Thursday, June 25, 2009

မြင်ပင်မြင်လဲမရောင့်ရဲ

မြင်ပင်မြင်လဲ မရောင့်ရဲ


ချီချီချယ်ချယ် ဆယ်ပန်းချီလဲ

တုပြီးဆွဲပြိုင် မတတ်နိုင်စွမ်း

သိကြားပန်းပု ထုလဲမဆန်း

နတ်လျှင်မတု ငယ်မူဤမျှ

ချိန်ရောက်ခါလျှင် အံ့လောက်ထင်သည်

မြင်ပင်မြင်လဲ မရောင့်ရဲ……


လင်းလင်း
23/12/2005



Wednesday, June 24, 2009

စိတ်ကြိုက်ကာတွးန်လေးများ





ငယ်စဉ်ဘ၀ အမှတ်တရ ဟာသများ

ကျွန်တော် ကိုးတန်းဖြေပြီးချိန် နွေရာသီကျောင်းပိတ်ရက်မှာဖြစ်ပါတယ်။ ကျွန်တော်ရယ်၊ ကျွန်တော့်သူငယ်ချင်း ဝေဖြိုးအောင်ရယ် ရေလယ်ကျောက်တန်းဘုရားကို သွားဖူးကြတာပါ။ ကျွန်တော့်သူငယ်ချင်းရဲ့ပုံစံက အရပ်ရှည်ရှည် ခပ်ပိန်ပိန်နဲ့ ပုလင်းဖင် (ပါဝါမျန်မှန်အထူကြီး) တပ်ထားတာပါ။ ကျွန်တော့်သူငယ်ချင်းက အရမ်းလဲ အစအနောက်သန်ပါတယ်။ ကျွန်တော်တို့ ကျောက်တန်းရေလယ်ဘုရားရောက်တော့ ငါးအစာကျွေးတဲ့နားမှာ နှစ်ယောက်သား ရပ်ကြည့်နေကြတာ..... အဲဒီ့မှာ ကမ္ဘာလှည့်ခရီးသည်တွေကလဲ ငါးစာကျွေးနေကြတာပေါ့။ ကျွန်တော်တို့ရပ်ကြည့်နေတာကိုမြင်တဲ့ ကမ္ဘာလှည့်ခရီးသည်ခရီးသည် အမျိုးသမီးကြီးတစ်ဦးက သူကျွေးနေတဲ့ ငါးစာပေါက်ပေါက်ဆုပ်အထုပ်ကို ကျွန်တော့်သူငယ်ချင်းဆီ ထိုးပေးပါလေရော..... ငါးစာကျွေးမလားဆိုတဲ့သဘောပေါ့။ ကျွန်တော်လဲ ရုတ်တရက်ဆိုတော့ ကြောင်အမ်းအမ်း ဖြစ်နေတဲ့အချိန်မှာ.....ကျွန်တော့်သူငယ်ချင်းက ချက်ချင်းလက်ကာပြပြီး ပြန်ပြောလိုက်တာကတော့ ......... "မစားဘူးတဲ့"........

Monday, June 22, 2009

Famous Pagoda From Myanmar (Burma) Part-2

မြင်ပင်မြင်လဲစောင့်ရဆဲ

ဒီနေ့ Gmail ကပေးထားတဲ့ 7 GB ကပြည့်နေတာကြောင့် အရင်ကဖတ်ပြီးသား မေးလ်တွေကို ပြန်ဖျက်ရင်းနဲ့ ကဗျာတစ်ပုဒ်ကို ပြန်ရှာတွေ့လိုက်တယ်။ ပို့စ်အသစ်မတင်တာလဲ ကြာပြီဆိုတော့ ဒီကဗျာလေးကိုပဲ Blog မှာတင်လိုက်ပါတယ်။ ဒီကဗျာလေးကတော့ အတော်ကြာပါပြီ။ *စကားချပ်*(အရင်တုန်းက ကျွန်တော် အရူးအမှုးဖြစ်ခဲ့တဲ့ ကောင်မလေးတစ်ယောက်ကို ပေးခဲ့ဖူးပါတယ်.... )

Tuesday, June 02, 2009

Download


If you can't see Myanmar font, You can download and install Myanmar Fonts.

 

Install Adobe Flash Player

Download Adobe Flash Player version 10.0.22.87
Windows | 1.8MB

 

Browser: Firefox, Safari, Opera
Download time estimate: 2 minutes @ 56K modem




The Mozilla Firefox web browser
Download Firefox 3.5

အပြစ်ကင်းသူ

ကာတွန်းဆရာကြီး ငွေကြည်ရဲ့ ကာတွန်းတစ်ပုဒ်ကို ကြိုက်လို့ တင်လိုက်ပါတယ်။

Monday, June 01, 2009

ဘလော့ခ်အတွက် FavIcon

FavIcon ဆိုတာရဲ့ ဆိုလိုရင်းကတော့ Favourite Icon ပါ။ သူ့ကို အသုံးပြုတဲ့ နေရာကတော့ ၀ဘ်ဘရောက်ဇာတွေရဲ့ Website Address တွေရဲ့ရှေ့မှာ ၎င်းဝဘ်ဆိုဒ်ရဲ့ အမှတ်တံဆိပ်အသေးစားအဖြစ်၊ လှုပ်ရှားနေတဲ့ ပုံတွေအဖြစ်လည်းကောင်း၊ ပုံသေတွေ အဖြစ်လည်းကောင်း အသုံးပြုကြပါတယ်။ အောက်ကပုံကို ကြည့်လိုက်ရင် FavIcon ဆိုတာ ဘာလဲဆိုတာပိုရှင်းသွားပါလိမ့်မယ်။


အထက်က ပုံကတော့ ကျွန်တော်တို့ ရောင်းရင်းကြီး Blogger.com ရဲ့ Favicon ပဲဖြစ်ပါတယ်။ များသောအားဖြင့်တော့ ကိုယ်ပိုင် Web Hosting ၀ယ်ပြီး၊ ကိုယ်ပိုင်ဝဘ်ဆိုဒ် ရေးသားလွတ်တင် ထားတဲ့သူတွေ အတွက် Favicon ကိုမိမိကိုယ်တိုင် ထည့်သွင်းပေးရ ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ Blogger.com မှာတော့ အလိုအလျောက်ပဲ ပါရှိပြီးသားဖြစ်တဲ့အတွက် အဲဒီ မူရင်းပါရှိတဲ့ Blogger ရဲ့ Favicon ကို မိမိစိတ်ကြိုက်၊ မိမိရဲ့ အမှတ်တံဆိပ်တစ်ခုနဲ့ အစားထိုးဆောင်ရွက်ကြည့်ကြပါမယ်။ ဘယ်လိုအစားထိုးကြမလဲ။ လုပ်နည်းက သိပ်ကိုလွယ်ပါတယ်။ အောက်ပါအတိုင်း ဆောင်ရွက်ပါ။

နည်းလမ်း(၁)

၁)Favicon အဖြစ်အသုံးပြုရန် မိမိ စိတ်ကြိုက် ဆော့ဖ်ဝဲလ်တစ်ခုကို အသုံးပြုကာ စိတ်ကြိုက်ဒီဇိုင်းတစ်ခု ဖန်တီးပါ။ ပြီးလျင်ပုံကို .png အမျိုးအစားဖိုင် အဖြစ်သိမ်းဆည်းပါ။ ဖိုင်ရဲ့ အရွယ်အစားကတော့ ၁၆*၁၆ Pixels မှ ၃၂*၃၂ Pixels အတွင်းကြိုက်သလို ဖန်တီးလို့ရပါတယ်။

၂)၎င်း Icon ကို (Photobucket သို့မဟုတ် Googlepage) စသဖြင့် တစ်နေရာရာတွင် Upload လုပ်ပါ။ရလာသော လင့်ခ်ကို တစ်နေရာတွင် ကော်ပီကူးပြီးမှတ်ထားပါ။

၃)Blogger Dashboard ကိုဝင်ရောက်ပြီး၊ Template အောက်ရှိ Edit HTML တွင်အောက်ပါ ကုဒ်များကို Ctrl+F အကူအညီဖြင့် တွေ့အောင်ရှာဖွေပါ။

<data:blog.pagetitle/>

၎)တွေ့ရှိပါက ၎င်းကုဒ်များ၏ အောက်တွင် အောက်ပါကုဒ်များကို Copy->Paste လုပ်ပါ။

၅)”URL of your icon file” ဆိုသောနေရာတွင် မိမိ Favicon ၏လင့်ခ်ကို အစားထိုး ရပါမယ်။

၆)Template ကို Save လုပ်ပါ။ ပြီးလျင် ဘရောက်ဇာ အသစ်တစ်ခုဖွင့်ပြီး မိမိ ဘလော့ဂ်လိပ်စာကိုရိုက်ထည့်၍ Favicon ပေါ်မပေါ်ကြည့် ကြည့်ပါ။

အကယ်၍ Favicon မပေါ်ဘူးဆိုလျင် မိမိဘရောက်ဇာရှိ Temporary Internet ဖိုင်များကို Delete လုပ်ပေးရပါမယ်။

နည်းလမ်း(၂)

အထက်ပါနည်းမှာ ကိုယ်ပိုင် Favicon တစ်ခုဖန်တီးဖို့ဆိုတဲ့ အဆင့်အတွက် အခက်အခဲ ရှိကောင်းရှိနိုင်ပါတယ်။ အကယ်၍ ဖန်တီးဖို့ အခက်အခဲ မရှိခဲ့ဘူး ဆိုရင်လည်း အချိန်ပေးဖို့အတွက် စကားပြောစရာရှိလာပါမယ်။ အဲဒီအတွက် အချိန်လည်းပေးစရာမလို၊ ကိုယ်တိုင်လည်း ဘာမှဖန်တီးစရာမလိုပဲ အမိုက်စား Animation FavIcon တွေကို မိမိစိတ်ကြိုက်၊ မိမိစက်ထဲမှာရှိတဲ့ ပုံတစ်ပုံပေးလိုက်ရုံ နဲ့ မိမိဘလော့ဂ် (သို့) ဆိုဒ် အတွက် Favicon တစ်ခုကို အမြန်ဆုံးနဲ့၊ အလကားဖန်တီးပေးတဲ့ ဒီနေရာ ကိုသွားတာ အကောင်းဆုံးပါပဲ။
(ကျွန်တော့်ဆိုဒ်မှာ အဲဒီနည်းကိုသုံးထားပါတယ်။)

ပုံအကြီးကြည့်ရှုရန် ပုံပေါ်တွင်ကလစ်ပေးပါ။

အဲဒီနေရာကိုရောက်ရင် ညီအစ်ကိုမောင်နှမများ တွေ့ကြတဲ့ အတိုင်းပါပဲ။

၁)Browse ထဲမှနေ၍ မိမိစိတ်ကြိုက်ပုံတစ်ပုံ (အရွယ်အစား၊ဖိုင်အမျိုးအစား ကန့်သတ် ချက်မရှိ) ကိုရွေးပါ။

၂) ပြီးလျင် Scrolling Text ၏ဘေးမှ အကွက်တွင် မိမိဘလော့ဂ်နာမည်၊ သို့ မိမိစိတ်ကြိုက် မိမိ ပေါ်စေချင်သော စာသားကိုရိုက်ထည့်ပါ။

၃)ပြီးလျင် Animate Favicon ၏ဘေးရှိ Check Box တွင် Enable ပေးပြီး Generate FavIcon.ico ကိုကလစ်လုပ်ပါ။

၎)နောက်တစ်မျက်နှာတွင် Download နှင့် Preview ဆိုပြီးပြလာမှာဖြစ်ပါတယ်။ မိမိ၏ FavIcon အထုပ်ကို Download လုပ်ပါ။

၅)ဒေါင်းလုဒ်လုပ်လို့ရလာတဲ့ အထုပ်ဟာ zip file နဲ့ထုပ်ထားတာဖြစ်တဲ့ အတွက် အဲဒီအထုပ်ပေါ်မှာ Right Click ပေးပြီး Extract Here လုပ်ပါ။

၆)Extra File ထုပ်ထဲမှ animated_favicon1 ကိုရွေးချယ်ပြီး အထက်မှာ ပြောခဲ့တဲ့အတိုင်း မိမိစိတ်ကြိုက် နေရာတစ်ခုမှာ Upload လုပ်ပါ။ရလာတဲ့ လင့်ခ်ကို ကော်ပီကူးပြီးမှတ်သားထားပါ။

၇)ပြီးလျင် အထက်တွင်ရှင်းပြခဲ့သည့်အတိုင်း “URL of your icon file” နေရာတွင်မိမိ FavIcon ရဲ့ လင့်ခ်ကို အစားထိုးထည့်ပါ။
ထိုစာကြောင်းရှိ ‘ type=’image/vnd.microsoft.icon’ ဆိုသောနေရာတွင် အောက်ပါကုဒ်ဖြင့် အစားထိုးပါ။

type='image/gif'

၈)Template ကို Save လုပ်ပြီးလျင် အားလုံး Ready ဖြစ်ပါပြီ။ မိမိဘလော့ဂ်အား ဘရောက်ဇာ အသစ်တွင်ဖွင့်ပြီး ကျေနပ်မှုရယူပါ။

(Blogging ကိုအခုမှ စတင်ထိတွေ့သူများအတွက် ရည်ရွယ်ပြီး အသေးစိတ် ရေးသားပေးထားတာ ဖြစ်ပါတယ်။ တစ်ကယ်လုပ်လျင်(၂)မိနစ် လောက်အတွင်း ပြီးစီးသွားနိုင်ပါတယ်ခင်ဗျား။)

*မှတ်ချက်* (အသုံးဝင်သော နည်းလမ်းဖြစ်သောကြောင့် koprince ဘလော့ခ်မှ ပြန်လည်မျှဝေလိုက်ပါသည်)