Wednesday, September 22, 2010

မြန်မာနိုင်ငံတစ်ဝန်း ယဉ်ကျေးမှု အမွေအနှစ်ဇုန် ၅ ဇုန်တွင် ဇုန်ဝင်ကြေးကို ပရီပိတ်ကတ်စနစ်ဖြင့် စတင်ကောက်ယူမည်

မြန်မာနိုင်ငံတစ်ဝန်း ယဉ်ကျေးမှု အမွေအနှစ်ဇုန် ၅ ဇုန်တွင် ဇုန်ဝင်ကြေးကို ကြိုတင်ငွေချေ ပရီပိတ် ကတ်စနစ်ဖြင့် လာမည့် အောက်တိုဘာလမှစ၍ ကျင့်သုံးကောက်ယူတော့မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါကတ်ကို ကနဦးအနေဖြင့် မန္တလေး၊ ပုဂံ၊ ပဲခူး၊ ကျိုက်ထီးရိုးနှင့် ရန်ကုန် အမျိုးသားပြတိုက်ဇုန် တို့တွင် စတင်ကျင့်သုံးတော့မည် ဖြစ်ကြောင်း သိရသည်။ “ဒီစနစ်ကို ဌာနတွင်း မသမာမှုအချို့ ရှိတာတွေ ပျောက်သွားအောင် နိုင်ငံခြားငွေအကြွေ ပြဿနာတွေ မရှိအောင်၊ နိုင်ငံခြားငွေဟောင်းနွမ်း စုတ်ပြဲမှု ပြဿနာတွေ မဖြစ်အောင် စတင်ကျင့်သုံးခြင်း ဖြစ်ပါတယ်။ နောက်ထပ်ဇုန်တွေနဲ့ ပြတိုက်တွေကိုလည်း တိုးချဲ့ဖို့ရှိပါတယ်”ဟု ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ရှင်းလင်းပြောကြားသည်။ မြန်မာနိုင်ငံတွင် ယဉ်ကျေးမှု အမွေအနှစ်ဇုန်များ အဖြစ် ပုဂံ၊ မန္တလေးနှင့် ပဲခူးတို့ကို သတ်မှတ်ထားပြီး ဇုန်ဝင်ကြေးအနေဖြင့် နိုင်ငံခြားသားတစ်ဦးလျှင် ၁၀ ဒေါ်လာ ကောက်ယူကြောင်း၊ ပြတိုက်များအလိုက် တန်ဖိုးကြီး ထင်ရှားသောဘုရား၊ စေတီပုထိုးများ အနေဖြင့် ဘုရားဂေါပကအလိုက် ဝင်ကြေးသတ်မှတ်ကာ ကောက်ယူလျက် ရှိကြောင်း သိရသည်။ အဆိုပါ ပရီပိတ်ကတ်ကို ခရီးသွားလုပ်ငန်း ကုမ္ပဏီများ အနေဖြင့် အွန်လိုင်းမှ ကြိုတင်ဝယ်ယူထားနိုင်ပြီး ကတ်မှာ စီရီယယ်နံပါတ်ကို ခဲခြစ်လိုက်သည်နှင့် ကတ်သက်တမ်း စတင်မည် ဖြစ်ကြောင်း၊ ကတ်သတ်တမ်းမှာ တစ်ရက်ဖြစ်ကြောင်း၊ သို့သော် ဧည့်သည်အတွက် ဇုန်တစ်ဇုန်တွင် ပြန်လည်ဝင်ထွက်နိုင်ရန် စီစဉ်ထားကြောင်း ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
  
source : Khit Lu Nge

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.