Wednesday, August 11, 2010

ဆိုက်ရောက် ဗီဇာစနစ် မလေးရှားဖျက်သိမ်း

မလေးရှားနိုင်ငံအစိုးရက မြန်မာနိုင်ငံ အပါအဝင် အာရှတိုက်ရှိ နိုင်ငံရှစ်နိုင်ငံအပေါ် ခွင့်ပြုပေးနေသည့် ဆိုက်ရောက် ဗီဇာစနစ်ကို နိုင်ငံအတွက် ပြဿနာများစွာ ကြုံတွေ့နိုင်သည်ဟု အကြောင်းပြု၍ သြဂုတ်လ ၃ ရက်နေ့က ဖျက်သိမ်းလိုက်ကြောင်း ရန်ကုန်မြို့တော်ရှိ ပြည်ပအလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဆိုက်ရောက် ဗီဇာစနစ် အမြဲတမ်း ရပ်စဲရခြင်း၏ အဓိကအကြာင်းအရင်းမှာ အိန္ဒိယနိုင်ငံမှ အလည်အပတ် လာရောက်သူ လေးသောင်းခန့်သည် ဆိုက်ရောက် ဗီဇာစနစ်ကို အသုံးချ၍ မလေးရှားနိုင်ငံတွင် တရားမဝင် နေထိုင်လျက် ရှိသည့်အတွက် ယခုကဲ့သို့ ရပ်စဲရခြင်း ဖြစ်သည်ဟု မလေးရှားနိုင်ငံထုတ် “Star” သတင်းစာတွင် ပါရှိကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။ 

“သြဂုတ်လ ၁၅ ရက်နေ့ လောက်ကစမယ် လို့တော့ ကြားတယ် ”ဟုလည်း ၄င်းက ဆက်လက်ရှင်းပြသည်။ ယင်းကဲ့သို့ မြန်မာနိုင်ငံသားများအပေါ် ဆိုက်ရောက် ဗီဇာစနစ် ဖျက်သိမ်းလိုက်သည့်အတွက် မြန်မာနိုင်ငံမှ ခေါ်စာ “Calling” ဖြင့် ဗီဇာမယူဘဲ သွားရောက် ကြသူများသည် မဖြစ်မနေဗီဇာ ယူရတော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများက ပြောကြားသည်။ ၂၀၀၆ ခုနှစ်မှ စတင်၍ မလေးရှားနိုင်ငံသို့ ဝင်ရောက်လာသူများကို ဆိုက်ရောက် ဗီဇာစနစ်ခွင့်ပြုပြီး ယခုဆိုက်ရောက် ဗီဇာစနစ် ဖျက်သိမ်းသော နိုင်ငံများမှာ မြန်မာနိုင်ငံ အပါအဝင် အိန္ဒိယ၊ တရုတ်၊ ဘူတန်၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်(တိုင်ပေ)၊ ကူမာရောကျွန်းစုနိုင်ငံတို့ ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။"

source : khitlunge

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.