Wednesday, September 22, 2010

ကမ္ဘာ တစ်ဝန်းရှိ ဟိုတယ် များကို မိမိ နေအိမ် online ပေါ်မှ ကြိုတင် ဘွတ်ကင် ယူနိုင်သော ၀န်ဆောင်မှု စတင်

ကမ္ဘာ တစ်ဝန်း လုံးရှိ ဟိုတယ်များ၏ အခန်း များကို မိမိ နေအိမ် သို့မဟုတ် အင်တာနက် ရှိသည့် မည်သည့် နေရာ က မဆို ဟိုတယ် အခန်းအား ကြိုတင် ဘွတ်ကင် ငှားရမ်း နိုင်သော ၀န်ဆောင်မှုကို စတင် ဆောင်ရွက် ပေးနေပြီ ဖြစ်ကြောင်း အီးပီဂျီ ခရီးသွား ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက စက်တင် ဘာ ၁၃ ရက်တွင် ပြောသည်။
“မိမိ နေအိမ် ဒါမှမဟုတ် ကိုယ့်ရဲ့ရုံးခန်း ကနေ ပြည်ပ နိုင်ငံ တွေမှာရှိတဲ့ ဟိုတယ် အခန်း တွေကို အွန်လိုင်း ကနေ ဘွတ်ကင် ယူလို့ ရတယ်။ ပြည်ပ သွားမယ့် သူတွေက အရင်ဆုံး ခရီး သွားမယ် ဆိုရင် အေဂျင်စီကို သွားပြီး မေးရတယ်။ ပြည်ပ တိုင်းပြည် တစ်ခုကို သွားမယ်ဆိုရင် အရင်ဆုံး ဟိုတယ် အခန်း ရမှာလား၊ ဟိုတယ် အခန်းရပြီ ဆိုရင် ကိုယ်သွားချင်တဲ့ နေရာ ကို တက္ကစီငှားပြီး သွားလို့ရတယ်။ အရေးကြီး ဆုံးက အခန်း ရဖို့၊ အခန်း ရဖို့ဆိုရင်လည်း ဈေးလည်း သက်သာ မယ့် ဟိုတယ်မျိုး ဆိုရင်လည်း ပိုပြီး ကောင်းတာ ပေါ့။ ကျွန်တော် တို့ ကုမ္ပဏီက ဟိုတယ် အခန်းငှားရမ်း လို့ ရအောင် ကြိုတင် ယူနိုင် အောင် ဆောင်ရွက် ပေးတာပါ” ဟုဆိုသည်။
အဆိုပါ website  အား ၀င်ရောက်နိုင်ရန်အတွက် username နှင့် password အား ကုမ္ပဏီတွင် မှတ်ပုံ တင် ရမည် ဖြစ်ကာ ကုမ္ပဏီမှ username နှင့် password ရရှိပြီးမှ website ၀င်ရောက်ကာ online booking အားကလစ်နှိပ်ပြီး ငှားရမ်း နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
“မိမိ တည်းခို ချင်တဲ့ နိုင်ငံကို အရင် ရွေးပြီးရင် မြို့ကိုရွေး၊ ဘယ်မြို့မှာ တော့ ဘယ် ဟိုတယ် ရှိလဲဆိုတာ ကို ရှာကြည့် နိုင် တယ်။ ဒီ website မှာ ဟိုတယ် ပေါင်း များစွာ နိုင်ငံ စုံကို တင်ထား ပါတယ်။ ပြီးရင် ဟိုတယ် အခန်း ကို ဆက်ရွေး လို့ရ တယ်။ ကိုယ် တည်းမယ့် ဟိုတယ် အခန်းကို ကြည့်လို့ ရတယ်။ ကောင်း မကောင်း ကိုမြင်နေရ တယ်။ ကိုယ်ကြိုက်တဲ့ အခန်းရ တယ်ဆိုရင် ဈေးနှုန်း ကလည်း ဖော်ပြ ထားပြီးသား၊ ကိုယ့်ငွေ နဲ့ ချိန်ဆ လို့ရတယ်။ ဘွတ်ကင် ယူတော့ မှာလား ဆိုပြီး ပြနေတယ် ဆိုရင်၊ ကိုယ်ယူမယ် ဆိုရင် အခန်း ကရနေပြီ။ ကိုယ်က အခန်း ယူတော့ မယ်ဆိုရင် booking လုပ်လိုက်ရုံပဲ။ နောက်ဆုံး hotel voucher ထွက်လာမယ်။ ဒီစာရွက်ကို printer ထုတ်ယူရုံပဲ။ ဒီစာရွက်ကို ကိုယ် တည်းခိုဖို့ ယူထားတဲ့ ဟိုတယ်မှာ ပြပြီး တည်း ခိုလို့ ရတယ်။ ကျန်တဲ့ အပိုင်းတွေက အီးပီဂျီနဲ့ ဆက်လုပ် ရမယ့် အပိုင်း တွေပါ။ နောက်ပြီး ဒီစာရွက်က ဂရန်ဒီ ရှိပြီးသား စာရွက် ပါ”ဟု တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။
ကြိုတင် ဘွတ်ကင် ယူနိုင်သော ၀န်ဆောင်မှု အား ခရီး သွား အေးဂျင့်များ ကုမ္ပဏီများ အနေဖြင့် ဟိုတယ် တည်းခို စရိတ်အား မည်မျှ တင်ထားသည်ကို မသိရကြောင်း။ အထူး သဖြင့် ဒီ website အား တင်ထား ရခြင်းမှာ ပြည်ပ နိုင်ငံ များသို့ ပြည်တွင်း မှ ခရီး သွားလာမှု ပို၍ များပြား လာပြီး မိမိ ကုန်ကျ စရိတ်နှင့် ၀င်ငွေ ကို ကြိုတင် တွက်ချက် နိုင်သည့် အပြင် မိမိ နေအိမ်၊ မိမိ ရုံးခန်းမှ တစ်ဆင့် booking လုပ် ယူနိုင်ခြင်း စသည့် အားသာချက်များ ပါဝင်ကြောင်း သိရ သည်။

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.