Saturday, August 28, 2010

ပြည်တွင်းပျံသန်းနေသော အဲပုဂံ ATR 72 လေယာဉ်များတွင် အမျိုးသမီး လေယာဉ်မှူးများ စတင်မောင်းနှင် တော့မည်

အဲပုဂံလေကြောင်းလိုင်းက မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းခရီးစဉ်များတွင် အမျိုးသမီး လေယာဉ်မှူးများ စတင်အသုံးပြုတော့မည် ဖြစ်ကြောင်း သိရသည်။ “အဲပုဂံက အမျိုးသမီး လေယာဉ်မှူး လေးဦးကို Local Flight တွေဖြစ်တဲ့ ATR 72 တွေမှာ စပြီး အသုံးပြုပါမယ်။ အခုသူတို့က လေယာဉ်ခရီးစဉ်တွေမှာ အကူလေယာဉ်မှူးတွေအဖြစ် စတင် အသုံးပြုနေပါပြီ။ မကြာမီမှာ လေယာဉ် ကပ္ပတိန်တွေအဖြစ် စတင်အသုံးပြုသွားပါမယ်”ဟု အဲပုံဂံမှ မန်နေဂျင်းဒါရိုက်တာ ဦးထူးသက်ထွေးက ပြောသည်။ “အမျိုးသမီး လေယာဉ်မှူးတွေက မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာရှိတဲ့ လေယာဉ်မောင်းသင်တန်းမှာ စာတွေ့ကြီးပဲ နှစ်နှစ်လောက် သင်ရတာ။ ပြီးတော့ ATR 72 မောင်းမှာမို့လို့ ATR 72 လေယာဉ်မောင်း လက်မှတ်ရဖို့ ထပ်ပြီးသင်ရတယ်။ သင်တန်းပြီးတော့ ပျံသန်းချိန် နာရီအောင် ထပ်ပြီးလေ့ကျင့် ပျံသန်းရသေးပါတယ်။ ပြီးတော့မှ မြန်မာနိုင်ငံပြန်လာပြီး ဒုတိယပိုင်းလော့ FO အနေနဲ့ စတင်လိုက်ပါနေပါပြီ”ဟု အဲပုဂံမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။ “နိုင်ငံတကာကိုယှဉ်ပြီး မြန်မာအမျိုးသမီး လေယာဉ်မှူးတွေ မောင်းနိုင်တော့မှာမို့လို့ ကောင်းပါတယ်။ ဒါပေမဲ့ တကယ့်အရေးကြုံတဲ့ နေရာမှာ သူတို့ရဲ့ ဖြတ်ထိုးဥာဏ်က ဘယ်လို အသုံးဝင်မလဲပေါ့။ တစ်မျိုးတော့ ဖြစ်မိတာပေါ့လေ”ဟု လေယာဉ်ခရီးသည် တစ်ဦးက ပြောပြခဲ့ကြောင်း ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

source : Khit Lu Nge

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.