Sunday, September 19, 2010

ကမ္ဘာ့ဘဏ်သို့ အင်းလေးကန် ပြုပြင်ထိန်းသိမ်းရေး အဆိုပြုလွှာ တင်သွင်းမည်

နာမည်ကျော် အင်းလေးကန် ရေရှည်တိုးတက်စေရန်နှင့် ပြုပြင်ထိန်းသိမ်းရေးအတွက် အဆိုပြုလွှာ ( Proposal) ကိုကမ္ဘာ့ဘဏ်သို့ အင်းလေးကန် ပြုပြင်ထိန်းသိမ်းရေး ကော်မတီက တင်သွင်းသွားမည် ဖြစ်ကြောင်း ယင်းကော်မတီတွင် ပါဝင်သော သစ်တော သယံဇာတ ပတ်ဝန်းကျင်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း ( FREDA) ဒုတိယဥက္ကဋ္ဌ ဦးအုန်းက ပြောကြားသည်။ အဆိုပါ အဆိုပြုလွှာတွင် အင်းလေးကန် ပြုပြင်ထိန်းသိမ်းရေးအတွက် အင်းလေးကန်၏ လက်ရှိကြုံတွေ့နေရသော အခြေအနေ အရပ်ရပ်ကို တင်ပြသွားမည် ဖြစ်ကြောင်း ၊ကမ္ဘာ့ဘဏ်သို့ ယင်းအစီရင်ခံစာ မတင်ရသေးသည့် အတွက် ငွေကြေးမည်မျှ ထောက်ပံ့မည်ကို မသိရှိရသေးကြောင်း၊ လက်ရှိယင်းကော်မတီက တစ်လလျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် အင်းလေးကန် ထိန်းသိမ်းရေးအတွက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ အင်းလေးကန် ပြုပြင်ထိန်းသိမ်းရေး ကော်မတီကို UNDP နှင့် FAO အပါအဝင် FREDA၊ SVS ( Social Vision Servion) နှင့် BANCA စသည့် ပြည်တွင်း NGO များ စုပေါင်း၍ သြဂုတ်လ ၂၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း ၂၀၁၀ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
 
source : Khit Lu Nge 

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.