Thursday, May 21, 2009

ဘန်တုံး ရေပူစမ်းသို့တစ်ခေါက် (Bentong Hot Spring)

Bentong Hot Spring
ဒီတစ်ခေါက်တော့ ဘန်တုံး (Bentong) မြို့ရှိ ရေပူစမ်း ကိုရောက်ဖြစ်ခဲ့ပါတယ်။ Bentong ရေပူစမ်းဟာ ကွာလာလမ်ပူ ကနေပြီး Raub ကိုသွားတဲ့ လမ်းမှာရှိတာပါ။ Raub ကိုမရောက်ခင် Bentong မြို့ကို အရင်ရောက်ပါတယ်။ Bentong မြို့က Pahang ပြည်နယ်အပိုင်ထဲမှာပါ။ Bentong ကိုသွားတဲ့အခါ လမ်း ၂လမ်းရှိပါတယ်။ တစ်ခုက ပုံမှန်သွားနေကျ ဟိုင်းဝေးလမ်းမကြီးပါ။ နောက်တစ်ခုကတော့ တောင်တွေကို ပတ်ပြီး သွားရတဲ့ လမ်းဟောင်းပါ။ Bentong ရေပူစမ်းက လမ်းဟောင်းမှာ တည်ရှိတာပါ။ ကွာလာလမ်ပူကနေပြီး တစ်နာရီနဲ့ မိနစ် လေးဆယ်လောက်ပဲ မောင်းရပါတယ်။ ရေပူစမ်းကိုရောက်တဲ့ ဘတ်စ်ကားတော့မရှိပါဘူး။ ကိုယ်ပိုင်ကား၊ ဒါမှမဟုူတ် အငှားကားနဲ့ သွားရတာပါ။ Bentong ရေပူစမ်းနားမှာ ညအိပ်တည်းခိုပြီး တောတောင် သဘာဝအလှကို ခံစားလိုသူတွေအတွက်လဲ ရေပူစမ်းနားမှာ ဟိုတယ်တွေရှိတဲ့အတွက် အဆင်ပြေပါတယ်။


ဒီနေ့ အလုပ်ကိစ္စနဲ့ Raub ကိုသွားဖို့ ရုံးကစောစော ထွက်လာခဲ့တော့ သူငယ်ချင်းက ရေပူစမ်းကို လိုက်ပို့မယ်ဆိုပြီး လမ်းဟောင်းကနေ Bentong ရေပူစမ်းကိုသွားပါတယ်။ သွားနေကျ ဟိုင်းဝေးလမ်းကနေပြီး Genting Hiland ကျော်နား ရောက်တော့ လမ်းခွဲအတိုင်း Bengong ကိုသွားတဲ့ တောလမ်းကနေသွားပါတယ်။ ကားလမ်းက တောထဲမှာ ဖောက်ထားတော့ လမ်းကနဲနဲကျဉ်းပါတယ်။ ကားနှစ်စီး ရှောင်သာလောက်ရုံပဲ အကျယ်ရှိပါတယ်။ တောင်အကွေ့တွေမှာ တစ်စီးနဲ့တစ်စီး မမြင်ရတဲ့အတွက် ဟွန်းသံပေးပြီး ရှောင်မောင်းပြီး သွားရပါတယ်။ ဒါနဲ့ ရေပူစမ်းရောက်တော့ ရှိတဲ့ ဖုန်းကမရာနဲ့ပဲ ဓါတ်ပုံ လျှောက်ရိုက်ဖြစ်လိုက်တယ်။ ရေပူစမ်းမှာ ကန်သုံးကန် ရှိပါတယ်။ ပထမကန်က ရေပူထွက်တဲ့ ကန်ပါ။ ကြက်ဥတစ်လုံးကို ကြာကြာ စိမ်ထားမယ်ဆိုရင် ကျက်စေတဲ့အထိ ပူပါတယ်။ ပထမကန်ထဲကရေပူကို ဒုတိယကန်ထဲကို စီးဆင်းစေပါတယ်။ ဒုတိယကန်က ရေအေးနဲ့ ရောထားတဲ့အတွက် နွေးနွေးလေးသာရှိပါတယ်။ ဒီကန်က ရေပူ စိမ်လိုသူတွေအတွက် ပြုလုပ်ထားတာပါ။ တတိယကန်ကတော့ ဒုတိယကန် ကရေကို သန့်စင်ဖို့အတွက် ရေထုတ်တဲ့ကန်ပါ။ ဘန်တုံး ရေပူစမ်းက Entrance Fee မပေးရပါဘူး။ ဒီရေပူစမ်းအပြင် နောက်ထပ်ရေပူစမ်းနှစ်ခု ရှိပါသေးတယ်။ အဲဒီ့မှာတော့ Entrance Fee ပေးရပါတယ်။ အဲဒီ့ရေပူစမ်းတွေကတော့ ဟိုတယ်တွေနဲ့ တွဲဖွင့်ထားတာပါ။

Bentong ရေပူစမ်းအဝင်ဝမှာ ရိုက်ထားတဲ့ပုံပါ။

ရေပူစမ်းသို့ အဝင်လမ်း
ရေပူစမ်းမှာ ရေကူးလိုသူတွေအတွက် ရေကန်လုပ်ထားတဲ့ ဒုတိယကန်ပါ ရေကူးပြီး နားနေရန်အတွက်လဲ နားနေဆောင်လေးတွေ ရှိပါတယ်။
ရေပူစမ်းမှာ ရေကူးနေကြသူအချို့...
သန့်စင်ဖို့အတွက် ပြုလုပ်ထားတဲ့ တတိယကန်ပါ။
ဒါက Entrance Fee ပေးရတဲ့ Bamboo Garden က ရေပူကန်တစ်ခုပါ။
ရေပူစမ်းအနီးက Serenity Resort Hotel Bungalow Type ပါ။
တောတွင်း ရှုခင်းတစ်ခု....


Bentong မြို့ရဲ့ အထင်ကရ ဘလီတစ်ခု....ဒီနေရာမှာ စက်ဘီးပြိုင်ပွဲအတွက် လမ်းပိတ်ထားလို့ ၁နာရီလောက် စောင့်လိုက်ရပါသေးတယ်ခင်ဗျား။

Lin Mg Mg

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.