup ads.
http://www.afreeproxy.com/ - contains ads.
http://cgi-proxy.net/ - contains ads on the first page, slow.
http://www.coveredtracks.com/homepage.php - no ads. but rugged site.
http://www.easyproxy.org/ - no ads except the first page.
http://www.privatizer.net/ - contains ads on the first page.
http://www.secure-tunnel.com/ - no ads.
http://www.spiderproxy.com/ - no ads.
http://thestrongestlinks.com/ - contains ads on the first page, slow.
http://www.unipeak.com/ - slow, no ads.
http://betaproxy.com/ - contains ads.
http://proxy7.com/ - contains ads.
http://webwarper.net/ - contains ads.
http://www.chronicpulse.net/ - contains ads.
http://www.space.net.au/~thomas/quickbrowse.html - multiple proxys
http://www.proxyking.net/ - contains ads.
http://w3privacy.com/ - contains ads.
http://freeproxy.us/ - contains ads.
http://www.goproxing.com/ - contains ads.
http://greenrabbit.org/ - contains ads but small ads
http://hujiko.com/ - contains ads.
http://poxy.us.to/ - no ads.
http://hidemyass.com - no ads except front page.
https://proxify.com/ - contains ads.
http://projectbypass.com/ - contains ads and popups.
http://www.proxymouse.com/ - contains huge ads.
http://letsproxy.com - contains ads.
http://www.the-cloak.com/login.html - no ads.


Secure pages and with no ads:

https://www.stday.com/cgi-bin/nph-proxyb.cgi/
https://www1.ft888.net/cgi-bin/nph-proxyb.cgi/
https://www2.ft888.net/cgi-bin/nph-proxyb.cgi/
https://www3.ft888.net/cgi-bin/nph-proxyb.cgi/
https://www.secure-tunnel.com/SafeBar/safebar.cgi/ (also available via http://)
https://www.dongtaiwang.com/cgi-bin/nph-proxyb.cgi/
https://www1.dongtaiwang.com/cgi-bin/nph-proxyb.cgi/
https://www2.dongtaiwang.com/cgi-bin/nph-proxyb.cgi/
https://www3.dongtaiwang.com/cgi-bin/nph-proxyb.cgi/
https://towel.greyfyre.info/proxy/index.php


Insecure pages (mostly no ads):

http://pbkill.com/scgi-bin/nph-proxy.cgi
http://darwin.servehttp.com/cgi-bin/cgiproxy/nph-proxy.cgi
http://www.brainflux.org/cgi-bin/nph-proxy.cgi
http://starkravingmad.org/nph-proxy.cgi/
http://barracuda.tx.envision7.com/~admin46/cgi-bin/nph-ih4x.cgi
http://www.q2r.net/pc/nph-proxy.cgi
http://www.e-ronin.com/cgi-bin/shared/nph-proxy.cgi
http://www.groothuijsen.nl/cgiproxy/nph-proxy.pl/
http://www.vtunnel.com/nph-proxy.pl - with a little ad but still ok.
http://70.84.193.226/nph-86prox.pl
http://www.neoambient.com/86prox/
http://www.ipent.com/ihfc/nwochat/projectshadow/buttons/nph-proxy.cgi/ - contains ads, encodes url.
http://www.q2r.net/pc/nph-proxy.cgi


PHProxies:

http://www.arnit.net/utilities/webproxy/new/ - contains ads on the first page.
http://www.browseany.com/ - contains ads.
http://www.zhaodaola.org/web/ - contains ads.


No Input box by default:

http://www.gouc.fr/cgi-bin/nph-proxy.cgi - no ads, french language.
http://heshan18.com/cgi-bin/nph-proxyb.cgi - no ads.


No images:

http://www.floon.com/cgiproxy/nph-proxy.pl/


Other pages with ads:

http://www.netshaq.com/cgiproxy/nph-proxy.cgi/ - no input box by default
http://www.proxy-surf.com/nph-proxy.pl/
http://www.bywhat.com/ - lots of ads.
http://www.fireprox.com/nph-proxy.pl/ - same as above.
http://www.nethider.com/cgi-bin/nph-proxy.cgi - popups, ads taking half of the browser space.
http://www.safesurfers.net/
http://www.usbm.de/cgi-bin/userbeam.pl/ - popup, ads, no images.
http://proxy.perlproxy.com/p/
http://proxy.cecid.com/p/

Quick update:
http://www.twobeep.com/ - no ads.

Update
Thanks to alex-and-r, RandomC, and an anonymous poster

http://www.guardster.com/ - contains ads.
http://concealme.com - contains ads.
http://www.twobeep.com/ - no ads.

Update:

http://anonymizer.nntime.com/
http://radiofarda.be


http://ibypass.org - contains ads. (also available as .com .net .tk)

Yangon / The City

Rangoon, or Burmese Yangon, is actually not a particularly old city, although an initial settlement in the same place dates back about 2,500 years. But, even though the town itself is not old, it creates, more than any other Southeast Asian capital, in the visitor an impression of a town from the past. The reason: within the past 30 years only little has changed.

The city itself features few highrises and practically no traffic congestion. What moves in the streets, fringed by buildings in various states of dilapidation, are pedestrians and bicyclists aside mostly vehicles from the 50's and early 60's, some even go back as far as the 40's. Only recently have imports of second-hand vehicles from Japan been allowed.

Until the middle of the 18th century Yangon had been a small Mon village by the name of Dagon. Dagon had never been the center of a realm of any significant extent. Nevertheless, even in the earliest times of Burmese history the place was of considerable importance, because Dagon was home to the Shwedagon pagoda, which has not only for centuries, but for millennia, been an important religious location.

In 1755 Dagon was conquered by the Burmanese King Alaungpaya, who rechristened the town to Yangon, which translates The End Of The War.

In 1824, during the first Anglo-Burmese war, Yangon was shortly occupied by the British, but was cleared again soon after. In 1841 the town burned down to the fundaments of the city walls, but was on orders of King Tharrawaddy rebuilt anew.

In 1852, during the second Anglo-Burmese war, the small town of Yangon was again conquered by the British, who this time did not withdraw, but on the contrary turned the town into the administrative center of southern Myanmar, which at that time was under their control. They also renamed Yangon to Rangoon.

In 1855, after the British had without major effort won the third AngloBurmese war and had conquered northern Myanmar, Yangon became the capital of the Burmese part of the crown colony India, to which it had initially been added.

The British rebuilt the town completely anew and used a square pattern for their city planning, which until today makes orientation in the center of town comparatively easy.

Kuala Lumpur Travel Guide



Map of Kuala Lumpur (including places of interest, hotels, museums, embassies, entertainment and shopping, and transportation).
Here’s information on KLIA (Kuala Lumpur International Airport) and LCCT KLIA (Low Cost Carrier Terminal), and how to use the Express Rail Link, taxis, airport buses to get into the Kuala Lumpur. If you are taking a express bus from Singapore, you will most probably find yourself in Puduraya Bus Sation.
There’s so much to see and do in KL, lots of good hotels and good food, fascinating bazaars and shops.
Once you’ve settled into your hotel (It is ,however, important that the hotel is situated in the Golden Triangle of the city. Then you’re close to the shopping centres of Sungei Wang, Bukit Bintang, Lot 10 and Low Yat Plaza. And you’re within walking distance of the famous Petronas Towers with its shopping centre Suria.
KL nightlife is unbelivable diversify, so join the locals to party and drink, especially on weekends.

Tuesday, April 21, 2009

Myanmar Unicode စာလုံးပုံစံ ဖွာတာတာနဲ့ ပေါ်နေလား...?

ဒီနည်းလေးကို သိထားတာတော့ကြာပါပြီ ဒါပေမယ့် ကျွန်တော်သိထားတာက Desktop ပေါ်က Icon တွေ Application တွေအတွက်ဆိုတာပဲ သိထားတာ မြန်မာဖောင့်အတွက် အသုံးတည့်တယ်ဆိုတာ မသိဘူးဗျ။ အခု ကိုမောင်လှ Blog ထဲဝင်ကြည့်မှပဲ မြန်မာဖောင့်အတွက် အသုံးတည့်မှန်း သိလာတယ်။ ဒီနည်းလေးကို မြန်မာစာချစ်သူများ အတွက် လက်ဆင့်ကမ်းလိုက်ပါတယ်။ ကိုမောင်လှနည်းအတိုင်း စမ်းကြည့်ပါ တကယ် အသုံးဝင်ပါတယ်။

Myanmar Unicode သုံးရင် ကြည့်လို မလှဘူး ဖြစ်နေပါတယ်၊ စာလုံးအနားတွေက ဖွာလန်ကြဲနေပါတယ် ဆိုတဲ့ သူငယ်ချင်းများ အတွက်ပါ... သူငယ်ချင်းတစ်ယောက်က ပြောတယ်ဗျ... မင်းယူနီကုတ်စာလုံးက ဖွာထွက်နေတာပဲ မကြိုက်ဘူးတဲ့... ၀င်းအင်းဝကမှ လှတာတဲ့... ကျွန်တော်က ဟာ ကျွန်တော့်ဆီမှာ ၀င်းအင်းဝ ထက်တောင် ပိုလှတယ်ပြောတာကို သူမယုံပါဘူး...
ကျတော် ရန်ကုန်သွားရတော့ အဲဒီက ကွန်ပျူတာကိုင်တော့မှ သူပြောတဲ့ အတိုင်း စာလုံးတွေ ဖွာနေတာကို တွေ့ရပါတယ်... အဖြေရှာကြည့်တော့ အောက်ကအတိုင်း လုပ်လိုက်တာ အဆင်ပြေသွားတာကို တွေ့ရပါတယ်...

၁ - Control Panel ထဲက Display Properties ထဲဝင်ပါ... (Desktop ရဲ့ လွတ်နေတဲ့ နေရာမှာ right click လုပ်ပြီး Properties ကိုရွေးရင်လည်း Display Properties ထဲကို ရောက်ပါတယ်...)
၂ - Apperance tab ထဲက Effect button ကို click နှိပ်ပါ...
၃ - Use the following method to smooth edges of screen font ဆိုတဲ့ စာသားရှေ့မှာ ရှိတဲ့ လေးထောင့်အကွက်ထဲမှာ အမှန်ခြစ်ရှိအောင် ကလစ်လုပ်ပါ...
၎ - ပြီးရင် အောက်ကပ်လျှက် List box ထဲမှာ ClearType ကို ပြောင်းပေးပါ...
၅ - အဲဒါဆိုရင်ရပါပြီ... OK button တွေကို ကလစ်လုပ်သွားလိုက်ပါ...

ကဲ.... မြန်မာစာချစ်သူများ ပျော်ရွှင်နိုင်ကြပါစေ.....

The 5G

ကိုညီလင်းဆက် ဘလော့ခ်ထဲက အရမ်းကြိုက်တာလေးမို့လို့ တင်ထားလိုက်တယ်။ အခုလောလောဆယ်တော့ ကျနော်က Get ပေါ့ဗျာ။ သင်ကော ဒီစက်ဝိုင်းထဲက ဘယ်နေရာမှာရောက်နေပြီလဲ။
Free Image Hosting at www.ImageShack.us

ဒါလေးက Web2.0 ပြောင်းလဲမှုနဲ့အတူ ပေါ်ပေါက်လာတဲ့ သဘောတရားလေးကို ကျွန်တော် လေ့လာမိတဲ့အတိုင်း ဆွဲထားတာပါ။ 5G လို့ နာမည်ပေးထားတယ်။ တကယ်တော့ ဒါကို ကြည့်လိုက်ရင် လူတိုင်း ဒီအထဲက အဆင့်တွေ အားလုံးနဲ့ ရင်းနှီးပြီးသား ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ဟိုးအရင်ကတော့ ပုံစံတစ်မျိုးနဲ့ စီးဆင်းနေခဲ့တယ်။ အခုနောက်ပိုင်း Web2 ပြောင်းလဲမှုမှာတော့ အစီအစဉ်က ပိုကျလာတဲ့ သဘောပါပဲ။ ကျွန်တော့် အယူအဆအရ ဒါဟာ ၂၁ရာစုကို ဆန်းသစ်စေခဲ့တဲ့ ဖြစ်စဉ် တစ်ခုလို့ ယုံကြည်ပါတယ်။

  • Give = ပေးတယ်၊ ဝေမျှတယ်။
  • Get = ရယူတယ်။
  • Gather = စုဆောင်းတယ်၊ ပေါင်းစပ်တယ်။
  • Generate = ထုတ်လုပ်တယ်၊ ဖန်တီးတယ်။
  • Geek = ပညာရှင်

အထက်က ဖြစ်စဉ်လေးထဲမှာ သင်ဟာ ဘယ်အနေအထားမှာ ရှိလဲ ဆိုတာကို ကိုယ့်ကိုကိုယ် မေးကြည့်ပါ။ ဥပမာ ကိုယ်က သူများ ပေးတာတွေပဲ ယူနေရတဲ့ (GET) အနေအထားမှာ ရှိနေသေးတယ် ဆိုရင် အဲဒီနေရာကနေ စပြီး ကျန် စက်ဝိုင်း လှည့်လည်တဲ့ ပုံစံအတိုင်း သွားရပါမယ်။ သင်ဟာ သူများ ပေးထားတဲ့ နည်းပညာတွေ၊ အရင်းအမြစ်တွေကို ယူမယ်။ ပြီးရင် ဒုတိယအဆင့် စုဆောင်းမယ်။ (Gather) စုဆောင်းမယ် ဆိုရာမှာ တစ်ဦးတစ်ယောက်ထဲ ဆီကနေ မဟုတ်ဘဲ ရနိုင်သမျှ နေရာအားလုံး လူအားလုံး ဆီကနေ စုဆောင်းရပါမယ်။ ဒီလိုနဲ့ တဖြည်းဖြည်း များပြားလာတဲ့အခါ ကိုယ့်ဆီမှာ နည်းပညာနဲ့ အရင်းအမြစ်တွေ အလုံအလောက် ရှိလာတဲ့အခါ အဲဒါတွေကို ပေါင်းစပ်ပြီး အခြား ရလာဒ်တစ်ခု ဖြစ်လာအောင် ဖန်တီးရပါမယ်။ ဒါကို ကျွန်တော်က ဒီနေရာမှာ Generate လို့ပဲ သုံးနှုန်းထားပါတယ်။ ဒီလို အနေအထားမျိုး ရောက်အောင် ဖန်တီးလာနိုင်ပြီ ဆိုတာနဲ့ သင်ဟာ Geek တစ်ယောက် ဖြစ်လို့ လာပါပြီ။ အဲဒီလို ဖြစ်လာချိန်မှာ သင့်တုန်းက Get ဆိုတဲ့ အနေအထားလေးကို သတိတရနဲ့ သင် Geek ဖြစ်လာချိန်မှာ Give လုပ်ဖို့ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဒီစက်ဝန်းဟာ ထပ်ခါထပ်ခါ လည်ပတ်သွားပါမယ်။ ပညာရှင် ဆိုတာကို အမြင့်ဆုံး အဆင့်လို့ သတ်မှတ်ရင် သင်ဟာ ဒီအဆင့်ထဲမှာ အခြားသော နည်းပညာတွေ အားလုံးကို ပေါင်းစပ်၊ အသစ်ဖန်တီးပြီး ပညာရှင် အခါခါ ဖြစ်နိုင်ပါသေးတယ်။

တကယ်လို့များ သင်ဟာ အခုကတည်းက နည်းပညာ တစ်ခုမှာ Geek ဖြစ်နေပြီ ဆိုပါစို့။ ဒါဆိုရင်လည်း အခုန စက်ဝိုင်း အတိုင်းပါပဲ သင့်ရဲ့ နည်းပညာတွေ၊ အရင်းအမြစ်တွေ၊ အတွေးအမြင်တွေကို မျှဝေပါ။ ဒီလို မျှဝေရင်း အခြားသူတွေရဲ့ အတွေးအမြင် နည်းပညာတွေကိုလည်း ရယူပါ။ အားလုံးကို စုပေါင်းပြီး ကိုယ့်ပညာစွမ်းနဲ့ နောက်တစ်ခုကို တီထွင်ပါ။ ဒါဆို သင်ဟာ နောက်ထပ် နည်းပညာ တစ်ခုမှာ ပညာရှင်ဖြစ်ခွင့် ကြုံလာပြန်ပြီပေါ့။



ပေးခြင်း ဝေမျှခြင်း

ဒီလောကကြီးရဲ့ အရာတော်တော်များများဟာ Give & Take နဲ့ အများကြီး သက်ဆိုင်တယ်။ အပေးအယူပေါ့။ ဒီတော့ သူများဆီက ကိုယ်ယူချင်ရင် ကိုယ်တိုင်ကလည်း သူများကို ပေးရဲရပါမယ်။ ပညာလျှိုတယ်ဆိုတဲ့ ခေတ်ဟာ ကုန်နေပါပြီ။ ပညာအစွမ်း ဘယ်လောက် ရှိတယ်လို့ အသုံးချရတဲ့ခေတ်၊ သူများနဲ့ ယှဉ်ပြိုင်ရတဲ့ခေတ် ဖြစ်နေပါပြီ။ ကိုယ့်ဆီမှာ ကောင်းတာလေး တစ်ခုရှိရင် သူငယ်ချင်း မိတ်ဆွေများကို ဝေမျှပေးပါ။ အဲဒီအခါ သူတို့မှာ ကောင်းတာလေး တစ်ခု တွေ့လာတဲ့ အချိန်ကျရင် သင့်ကိုလည်း သတိရပါလိမ့်မယ်။


ရယူခြင်း

ရယူခြင်း ဆိုရာမှာ ဘယ်က ဆိုတဲ့ စကားက အရေးကြီးပါတယ်။ ကိုယ်ရယူတဲ့ နေရာဟာ မှန်ကန်တိကျတဲ့ နေရာလား။ ယုံကြည် စိတ်ချရတဲ့ နေရာကလည်း ဆိုတာတွေကို သတိထားရပါမယ်။ သတင်းစာ ဂျာနယ်တွေမှာ အခုနောက်ပိုင်း ကိုးကား အင်တာနက် ဆိုတဲ့ စကားလေးကို တွေ့ရတယ်။ ဘယ်အင်တာနက် စာမျက်နှာက ကိုးကားတာလဲ။ အင်တာနက်ပေါ်မှာ လေးငါးနှစ်သားလောက်က စပြီး ရေးနေကြတာ အားလုံးကို အမှန်ယူလို့ မရပါဘူး။ ဒါကြောင့် ရယူခြင်း ဆိုရာမှာလည်း ကိုယ်လိုချင်တဲ့ဟာကို တိတိကျကျ ပေးနိုင်တဲ့ နေရာတွေက ဖြစ်ဖို့ အရေးကြီးပါတယ်။ ပေးတာကိုလည်း ယူတတ်ရပါတယ်။


စုဆောင်းခြင်း

ရယူထားတဲ့ အရာတွေကို ဒီအတိုင်း ဖြစ်သလိုထားလို့ မရပါဘူး။ သူ့သက်ဆိုင်ရာ အမျိုးအစားအလိုက် ခွဲခြား သိမ်းဆည်း ထားရမယ်။ ဘယ်အရာအတွက် ဘာတွေ စုနေတယ်ဆိုတာက ကိုယ့်ကိုကိုယ် သိနေရမယ်။ ဟိုဟာတွေ့လည်းစု ဒီဟာတွေ့လည်းစု ဆိုတာမျိုးက မကောင်းပါဘူး။ ကိုယ်ဘာလိုချင်တာလဲ ဆိုတာကို ပိုင်းခြား ထားရပါမယ်။ ဓာတ်ပုံ လိုချင်တယ် ဆိုရင်လည်း ဘာဓာတ်ပုံ၊ ဘယ်ဆိုဒ် စတာတွေကို အရင် ဆုံးဖြတ်ပြီး အဲဒါကိုပဲ တစိုက်မတ်မတ် ရှာဖွေ စုဆောင်းသင့်တယ်။ နည်းပညာ ဆိုရင်လည်း သူများတွေရဲ့ နည်းပညာကို သေချာလေ့လာ စုဆောင်းထားသင့်တယ်။


ထုတ်လုပ် ဖန်တီး

ကိုယ့်မှာ စုဆောင်းထားတာတွေ လုံလောက်ပြီ ဆိုတဲ့အခါ၊ အဲဒီဟာတွေကနေ ကိုယ့်ပညာကို အသုံးပြုပြီး အသစ်တစ်ခု ဖန်တီးရပါမယ်။ သူတစ်ပါးရဲ့ နည်းပညာတွေကနေလည်း ဉာဏ်ကွန့်မြူးပြီး ကိုယ့်အသစ်ကို ထုတ်နိုင်သေးတယ်။ ဥပမာ ပြင်သစ် ရူပဗေဒ သမားတစ်ယောက်က အင်္ဂလိပ် သင်္ချာသမား တစ်ယောက်ရဲ့ တွေ့ရှိချက် ဖော်မြူလာ တစ်ခုကို အသုံးချပြီး ရူပဗေဒအတွက် အသစ်တွေ့ရှိချက်တစ်ခု ဖြစ်အောင် လုပ်နိုင်တယ်။ ဒါကြောင့် နိုင်ငံတကာမှာ နည်းပညာ အသစ်တွေ နေ့တိုင်းနေ့တိုင်း ပေါ်နေတယ်။ အနည်းဆုံး ကိုယ်က ဓာတ်ပုံတွေ စုဆောင်းထားတယ် ဆိုရင်တောင် အဲဒီဓာတ်ပုံတွေကို ကဏ္ဍတွေခွဲပြီး ဓာတ်ပုံ ဂယ်လာရီကြီး လုပ်လို့ ရသေးတယ်။


ပညာရှင်

သင်ဟာ စုဆောင်းရင်း၊ မျှဝေရင်း၊ ပေါင်းစပ်တီထွင်ရင်းနဲ့ တဖြေးဖြေး ပညာတွေ တိုးတက်လာပြီးတဲ့နောက် ကိုယ်တိုင် ထုတ်လုပ်ဖန်တီး လာနိုင်တဲ့ အချိန်ကျတဲ့အခါ ပညာရှင် တစ်ယောက်အဖြစ် အများက အသိအမှတ် ပြုလာကြပါလိမ့်မယ်။ ဒါပေမယ့် အဲဒီနေရာမှာ ရပ်တန့်နေမယ်ဆိုရင် သင်ဟာ အဲဒါ တစ်ခုတည်းနဲ့ ပြီးဆုံး သွားပါလိမ့်မယ်။ ဒါကြောင့် ဟိုးအရင်က သင်စလျှောက်လှမ်းခဲ့တဲ့ လမ်းကလေးကို သတိတရနဲ့ သင်တွေ့ရှိတာ သင်ပေးနိုင်တာတွေကို အခြားသူတွေကို ပြန်လည် မျှဝေဖို့၊ အခြားသူတွေ ပေးထားတာတွေကိုလည်း စနစ်တကျ စုဆောင်း ရယူဖို့ အမြဲ လိုအပ်နေတယ် ဆိုတာကိုတော့ မမေ့ပါနဲ့။



အချုပ်ဆိုရရင် သင်ဟာ အခုအချိန်မှာ ဘာပဲ ဖြစ်နေနေ တချိန်ချိန်မှာ Geek တစ်ယောက် ဖြစ်နိုင်သေးတာပါပဲ။ ကိုယ်ဘယ်နေရာမှာလဲ ဆိုတာ အရင် သုံးသပ်ပြီး အဲဒီ နေရာကစလို့ စက်ဝန်းထဲကိုသာ ခုန်ချလိုက်ရုံပါပဲ။

Sunday, April 19, 2009

About Ecotourism in Myanmar

Myanmar’s richness of a diverse array of species and ecosystems constitute one of the biological reservoirs in Asia. The land area of Myanmar, 261,228 sq. miles extending from latitude 10N to 28N and longitude 92E to 102E from a land corridor linking the Indian, Indo – Chinese and Sundial sub-bio geographical regions. Year round, snow-covered Hkakaborazi mountain (19296 ft) is the unique geophysical landmark in the Hindu – Kush –Himalayan region of Myanmar. Marine and terrestrial ecosystems containing mosaic coral reefs, mangrove forests and rain forests offer a degree of choice for the establishment of ecotourism sites. In these diversified ecosystems, with approximately 7000 plants, 1071 endemic species have been recorded. The presence of 1000 bird species (12% of world’s total), 300 mammals, 360 reptiles indicate the unparalleled richness of the biodiversity compared to any country with a landmass equivalent to Myanmar. Sixty-eight kinds of swallow- tail butterflies, representing 12% of the world total, make it the fifth richest country in the world. With environmentally benign forest development programs, Myanmar could avoid natural calamity by the application of healthy forest conservation measures.

Sustainable ecotourism is to manage the natural areas without impairing the environment of the area concerned and to also sustain the monetary returns and employment. The general concept of ecotourism is to restrict the number of visitors within the carrying capacity of the ecotourism site. Ecotourism management plan has to be developed to strike a balance between the degree of recreational activities and sustainable carrying capacity of the park. The allowable tourism level at such areas will vary with the tolerant sensitivity of the type of forests and its environment. In short, it is imperative to plan and implement ecotourism to conform with the objective, which is to prevent and minimize the irreversible damage to the naturalness of the park. Myanmar tourism development will be undertaken with environmental conscientiousness to avoid negative impact on the natural wilderness area of the parks and the culture of the local community.

Tourism in Myanmar had been established essentially on cultural, historical and religious attractions in the past. Promoting eco-tourism in the country has not been long ago. The Ministry of Forestry initiated in 1995 by declaring to open up 20 nature reserves and wildlife centuries for eco-tourism developments.

LOCATION MAP OF ECOTOURISM SITES IN MYANMAR

  1. Hlawga Park
  2. Moeyingyi Wetland Wildlife Sanctuary
  3. Meinmahla Kyun Wildlife Sanctuary
  4. Inlay Lake (wetland) Sanctuary
  5. Shwesettaw Wildlife Sanctuary
  6. Popa Mountain Park
  7. Alaungdaw Kathapa National Park
  8. Chattin Wildlife Sanctuary
  9. Nat Ma Taung National Park
  10. National Botanical Gardens
  11. Kakaboraxi National Park
  12. Sein-ye Forest Camp
  13. Yangon Zoological Garden
  14. Indawgyi Lake Wildlife Sanctuary
  15. Myaing Hay Wun Elephant Camp
  16. Poe Kya Elephant Camp
  17. Phonganrazi
  18. Htamanthie wildlife sanctuary
  19. Hukaung valley Wildlife sanctuary
  20. Lampi Aquarium & national park

Wednesday, April 08, 2009

စင်္ကာပူနိုင်ငံရောက် မြန်မာများလည်း အတာသင်္ကြန်ဆင်နွှဲနိုင်မည်

Posted on Apr 07 09 - 12:20 PM | Hits : 1186 | Save as PDF
စင်္ကာပူနိုင်ငံရောက် မြန်မာများလည်း အတာသင်္ကြန်ဆင်နွှဲနိုင်မည်
စင်္ကာပူနိုင်ငံတွင် လူ(၂၀၀၀၀)ကျော် ပါဝင်ဆင်နွှဲနိုင်မည့် အကြီးကျယ်အခမ်းနားဆုံး သင်္ကြန်ပွဲတော်တစ်ခုအား စင်္ကာပူနိုင်ငံရှိ မြန်မာအဖွဲ့အစည်းနှစ်ခုက ကျင်းပသွားမည်ဟု သိရသည်။ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များအသင်း (MBA)နှင့် မြန်မာကလပ်တို့ ပူးပေါင်းစီစဉ်မှုအဖြင့် အဆိုပါပွဲတော်ကို ပင်နီဆူလာ ပလာဇာအနီး ပဒန်းကွင်းတွင် ဧပြီလ(၁၂)ရက်နေ့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ စင်္ကာပူနိုင်ငံတွင် အလုပ်လုပ်ရန်နှင့် ပညာသင်ယူရန်စသော ရည်ရွယ်ချက်များဖြင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား တစ်သိန်းခန့်ရှိရာ ထိုအဖွဲ့အစည်းနှစ်ခုက အမိမြေနှင့်ဝေးကွာနေသော မြန်မာလူမျိုးများအတွက် ရည်ရွယ်ပြီး ယခုသင်္ကြန်ပွဲကို စီစဉ်ကျင်းပပေးခြင်း ဖြစ်သည်။ ယခင်နှစ်များကလည်း စင်္ကာပူသင်္ကြန် ကျင်းပလေ့ရှိပြီး ယခုနှစ်တွင် ပိုမိုခမ်းနားကြီးကျယ်စွာ ကျင်းပသွားရန် စီစဉ်ထားသည်။




(စင်္ကာပူသင်္ကြန်ကြော်ငြာ)

ပဒန်းကွင်းသည် စင်္ကာပူ၏ အချက်အချာကျသော နေရာတွင်တည်ရှိပြီး အနီးဝန်းကျင်တွင် မြန်မာစားသောက်ဆိုင်များ၊ လုပ်ငန်းစုများ တည်ရှိနေပြီး စင်္ကာပူရောက် မြန်မာနိုင်ငံသားများ ပုံမှန်စုဝေးတွေ့ဆုံသည့် ပင်နီဆူလား ပလာဇာနှင့်လည်း နီးကပ်စွာ ရှိနေသည်။ လျာထားကုန်ကျငွေ စင်္ကာပူဒေါ်လာ တစ်သိန်းခွဲခန့် သတ်မှတ်ထားသည့် ယင်းပွဲတော်အတွက် အဓိက Sponsorမှာ စင်္ကာပူ၏ တတိယအကြီးဆုံး မိုဘိုင်းလ်ကုမ္ပဏီ M1ဖြစ်ပြီး ကုန်ကျငွေ၏ (၃၀)ရာခိုင်နှုန်းကို တာဝန်ယူသွားမည်ဖြစ်သည်။ အခြားSponsorများမှာ Fresh Air Conditioning System၊ Ginvera၊ Royal Myanmar Teamix၊ Irrawady Restaurant၊ Pan Yoma Travelနှင့် Parkway Cancer Centreတို့ဖြစ်သည်။ ထို့အပြင် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်အချို့ကလည်း သင်္ကြန်ပွဲအတွက် ငွေကြေးထောက်ပံ့ကြကြောင်း သိရသည်။




(ပဒန်းကွင်းတည်နေရာပြမြေပုံ)

စင်ကာပူသင်္ကြန်ပွဲသို့ မြန်မာနိုင်ငံမှ အနုပညာရှင်များ လာရောက်ဖျော်ဖြေကြမည်ဖြစ်ရာ ထိုအနုပညာရှင်များအတွက် လေယာဉ်ခရီးစဉ်ကို မြန်မာ့လေကြောင်းလိုင်း MAIက ပံ့ပိုးပေးထားသည်။ လာရောက်ဖျော်ဖြေမည့် အဆိုရှင်များတွင် ဇော်ဝမ်း၊ မျိုးကျော့မြိုင်၊ ဆောင်းဦးလှိုင်၊ စည်သူလွင်၊ ရဲလေး၊ ရှင်ဖုန်းနှင့် ဖြူဖြူကျော်သိန်းတို့ ပါဝင်ပြီး အတီးပိုင်းကို ဥက္ကဦးသာ၏ Plus Threeတီးဝိုင်းနှင့် DJဖြိုးတို့က ဆောင်ရွက်ပေးမည်ဟု ဆိုသည်။ ထို့အပြင် စင်္ကာပူနိုင်ငံနေ မြန်မာအမျိုးသမီးများ၏ အကဖျော်ဖြေမှုဖြင့်လည်း မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်သွားရန် စီစဉ်ထားသေးသည်။ မူလက အခမ်းအနားတက်ရောက်ခွင့်အတွက် အခမဲ့ဆောင်ရွက်ပေးသွားရန် စဉ်းစားခဲ့သော်လည်း လူဦးရေအမြောက်အမြား လာရောက်ကြသည့်အခါ ဖြစ်ပေါ်လာနိုင်သည့် လုံခြုံရေးဆိုင်ရာ အခြေအနေများအား ထည့်သွင်းစဉ်းစားပြီး လူဦးရေ (၁၀၀၀၀)မှ (၂၀၀၀၀)၀န်းကျင်မျှ ကန့်သတ်နိုင်ရန် ၀င်ကြေးကို စင်္ကာပူ(၁၅)ဒေါ်လာ သတ်မှတ်လိုက်ကြောင်းလည်း သိရှိရသည်။ MBAနှင့် မြန်မာကလပ်သည် စင်္ကာပူရောက် မြန်မာအသိုင်းအ၀ိုင်းအတွက် အလားတူပွဲမျိုးများ ပိုမိုပြုလုပ် ကျင်းပပေးသွားရန် ရည်ရွယ်ထားကြသည်။ သင်္ကြန်ပွဲတော် လက်မှတ်များကို စင်္ကာပူနိုင်ငံရှိ အောက်ပါလိပ်စာတို့တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။


1. Heart Music, #02-61 Peninsula Plaza

2. Taw Winn, #03-61 Peninsula Plaza

3. Aung Chan Thar, #03-64 Peninsula Plaza

4. Mahar Travel & Tour, #04-40 Peninsula Plaza

5. Nan Htike Kyal, #04-61 Peninsula Plaza

6. Htet Oo , #05-16 Peninsula Plaza

7. Daw Than Than Nu, #05-50, #05-20/21 Peninsula Plaza

8. Global Subway #05-65A and other shops in Peninsula Plaza

9. Shwe Ta Ra Phu/ Kay #02-104 Boonlay Shopping Centre

Thu: Blk 221 Boonlay Place

10. Kaung Sone ,Blk 328 Clementi Ave 2 #01-200

11. Sabe, Blk 364 Clementi Ave 2 #01-475

12. Burmese House, 7 Toh Guan Road East

Friday, April 03, 2009

Contact







 Asian Traveler Myanmar

No. 007, Block A, Hi-way Complex, Kamayut
Yangon 11041, Myanmar.
Mobile : +95 9263637776
Skype  : lynlyn129

Wednesday, April 01, 2009

Travel Myanmar

Myanmar (Burma) is One of the most interesting countries to explore in Asia. In a very sense, travel to Myanmar is not only a voyage into a different geographic region, but also very similar to traveling back in time. We have an excellent range of Myanmar travel packages and tours to suit your interests and budget. For your next Myanmar vacation, Burmese Travel & Tour, a well established and authorized Myanmar Tour Operator, is standing by to assist you.

How to get to Myanmar (Burma)?

Yangon International Airport and Mandalay International Airport are the main International Airports in Myanmar. Yangon has direct air links with Bangkok, Singapore, Kuala Lumpur, Calcutta, Chiang Mai, Taipei, Kunming, Doha and Dhaka.

Culture

Buddhism has great influence on daily life of the Myanmars. The people have preserved tradition of close family ties, respect for the elders and reverence for Buddhism. Myanmars are known for their hospitality and friendliness.

City Of Yangon

Yangon, the capital city, is the main gateway to Myanmar. Evergreen and cool with lush tropical trees, shady parks and beautiful lakes, Yangon has earned the name of "The Garden City of the East". Yangon was founded by King Alaungpaya on the site of a small settlement called Dagon when he conquered Lower Myanmar in 1755. The name Yangon means "End of Strife" which was anglicized as Rangoon by the British. The name of this city has changed along the history: first Dagon, then Yangon, and Okalapa Aung Myae Yan Hnin, then finally back to Yangon. The present day Yangon covers 400 sq m and has a population of over 5 million.

Travel Myanmar

E visa Now you are able to apply for a visa with the use of online from www.myanmarvisaonline.com . The visa has clarification for tourists and travellers for business purposes with the instructions of seven languages. You will have to fill in the application form. The processing time takes less than 24 hours. The fee of e-visa is US$ 20 per tourist and US$ 36 for the business travellers plus US$ 10 (processing charge) per application each for visa charge. Via on-line payment into a credit card the visa fees can be paid. Send back approved and accepted visa applications with the aid of e-mail. Approval letter will have to be printed out and shown to the immigration check-in counter in time of your arrival in Myanmar.
On arrival visa: Now you can also obtain Myanmar visa upon arrival at Yangon airport with a visa pre-approved letter.