Wednesday, May 27, 2009

တတိယအကြိမ်မြောက် Planet User များ၏ ကထိန်နှင့် ပရဟိတအလှူ

တတိယအကြိမ်မြောက် Planet Online User များ၏ တတိယအကြိမ်မြောက် ကထိန်ကို ခရစ်နှစ် 2009 ခုနှစ် အောက်တိုဘာ ၃ ရက်နေ့ (စနေနေ့) တွင် ကျင်းပသွား မည်ဟုသိရသည်။ ပလန်းနက်မောင်နှမတွေနဲ့ အတူ အခြားသော အွန်လိုင်းယူဇာများ၊ စေတနာရှင်အလှူရှင်များ ပါဝင်ကုသိုလ်ယူရင်း အွန်လိုင်းမောင်နှများ၏ပီတိကို မျှဝေခံစားနိုင်စေရန် ရည်ရွယ်ပြီး အဆိုပါ ကထိန်ပွဲကို ကျင်းပရန်စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ယခု လှူဒါန်းမည့် ကော့ထင်း ပရဟိတလူငယ် ဖွံ့ဖြိုးရေးကျောင်း တည်နေရာမှာ ကျိုက်ထိုမြို့၊ ဘီးလင်းမြို့နယ်၊ မွန်ပြည်နယ် (ဖုန်း- ၀၅၇ ၅၀၃၁၉) ဖြစ်ပြီး ရန်ကုန်မှ ကျိုက်ထိုမြို့အ၀င် မိုင်တိုင်အမှတ် ၁၀၀၊ ကျိုက်ထိုမြို့ မီးရထား သံလမ်းအကျော်မှ မြေသားလမ်းလေးအတိုင်း (၃)မိုင်ခန့် ၀င်ရောက်လျှင် တွေ့ရမည် ဖြစ်သည်။ ကော့ထင်း ပရဟိတလူငယ် ဖွံ့ဖြိုးရေးကျောင်းဆရာတော်မှာ သတ္တမဇောတိကဓဇ ဘဒ္ဒန္တ ဒေသိန္န​(ဦးစီးပဓာန နာယကဆရာတော်) ဖြစ်ပြီး အဆိုပါ ကော့ထင်း ကျောင်းတော် တွင် ဆရာတော် (၁)ပါး (ဦးစီးပဓာန နာယကဆရာတော်)၊ ဦးပဇင်း (၈)ပါး၊ ကိုရင် (၂၇)ပါး၊ ပရဟိတကျောင်းသား ။ သူ(၄၂၇)ဦး၊ ဆရာ (၁၁)ဦး၊ ဆရာမ (၈)ဦး၊ စုစုပေါင်း (၄၈၂) ရှိပါသည်။

ကထိန်အလှူငွေများကို ဘဏ်မှသော်လည်းကောင်း တိုက်ရိုက်သော်လည်းကောင်း ပေးပို့ဆက်သွယ် လှူဒါန်းနိုင်ရန် အတွက် အောက်ပါ သက်ဆိုင်ရာ ယူဇာများ၏ အမည်နှင့် မှတ်ပုံတင်နံပါတ်များ၊ Gtalk လိပ်စာများမှာ သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

စင်္ကာပူ
ကိုဝင်းဇော်နိုင် (winzawnaing@gmail.com)
065-91830191

ကိုဇော်ဇော်မင်း (zawzawmin@gmail.com)
065-90283494

မငြိမ်း (khinchothet@gmail.com)
065-91825593

ရန်ကုန်
ကိုဟိန်းစည်သူ (lusein.friend@googlemail.com)
၁၂/သခန(နိုင်)၀၉၆၂၅၅
ဖုန်း - 09 9971247
ရိုးမဘဏ် (ဘုရင့်နောင် ဘဏ်ခွဲ)

ကိုတင်ထွန်းအောင် (id001czy@gmail.com)
၁၄/ကပန(နိုင်)၁၃၅၀၃၂
ဖုန်း - 01-900123၊ ၅၀၁၆၇၇၁၊ ၅၀၁၆၇၈ (ရုံးချိန်အတွင်း)
(M.O.B Bank) လှိုင်မြို့နယ်၊
(KBZ Bank) ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်။

မအေးအိအိအောင် (lhiyorko@gmail.com)
၁၂/ဒလန(နိုင်)၀၃၇၂၆၉
ဖုန်း - 652232၊ 652324 (ရုံးချိန်အတွင်း)
(M.O.B Bank) လှိုင်မြို့နယ်။

မဖြိုးသီရိလှိုင် (phyothlaing@gmail.com)
၁၂/ဥကမ(နိုင်)၁၇၁၅၅၇
ဖုန်း - 541390၊ 542972 (ရုံးချိန်အတွင်း)
ရန်ကင်းရိုးမဘဏ်ခွဲ၊ ရွှေဂုံတိုင် KBZ Bank

မလှသက်မွန် (thetmon.planet@gmail.com)
၁၂/အလန(နိုင်)၀၃၉၈၆၆
ဖုန်း - 295886၊ 200399 (ရုံးချိန်အတွင်း)
ရိုးမဘဏ် (ဗိုလ်တစ်ထောင်ဘဏ်ခွဲ)

မလဲ့လဲ့ဝင်း (chartakema@gmail.com)
၁၂/မရက(နိုင်)၀၃၁၈၂၂၊ ၂၉၇၆၈၈ (ရုံးချိန်အတွင်း)
ရိုးမဘဏ် (ဗိုလ်တစ်ထောင်ဘဏ်ခွဲ)

မန္တလေး
မန္တလေး ရိုးမဘဏ် (ရတနာပုံဘဏ်ခွဲ)
ကိုသစ်လွင်ထွန်း (starfalls.nazy@gmail.com)
၉/ပဥလ(နိုင်)၀၁၁၆၄၃
ဖုန်း - 02-80322, 80211

မသန်းသန်းနု (wgwhitegirl@gmail.com)
၁၃/လရန(နိုင်)၁၀၅၇၆၅
ဖုန်း - 09 2018506
Nice Cyber Cafe`
73 Street, Between 27 & 28 Street

ကိုစိုးဝင်းဟန် (julydream2007@gmail.com)
၉/အမဇ(နိုင်) ၀၀၇၃၀၂
ဖုန်း - 09 2029884

Planet User များမှာ ယခင်နှစ်များတွင်လည်း ၀ါဆိုသင်္ဃန်း၊ မိဘမဲကျောင်း၊ ရွာသာကြီး စိတ်ရောဂါ အထူးကု ဆေးရုံ စသည်တို့ကို ကမ္ဘာအရပ်ရပ်ရှိ အွန်လိုင်းမှ အလှုရှင်များနှင့်အတူ လှူဒါန်းနေသော အသင်းအဖွဲ့ မဟုတ်သည့် စေတနာရှင်များ ဖြစ်သည်။


Thursday, May 21, 2009

ဘန်တုံး ရေပူစမ်းသို့တစ်ခေါက် (Bentong Hot Spring)

Bentong Hot Spring
ဒီတစ်ခေါက်တော့ ဘန်တုံး (Bentong) မြို့ရှိ ရေပူစမ်း ကိုရောက်ဖြစ်ခဲ့ပါတယ်။ Bentong ရေပူစမ်းဟာ ကွာလာလမ်ပူ ကနေပြီး Raub ကိုသွားတဲ့ လမ်းမှာရှိတာပါ။ Raub ကိုမရောက်ခင် Bentong မြို့ကို အရင်ရောက်ပါတယ်။ Bentong မြို့က Pahang ပြည်နယ်အပိုင်ထဲမှာပါ။ Bentong ကိုသွားတဲ့အခါ လမ်း ၂လမ်းရှိပါတယ်။ တစ်ခုက ပုံမှန်သွားနေကျ ဟိုင်းဝေးလမ်းမကြီးပါ။ နောက်တစ်ခုကတော့ တောင်တွေကို ပတ်ပြီး သွားရတဲ့ လမ်းဟောင်းပါ။ Bentong ရေပူစမ်းက လမ်းဟောင်းမှာ တည်ရှိတာပါ။ ကွာလာလမ်ပူကနေပြီး တစ်နာရီနဲ့ မိနစ် လေးဆယ်လောက်ပဲ မောင်းရပါတယ်။ ရေပူစမ်းကိုရောက်တဲ့ ဘတ်စ်ကားတော့မရှိပါဘူး။ ကိုယ်ပိုင်ကား၊ ဒါမှမဟုူတ် အငှားကားနဲ့ သွားရတာပါ။ Bentong ရေပူစမ်းနားမှာ ညအိပ်တည်းခိုပြီး တောတောင် သဘာဝအလှကို ခံစားလိုသူတွေအတွက်လဲ ရေပူစမ်းနားမှာ ဟိုတယ်တွေရှိတဲ့အတွက် အဆင်ပြေပါတယ်။

Saturday, May 09, 2009

Raub Travel Guide

Raub, is one of the oldest towns in the State of Pahang. It began as a gold mining town in the early 19th century. Remains of its colonial past are evident in the old buildings scattered around the town.

By car

Raub is located along Federal Route 8 which runs from Bentong to Kota Bharu, the capital of Kelantan state. From Kuala Lumpur, the best way to reach Raub is via the Kuala Lumpur-Karak Expressway (Route E8) to Bentong, and then onto Route 8 at the expressway's Bentong East interchange. Route 8 also allows you to get to Raub from Kota Bharu. From Kuantan, you can reach Raub by using the East Coast Expressway (Route E8) to Lanchang interchange and then proceed along the Lanchang-Raub road.

There is an alternative route to get from the West Coast trunk road (Route 1) to Raub via the winding Route 55 from Kuala Kubu Bahru across the Main Range past The Gap and the turn-off to Fraser's Hill. Cars can use this road at the end of holidays to by-pass jams on the Kuala Lumpur-Karak Expressway.

To get from Taman Negara National Park, get to Jerantut and head weat towards Benta where you will join Route 8. Head south to get to Raub.

Raub is about 80km from Kuala Lumpur.

ရာဝတ်မြို့သို့ ခရီးသွားခြင်း (Raub)

Raub မြို့ရှိ ပန်းခြံအဝင်ဝ
ရာဝတ် (Raub) ကို အလုပ်ကိစ္စနဲ့ပတ်သက်ပြီး ရောက်သွားတယ်။ အလုပ်ကိစ္စပြီးတော့ အလည်ပေါ့။ ကျွန်တော့်ရုံးက သူငယ်ချင်းက အဲဒီ့မြို့သားဆိုတော့ သူက မြို့ရဲ့သာယာလှပတဲ့ နေရာတွေကို လိုက်ပို့တယ်လေ။ ရာဝတ် မြို့လေးက ကွာလာလမ်ပူနဲ့မတူပဲ တစ်မူထူးခြားလှပတဲ့ မြို့တစ်မြို့ပါ။ ဒီမြို့လေးက မလေးရှားနိုင်ငံ အနောက်ဘက်ခြမ်းက ပါဟန်း (Pahang)ပြည်နယ်ထဲမမှာ တည်ရှိတာပါ။ မလေးရှားနိင်ငံကွာလာလမ်ပူမြို့ ရဲ့မြောက်ဘက် မိုင်၅၀ (၈၀ ကီလိုမီတာ) အကွာမှာရှိတာပါ။ သာယာလှပတဲ့တောတောင်တွေ ဝန်းရံထားတဲ့ မြို့တစ်မြို့ပါ။ ကွာလာလမ်ပူကနေ ဘတ်စ်ကားနဲ့သွားမယ်ဆိုရင် ၂နာရီနဲ့ မိနစ်၃၀ လောက်ပဲကြာပါတယ်။

Tuesday, May 05, 2009

အမေနေ့အတွက် ကဗျာတစ်ပုဒ်

"မနက်စောစော"

မီးတိုင်လေး မှိတ်တုတ် မှိတ်တုတ်နဲ့
မီးမှုတ်တဲ့ ပြောင်းသံ
ချောင်းသံနဲ့ရော....။
ထင်းစိုစို မီးမလိုက်တော့
ပန်းလှိုက်လို့မော....။

လယ်ဆင်းမယ့် သားမောင်
ယောင်လို့တောင်နေသေး...
ခမျာ ပန်းရှာထင့်
ကျန်းမာစေ အကျိုးတွက်ပေမို့
နှိုးခက်တယ်လေး....။

မီးအရှိန်ကောင်းလို့
ကောက်ညှင်းပေါင်း အငွေ့လှိုင်
လယ်ဆင်းသူ လူပျိုသိုးက
မနိုးတော့နိုင်....
လက်နှီးခု တကိုင်ကိုင်
မီးတိုင်လေး တမြောက်မြောက်....
ကြမ်းနင်းသံ ချွတ်ချွတ်ကြားတော့
သားက နောက်ရောက်....။

အငွေ့တထောင်းထောင်းနဲ့
ကောက်ညှင်ပေါင်း တစ်ဇလုံ၊
ဆီမပါ ဆားမပေါက်တဲ့
ငါးခြောက်တစ်ပုံ။
ဖအေတူ ပုဆိုးခြုံ
တအိုးကုန် အပြောင်ရှင်း....
သွားလေသူ ကောက်ညှင်းကြိုက်ကို
လွမ်းလိုက်လေခြင်း....။

မီးတိုင်က ဆီကုန်
အရုဏ်က လင်းလုလု....၊
သည်မီးဇာ ဘယ်ခါကျွမ်းမယ်
မှန်းမျက်ရည်ဥ.....။
(အမေသို့ . . . .)

စူးရှလင်းလက်

*ကျွန်တော့်ဆီကို Forward Mail နဲ့ရောက်လာတဲ့ စူးရှလင်းလက်ရဲ့ မေလ(၁၀)ရက်နေ့မှာ ကျရောက်မည့် အမေနေ့ အမှတ်တရကဗျာလေးပါ အမေနဲ့ဝေးမှ အမေ့မေတ္တာကို ပိုမိုနားလည်မိလို့ ဒီကဗျာလေးကို အားလုံးအတွက် ပြန်လည် မျှဝေလိုက်တာပါ*

Sunday, May 03, 2009

ထောက်ကြံ့မိဘမဲ့ကလေး ကျောင်းသို့ အလှုခရီး


-->ကျွန်တော်တို့ ပလန်းနက် တီးရှော့နဲ့ မြန်မာချက်က သူငယ်ချင်းများရဲ့ စုပေါင်းအလှုကို မှတ်တမ်းတင်ချင်တဲ့ ဆဒ္ဒလေးတစ်ခုရယ်၊ အရင်က အွန်လိုင်းသူငယ်ချင်းများကို ပြန်ပြီး အမှတ်ရတာရယ် ကြောင့် ဒီပို့စ်လေးကို တင်လိုက်တာပါ။ ကျွန်တော်တို့ အွန်လိုင်းသူငယ်ချင်းများရဲ့ စုပေါင်းအလှုပွဲလေးများကို မကြာခဏ လုပ်ဖြစ်ခဲ့ကြပါတယ်။ Oversea က သူငယ်ချင်းများကလဲ အလှုငွေကို စုပေါင်း ထည့်ဝင်ခဲ့ကြပါတယ်။ အဲဒီတုန်းက လစဉ်လတိုင်း ပထမပါတ် တနင်္ဂနွေနေ့တိုင်း ဘားလမ်းက ဦးညို လို့ သိကြတဲ့ Mr. Brown Coffee Shop အပေါ်ထပ်မှာ အမြဲဆုံတွေ့ကြတာကို အခုချိန်အထိ ရင်ခုန်မိနေဆဲပါ။
ပလန်းနက်နဲ့ မြန်မာချက်က သူငယ်ချင်းအသစ်တွေကိုလဲ အမြဲဖိတ်ခေါ် ကြိုဆိုခဲ့ကြပါတယ်။ ကျွန်တော်လဲ တီးရှော့မှာ အချိန်ကြာကြာချက်ခဲ့ပေမဲ့ Mr. Brown Coffee Shop ကိုတော့ 2006 March မှ စပြီး သူငယ်ချင်းတွေနဲ့ သွားတွေ့ဆုံခဲ့တာပါ။ အဲဒီတုန်းက ကျွန်တော်အရင်ဆုံး မြင်ဖူးခဲ့တာက ကိုမင်းလွင်၊ ကိုဟန်၊ ကိုမဟာ၊ ကိုအောင်၊ ABC၊ မမိုး၊ ရုပ်ဆိုးမ၊ မပျားရည်ချို၊ သဲသဲ၊ Eleven၊ ညီမလေးဖြူ၊ ယန်ယန်၊ ကိုစမ်းချောင်း တို့နဲ့စတွေ့တာပဲ။ နောက်ပိုင်းကျတော့ ချက်ထဲက သူငယ်ချင်း အကုန်လိုလို Mr. Brown Coffee Shop မှာ ဆုံတွေ့ခဲ့ကြပါတယ်။ ဒီလိုခင်မင်စရာကောင်းတဲ့ သူငယ်ချင်း မိတ်ဆွေတွေနဲ့ အပြင်မှာ Online Donation တွေလုပ်တိုင်း ပါဝင်ခဲ့ရတာ အရမ်းလဲ ပျော်ဖို့ကောင်းပါတယ်။ အဲဒီတုန်းက အခုပလန်းနက်လိုမျိုး မန်ဘာစနစ်တွေ ဘာတွှေမရှိဘူး။ ချက်ထဲမှာခင်တဲ့ သူငယ်ချင်းကို Mr. Brown Coffee Shop ကိုလာဖို့ ဖိတ်ခေါ်လိုက်တာပဲ။ Online Donation လုပ်တော့ တစ်ချို့က ကိုယ်တိုင်မပါဝင်နိုင်ပေမဲ့လဲ အလှုငွေ ထည့်ဝင်ကြပြီး ကုသိုလ်ပြုခဲ့ကြပါတယ်။
အခုတော့ ပလန်းနက် တီးရှော့ နဲ့ မြန်မာချက်မရှိတော့ အရင်လိုမျိုး ဦးညိုမှာ မဆုံဖြစ်ကြတော့ပါဘူး။ တစ်ချို့လဲ အလုပ်ကိစ္စတွေကြောင့်၊ တစ်ချို့လဲ Oversea ကို ရောက်ကုန်ကြတာကြောင့်ရယ်ပါ။ ကျွန်တော်ကိုယ်တိုင်လဲ Oversea ကို ရောက်နေတာကြောင့် အရင်လိုမပါဝင်နိုင်တော့ပါဘူး။ သို့ပေမဲ့ အချို့သော သူငယ်ချင်းများကတော့ ဆက်လက်ပြီး ဆောင်ရွက် နေပါသေးတယ်။ တကယ်လို့ဖြစ်နိုင်မယ်ဆိုရင် အရင်လိုမျိုး စုစုစည်းစည်းနဲ့ သူငယ်ချင်းတွေ ပြန်လည် ဆုံတွေ့ချင်ပါသေးတယ်။ ယခုအချိန်မှာတော့ အွန်လိုင်းကနေပြီး အသင်းအဖွဲ့ရယ်လို့မဟုတ်ပဲ စုပေါင်းပြီး အကျိုးပြုနေကြတဲ့သူတွေ အများကြီး တွေ့လာရပါတယ်။ အွန်လိုင်းမှာ ချင်တင်ထိုင်ရုံမဟုတ်ကြပါဘူး အများအတွက် အကျိုးပြုနေကြတာ ဖြစ်တဲ့အတွက် ၀မ်းသာမိပါတယ်။
ဒီပုံတွေက မိဘမဲ့ကလေး ပြုစုရေှးဌာနမှာ 2006 ခုနှစ် မတ်လ (19) ရက်နေ့မှာ လှုဒါန်းတုန်းက ပုံတွေပါ။ အရင် 2005 လောက်တုန်းက ဓါတ်ပုံတွေကတော့ ကိုဟန့်ဆီမှာ တောင်းရဦးမယ်။
--> -->ထောက်ကြန့်ကိုသွားဖို့ ၈မိုင်မှာ ကားစောင့်နေကြတုန်း ရိုက်ထားတာပါ။
-->ထောက်ကြန့်ရောက်တော့ ကားလမ်းတစ်ဖက်ကို ပြန်ကူးရသေးတယ်လေ။ ကိုဟန်က အထုပ်တွေ မနိုင်မနင်းနဲ့..
-->အ၀င်ဝနားတော့ ရောက်ပြီ ဒါပေမဲ့ ၀င်လို့မဖြစ်သေးဘူး နောက်ကားနဲ့ပါလာမဲ့ အဖွဲ့ကို စောင့်ရဦးမယ်လေ။

-->လူစုံတုန်း အမှတ်တရ ဓါတ်ပုံရိုက်ကြတာပေါ့။ ဘယ်ဘက်အစွန်က ကျွန်တော်၊ ဘေးက ကိုဟန်၊ ကိုဗျာလေး က ကိုဟန့်ကို ဘာတွေ ပြောနေလဲ မသိဘူး၊ မယ်လိုဒီဘွိုင်း၊ ကိုထက်နဲ့ ပူတူး (မသိတဲ့သူဆို အတွဲထင်ကြမယ် ဓါတ်ပုံဆရာ လက်စွမ်းလေ)၊ နောက်ပြီး မကေ၊ အတာ၊ Angel နဲ့ ကလေးလေး တို့ပေါ့။
တက်ညီလက်ညီနဲ့ ချီတက်ကြပြီလေ။ ကိုထက်က ကိုဟန်နဲ့ အထုပ်ချင်း လဲကိုင်လိုက်တယ်။

-->မိဘမဲ့ကလေးလေးတွေနဲ့ အမှတ်တရဓါတ်ပုံပါ။
-->ဒါကတော့ လူမှုဝန်ထမ်းဦးစီးဌာနက ပေးအပ်တဲ့ မှတ်တမ်းတင် ဂုဏ်ပြုလွှာပါ။
-->အပြန်မှာတော့ အားလုံးပေါ့ပေါ့ပါးပါး ရယ်လို့မောလို့ပေါ့။ အားလုံးရဲ့ စိတ်ထဲမှာ မိမိပြုလိုက်တဲ့ ကုသိုလ်လေး တစ်ခုကို ပြန်အမှတ်ရ နေကြမှာပါ။