Sunday, October 31, 2010

MAI လေကြောင်းလိုင်းမှ သုံးစင်းမြောက် လေယာဉ်တစ်စင်း ထပ်မံရောက်ရှိ၊ ရန်ကုန်- ကွမ်ကျိုး ခရီးစဉ်ကို နိုဝင်ဘာကုန်၌ စတင်ပြေးဆွဲမည်

Myanmar Airways Inter- nation(MAI)လေကြောင်းလိုင်းမှ  ၎င်းင်းတို့ပိုင် သုံးစင်းမြောက်လေ ယာဉ်တစ်စင်းသည် ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရှိ ရပါသည်။
    MAI လေကြောင်းလိုင်းတွင် MAI logo ဖြင့် Air Bus A 320 လေယာဉ်နှစ်စင်းကို ပိုင်ဆိုင်ထား ပြီး Air Bus A 321 လေယာဉ် တစ် စင်းမှာ ထပ်မံရောက်ရှိလာခြင်းဖြစ် ကြောင်း သိရသည်။ အဆိုပါ လေယာဉ်မှာ ခရီးသည် ၂၂၀ ဦးလိုက် ပါနိုင်ပြီး လက်ရှိ ပျံသန်းပြေးဆွဲနေသည့် လေယာဉ်နှစ်စင်းထက်ခရီးသည် ပိုမိုတင်ဆောင်နိုင်ကြောင်း သိရသည်။
   "အသစ်ရောက်လာတဲ့ လေယာဉ်က အခုလေယာဉ်တွေနဲ့ အမျိုးအစားတူ လေယာဉ်ပါပဲ။ A 320  လေယာဉ်တွေက ခရီးသည် ၁၆၂ ဦးပဲ လိုက်ပါ နိုင်ပြီးတော့ အသစ်ရောက်လာတဲ့ A 321 လေယာဉ်ကတော့ ခရီးသည်တွေကိုရော၊ ကုန်စည်တွေရော ပိုသယ်ဆောင်နိုင်တယ်" ဟု MAI Marketing Manager  မအေးမရသာ က ဆိုပါသည်။
   လေယာဉ်သစ် ရောက်ရှိလာမှုကြောင့် ခရီးစဉ်သစ်အဖြစ် ရန်ကုန်-ကွမ်ကျိုးခရီးစဉ်ကို နိုဝင်ဘာလကုန်တွင် တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ရန်ကုန်- ဘန်ကောက်- စင်ကာပူ- ဘန်ကောက်- ရန်ကုန်ခရီးစဉ်ကို လည်း နိုဝင်ဘာလ ၁၅ ရက်တွင် စတင်ပြေးဆွဲတော့မည် ဖြစ်ကြောင်း မအေးမရသာက ထပ်မံပြောပြခဲ့သည်။
   MAI  လေကြောင်းလိုင်းသည် လက်ရှိအချိန်တွင် ရန်ကုန်မှ ဘန် ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ နှင့် ဗုဒ္ဓဂယာခရီးစဉ်လေးခုကို တိုက်ရိုက်ပျံသန်း ပြေးဆွဲလျက်ရှိကြောင်း သိရှိရပါသည်။

Credit : News-Eleven

Sunday, October 24, 2010

မြန်မာနိုင်ငံသို့ ဆောင်းခိုငှက် လာရောက်နားခိုမှု ကျဆင်းခြင်းကို လေ့လာမည်

မြန်မာနိုင်ငံသို့ ဆောင်းခိုငှက် လာရောက်မှုသည် ယခင်နှစ်က ကျဆင်းခဲ့ပြီး ယခုနှစ်တွင်လည်း လာရောက်ခိုနားမှု နည်းပါးနိုင်ခြေရှိသည့် အတွက်လာမည့် နိုဝင်ဘာလမှစတင်ကာ လေ့လာမှုများ ပြုလုပ်သွားရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။
    သဘာဝပတ်ဝန်းကျင် အပြောင်းအလဲနှင့် ရာသီဥတုပြောင်းလဲမှုများကြောင့် အင်းလေးကန်၊ မိုးယွန်းကြီး အင်းစသည်တို့တွင် ရေကျဆင်းနည်းပါးမှုကို ကြုံခဲ့ရသည့်အတွက် ယင်းသို့ကြုံတွေ့ခဲ့ရမှုက ဆောင်းခို ငှက်များ၏ လာရောက်ခိုနားမှုအပေါ် သက်ရောက်မှုရှိ၊ မရှိကိုလည်း ဆန်းစစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
    ဆောင်းခိုငှက်များသည် ဆောင်းရာသီကာလအတွင်း ကမ္ဘာပေါ်တွင် လမ်းကြောင်းကြီး ရှစ်ခုဖြင့် တစ်နေရာမှ တစ်နေရာသို့ ပျံသန်းပြောင်းရွှေ့ကြရာ၌ မြန်မာနိုင်ငံသည် လမ်းကြောင်းကြီးနှစ်ခု အောက်တွင် ကျရောက်နေ၍ နှစ်စဉ်ဆောင်းခိုငှက်များ ရောက်ရှိခိုနားနေကျ ဖြစ်ကြောင်းသိရှိရသည်။
   "ပြီးခဲ့တဲ့နှစ်က ဆောင်းခိုငှက် လာရောက်တာ နည်းခဲ့ပါတယ်။ ဒါဟာ သဘာဝပတ်ဝန်းကျင်၊ ဂေဟဗေဒစနစ် အပြောင်းအလဲနဲ့သက်ဆိုင်နိုင် ပါတယ်။ ပြီးခဲ့တဲ့နှစ်က ၀င်ရောက်မှု နည်းခဲ့သလို ဒီနှစ်မှာလည်းနည်း နိုင်ခြေရှိတော့ လေ့လာမှုတွေပြုလုပ် သွားမယ်။ လောလောဆယ် မိုးရွာနေသေးတာကြောင့် ဆောင်းခိုငှက်တွေ အဓိက ၀င်လာမယ့် ပွင့်လင်းကာလ နိုဝင်ဘာလလောက်မှာ လေ့လာဖို့ရှိပါတယ်"ဟု မြန်မာနိုင်ငံငှက်နှင့် သဘာ ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း မှ ဥက္ကဋ္ဌဦးစိုးညွန့်က ပြောကြားသည်။
     "၂၀၀၉ ခုနှစ်က တောင်သမန်အင်းမှာ ဒေါင်းလန်းခြေထောက်တွေ လာတာအကောင်ရေ လျော့ကျခဲ့တယ်။ ဒီငှက်တွေက နိုဝင်ဘာလလယ်လောက် လာတာမို့ ဒီနှစ်တော့ စောင့်ကြည့်ရပါမယ်" ဟု မန္တလေးမြို့မှမြန်မာနိုင်ငံ ငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းဝင် ဦးဇေမောင်သိန်း က ပြောကြားသည်။
    ဆောင်းခိုငှက်များသည် ဆိုက်ဘေးရီးယားဒေသမှ သြစတြေးလျ အထိ ပျံသန်းပြောင်းရွှေ့လျက် မြန် မာနိုင်ငံသို့လည်း ရောက်ရှိခိုနားရာတွင် အင်းတော်ကြီးအိုင်၊ မိုးယွန်းကြီး အင်း၊ အင်းလေးကန်စသော ဒေသများ၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် မြစ်ရိုးတစ်လျှောက်ရှိဒေသများ၊ အင်း၊ အိုင်များ စသည်တို့တွင် ကျက်စားကြသည် ဟု ဆိုပါသည်။ ဆောင်းခိုငှက်များသည် မြန်မာနိုင်ငံသို့ အောက်တိုဘာလ၀န်းကျင်မှ ဖေဖော်ဝါရီလ၀န်းကျင် အထိရောက်ရှိ ခိုနားနေကျဖြစ်သည်။

soruce : news-eleven

Friday, October 22, 2010

ကျောက်ဖြူမြို့နယ်တွင် မုန်တိုင်းစတင် ဖြတ်ကျော်နေပြီး လေပြင်းတိုက်ခတ်မှု၊ မိုးသည်းထန်မှုများ ကြုံတွေ့နေ ကမ်းရိုးတန်းနေသူများ နေရာပြောင်းရွှေ့ထားကြကြောင်း သိရ

ရေလုပ်ငန်းရှင် (စစ်တွေ)

(မြန်မာ စံတော်ချိန် ညနေ ၄ နာရီခွဲ)

”ရာသီဥတုက ဆိုးနေပါတယ်။ မုန်တိုင်း ဒီနေ့တိုက်မယ်လို့ ပြောတယ်။ အခု မိုးရွာနေတယ်။ နည်းသေးတယ်။ နောက် များလာဖို့ အနေအထား ရှိတယ်။ ဘာဖြစ်လို့လဲဆို ဒီရေတက်တဲ့ အချိန်နဲ့ လာနိုင်တယ်။ ဒီရေကျနေတဲ့အချိန်ဆိုတော့ သိပ်မဆိုးဝါးသေးပေမယ့် ဒီရေက ညနေလောက်မှာ တက်မယ်ဆိုတော့ ဆိုးလာနိုင်တယ်။ လေပြင်းတိုက်နေတယ်။ စိုးရိမ်ရတဲ့ အနေအထား ရှိတယ်’’

’’ဒီမှာက ကြိုတင်ပြီးတော့ ကျေးရွာတွေက လူတွေကို မယက အစီအစဉ်နဲ့ ရွှေ့ပြောင်းပေးတာတွေ ရှိတယ်။ မော်တော်စက်လှေတွေနဲ့ အနီးအနားမှာရှိတဲ့ ကျေးရွာတွေက လူတွေကိုပါ။ နယ်ဘက်ကျေးရွာတွေမှာ မိန်းမတွေ တယောက်မှ မရှိတော့ဘူး။ ဘေးကင်းရာ ပြောင်းကြပြီ။ တအိမ်မှာ တယောက်ပဲ ကျန်တော့တယ်’’

’’မြို့ပေါ်မှာရှိတဲ့ လူတွေအတွက် သိပ်မစိုးရိမ်ရပေမယ့် နယ်ဘက်တွေမှာတော့ ဒီရေတက်လာတဲ့ အချိန်မှာဆိုရင် လယ်ယာမြေတွေကို ဆားငန်ရေတွေ ဝင်မယ်။  ပုစွန်ကန်တွေ ပျက်စီးမယ်။  ပုစွန်ကန်တွေကို ဆားငန်ရေ ဝင်ရင်နစ်နာတာပေါ့။   မြို့ပေါ်မှာရှိတဲ့ လူတွေထက် နယ်ဘက်တွေမှာရှိတဲ့ လယ်သမားတွေ ပုစွန်တာတွေ ပျက်စီးမယ်။ ပထမ တခေါက်ကလည်း ပျက်စီးခဲ့ပြီ“


ကုန်စုံဆိုင်ပိုင်ရှင် (စစ်တွေ)

(မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီခွဲ)

“အခုတော့ မိုးနည်းနည်းရွာနေတယ်။ လေလည်း တိုက်နေတယ်။ ဒီမှာတော့ မီးသတ်ဌာနက မြို့ကိုပတ်ပြီးတော့ မုန်တိုင်းသတင်း သတိပေးချက်တွေ လုပ်နေတယ်။ လူတွေကတော့ ပြင်ဆင်မှုတွေ လုပ်နေကြပါပြီ“

စက်လှေပိုင်ရှင် (ကျောက်ဖြူ)

(မြန်မာစံတော်ချိန် နေ့လည် ၁ နာရီ)

“ဒီနေ့တော့ လေပြင်းတိုက်နေတယ်။ ၁ နာရီကို ၃၅ မိုင် တိုက်နေတယ်။ ပျက်စီးမှုတွေတော့ မရှိပါ။ အာဏာပိုင်တွေကတော့ ကားတွေနဲ့ မြို့ကိုပတ်ပြီး ပြည်သူတွေကို မုန်တိုင်းသတိပေးချက်တွေ လုပ်နေတယ်။ ပင်လယ်ပြင်နဲ့နီးတဲ့ ကျေးရွာက ဒေသခံတွေကို စာသင်ကျောင်းတွေဆီ ပြောင်းရွှေ့ဖို့ အဲလိုမျိုး ဆော်သြတာတွေ ရှိတယ်။ တချို့ကတော့ ပြင်ဆင်တာတွေ လုပ်ထားတယ်။ မြို့ရဲ့ အစွန်အဖျားက လူတွေကို စာသင်ကျောင်းတွေဆီ ပြောင်းရွှေ့ဖို့ သတိပေးတယ်။ နယ်ဘက်တွေမှာတော့ ပြောင်းရွှေ့နေကြတယ်လို့ ကျနော်တို့ ကြားရတယ်“

အိမ်ရှင်မ (စစ်တွေ)

(မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲ)

“စစ်တွေ ကမ်းနားလမ်းရပ်ကွက်မှာနေတဲ့ ဒေသခံတွေ အကုန်လုံး ဘေးလွတ်ရာကို ရွှေ့နေကြပါပြီ။ မြစ်ကမ်းနားနဲ့နီးတဲ့ ဒေသခံတွေပါ။ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြောင်းနေကြတာပါ။ စက်လှေတွေကို မထွက်ဖို့ အာဏာပိုင်တွေ တားမြစ်ထားတာတွေ ရှိတယ်။ အခုအချိန်တော့ လေငြိမ်နေတယ်။ လေငြိမ်ရင် စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လို့ လူတွေက ပြောကြတယ်။ မီးသတ်ဌာနက မြို့ကိုပတ်ပြီး မုန်တိုင်း သတိပေးချက်တွေ လုပ်ဆောင်နေတယ်“
...................................................................................................

ရန်ကုန် ။ ။ မုန်တိုင်းရှေ့ပြေးအဖြစ် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ ယနေ့ နံနက်မှစ၍ လေပြင်းများ ကျရောက်နေကြောင်း ဒေသခံများအဆိုအရ သိရသည်။

’’လေကတော့ မုန်တိုင်းတိုက်မယ့် လေပုံစံမျိုး တိုက်နေတယ်။ လေသွယ်နေတဲ့ သဘောပေါ့။ ခုန ၁၂ နာရီ မိနစ် ၄ဝ လောက်ကထက် နည်းနည်းပိုလာတယ်။ ပြီးတော့ မိုးလည်း ပါလာတယ်’’ ဟု ကျောက်ဖြူ မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

ကျောက်ဖြူတွင် မုန်တိုင်းတိုက်မည်ဖြစ်သဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် မယက မြို့နယ်ကောင်စီက တမြို့လုံးအနှံ့ လှည့်လည်ကာ အသံချဲ့စက်ဖြင့် လိုက်လံသတိပေးနေသည်။

တောင်ကုတ်မြို့နယ် မအီ၊ လမူး အစရှိသည့် ကျေးရွာများနှင့် မာန်အောင်မြို့ဘက်တွင်လည်း လေပြင်းနှင့်အတူ မိုးရွာသွန်းမှုပါ ရှိနေကြောင်း ဒေသခံများအဆိုအရ သိရသည်။

’’အထုပ်တွေတော့ ထုပ်ထားတယ်။ မုန်တိုင်းကတော့ ကျောက်ဖြူနားမှာလို့ ရေဒီယိုက ပြောတယ်။ လေဖျားခတ်မယ့် အနေအထားဆိုရင်လည်း ဘယ်လိုလာမယ်မှန်း မသိဘူး။ ဆိုတော့ လိုအပ်လို့ ပြေးရရင်လည်း ရှိတာလေးတွေကို သယ်လို့ရအောင်’’ ဟု တောင်ကုတ်မြို့နယ် ပန်းထော်ကျွန်းမှ ဒေသခံတဦးက ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က 04B GIRI အမည်ရှိ အင်အားကောင်း ဆိုင်ကလုန်း မုန်တိုင်းသည် ယနေ့နံနက်တွင် ရခိုင်ပြည်နယ် အလယ်ပိုင်းကို စတင်ဖြတ်ကျော်နေပြီး၊ လေတိုက်နှုန်းမှာ တနာရီလျှင် ၇၅ မိုင်အထိ ရှိနိုင်သဖြင့် အန္တရာယ်ကြီးအဆင့်သို့ ရောက်နေကြောင်း ပြောသည်။

’’ဒီရေတက်မယ်။ တနာရီ ၇၅ မိုင်ဖြစ်တဲ့အတွက် ၅ ပေကနေ ၆ ပေလောက်ထိ တက်နိုင်မယ်’’ ဟု သူက ဆိုသည်။

နိုင်ငံပိုင် သတင်းဌာနများက စစ်တွေနှင့် ကျောက်ဖြူ ဒေသသို့ ယခုအခါ အနီရောင်အဆင့် မုန်တိုင်း တိုက်ခတ်နေပြီး၊ မိုးသက်လေပြင်းများ ကျကာ မြေပြင်ရေပြင်လေမှာ တနာရီလျှင် မိုင် ၂ဝ နှုန်း ဖြစ်ကြောင်း ကြေညာနေသည်။

၂ဝဝ၈ ခုနှစ် မေလဆန်းတွင် ဘင်္ဂလားပင်လယ်အော်မှ ဝင်ရောက်သည့် နာဂစ်ဆိုင်ကလုန်းသည် တနာရီလျှင် မိုင် ၁၂ဝ အထိ တိုက်ခတ်ခဲ့သဖြင့် ဧရာဝတီတိုင်းအတွင်း လူ ၁ သိန်း ၄ သောင်းခန့် သေကြေပျောက်ဆုံးကာ ၂ သန်းခွဲ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

Source : Mizzima Burmese

ဂီရိဆိုင်ကလုန်း ကျောက်ဖြူတွင် စတင်တိုက်ခတ်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးမှ ဖြတ်ကာ ကုန်းတွင်းပိုင်းသို့ ၀င်ရောက်နေသော ဂီရိ ( GIRI ) ဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့ မွန်းလွဲပိုင်းကျော်မှစတင်ကာ ကျောက်ဖြူမြို့ပေါ်တွင် တဖြည်းဖြည်းအရှိန်မြင့် တိုက်ခတ်နေပြီဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူမြို့သို့ ခေတ်ပြိုင်မှ ယနေ့ မွန်းလွဲ (၂) နာရီခွဲခန့်တွင် ဆက်သွယ်မေးမြန်းခဲ့ရာ မြို့ခံတဦးက “ လေက တဖြည်းဖြည်းနဲ့တိုက်တာ ပြင်းလာတယ်၊ မိုးလည်း လိုက်လာတယ်၊ ကျနော်တို့လည်း မိုးလေ၀သကို အဆက်မပြတ် နားထောင်နေပါတယ်။ ကျနော်တို့ မြို့ကတော့ စစ်တွေမြို့ထက် ကုန်းမြင့်တဲ့အတွက် ဒီရေတက်မယ့် အနေအထားကတော့ စစ်တွေလို စိုးရိမ်စရာမလိုဘူး၊ ဒါပေမယ့်လည်း မုန်တိုင်းအားပြင်းမယ့်အချိန်ဟာ (၃) နာရီလောက်မှာလို့ ပြောတဲ့အတွက်တော့ နည်းနည်းစိုးရိမ်ရတယ်၊ ဒီရေက (၃) နာရီလောက်မှာ တက်မယ့်အချိန်နဲ့ တိုက်နေတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေနှင့် ကျောက်ဖြူမြို့များတွင် မုန်တိုင်းသတိပေးချက်များကို အာဏာပိုင်များက အသံချဲ့စက်များဖြင့်လိုက်အော်နေကြောင်းလည်း ဒေသခံများက ပြောသည်။

“စစ်တွေမှာတော့ အော်နေတယ်၊ မုန်တိုင်းသတိပေးချက်ပေါ့။ ကျမတို့လည်း သတင်းတွေနားထောင်ပါတယ်။ အခြေအနေကတော့ မုန်တိုင်းက အခု တိုက်နေပြီ။ မိုးနဲ့လေနဲ့တော့ တော်တော်လေး သည်းလာတယ်လို့ ပြောရမှာပေါ့။ နောက်တော့ မသိသေးဘူး။ အားလုံးတော့ စိုးရိမ်ကြတယ်။ ဒါပေမယ့် မိုးလေ၀သက ပြောပြချက်တွေအရတော့ မိုင်က (၇၅) မိုင်လောက် ဆိုတော့ ကျမတို့အတွက်တော့ အများကြီး စိုးရိမ်ဖို့ မလိုဘူး။ ဒါပေမယ့် သတိတော့ ထားရမယ်” ဟု စစ်တွေ ကမ်းနားလမ်းတွင် နေသူတဦးက ပြောသည်။

ကျောက်ဖြူမှ မြို့ခံများသည် ယနေ့ နေ့လယ်တွင် မုန်တိုင်းဖြတ်နေသည်ကို ကောင်းစွာသိနေကြပြီး ဒီရေအနေအထားကို စောင့်ကြည့်နေကြကြောင်း မြို့ခံများက ပြောသည်။

“မုန်တိုင်းက ကျောက်ဖြူအနားက ဖြတ်တာ ဖြစ်တဲ့အတွက်တော့ ကျနော်တို့မြို့က မုန်တိုင်းစက်ကွင်းမိနေတာပေါ့။ ဒါပေမယ့်လည်း ကျနော်တို့က လုပ်သင့်တာတွေကို လုပ်ထားကြတယ်။ ပြင်ဆင်မှုတွေပေါ့။ အကြောက်တရား ပိုဖို့တော့ မလိုဘူး။ သတိတရားကိုပဲ အပိုထားပါတယ်” ဟု ကျောက်ဖြူ အရာရှိရပ်ကွက်မှ အစိုးရ၀န်ထမ်းတဦးက ပြောသည်။

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာသော အဆိုပါ ဂီရိဆိုင်ကလုန်း မုန်တိုင်းသည် အဝါရောင်အဆင့်မှ အနီရောင် အရေးပေါ် အခြေအနေသို့ ရောက်ရှိပြီး ရခိုင်ကမ်းရိုးတန်းဘက်သို့ ဦးတည်ရွေ့လျားလျှက် ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (နေပြည်တော်)က သတင်းထုတ်ပြန်ထားသည်။

မုန်တိုင်း “ဂီရီ” သည် ရခိုင်ကမ်းရိုးတန်းသို့ ဖြတ်စဉ် လေတိုက်နှုန်း တစ်နာရီ မိုင် (၇၀) မှ (၇၅) မိုင်အထိ ရှိနိုင်ပြီး မိုင်တိုင်းဒီရေ အမြင့်ဆုံး (၁၂) ပေခန့် မြင့်တက်လာမည် ဖြစ်၍ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်နှင့် စစ်တွေခရိုင်အတွင်း မြို့နယ်များတွင် မုန်တိုင်းဒီရေ အန္တရာယ်ကျရောက်နိုင်ကြောင်း အောက်တိုဘာ (၂၂) ရက် မြန်မာစံတော်ချိန် (၉) နာရီအချိန် တိုင်းထွာချက်အရ သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

မိုး/ဇလ ဦးစီးဌာန၏ တိုင်းတာချက်အရ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်အတွင်းရှိ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်းမြို့နယ်၊ စစ်တွေခရိုင်အတွင်းရှိ စစ်တွေ၊ ပေါက်တော၊ မြေပုံမြို့နယ်များတွင် မုန်တိုင်းဒီရေ အန္တရာယ် ကျရောက်နိုင်၍ အဆိုပါ ကမ်းရိုးတန်းနေ ပြည်သူများ ဘေးလွတ်ရာသို့ ကြိုတင်ရှောင်ရှားရန် လိုအပ်နေကြောင်း အသိပေးနှိုးဆော်ထားသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့နှင့် ကျောက်ဖြူမြို့တို့အကြား ယနေ့ မွန်းတည့် (၁၂) နာရီအချိန်တွင် စတင် ဖြတ်ကျော်ပြီး နောက် (၁၂) နာရီအတွင်း ကုန်းတွင်းပိုင်းသို့ ဝင်ရောက်မည် ဖြစ်ကြောင်း မိုး/ဇလ က ခန့်မှန်းထားသည်။

ရခိုင်ကမ်းရိုးတန်း သာမက မြစ်ဝကျွန်းပေါ်ဒေသများတွင်လည်း ရေပြင်မြေပြင်လေသည် တနာရီ မိုင် (၅၀) မှ (၆၅) မိုင်အထိ တိုက်ခတ်နိုင်သည့်အတွက် ပင်လယ်ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်၊ သင်္ဘောများအနေဖြင့် မုန်တိုင်းအန္တရာယ်ကို ကြိုတင်ရှောင်ရှားသင့်ကြောင်း မိုး/ဇလက အကြုံပြုထားသည်။ ပြီးခဲ့သည့် ၂ဝဝ၈ ခုနှစ် မေလ (၂) ရက်နှင့် (၃) ရက်နေ့များတွင် နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့သည့်အတွက် ရန်ကုန်နှင့်ဧရာဝတီတိုင်း အတွင်း လူပေါင်း (၁) သိန်းခွဲခန့် သေဆုံးခဲ့သည်။ 

soruce : Khit Pyaing

Wednesday, October 20, 2010

မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် ဒီရေတောဧရိယာများ သိသာစွာလျော့နည်းလျက်ရှိ

မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှ နိုင်ငံများတွင် တည်ရှိသော ဒီရေတောဧရိယာများမှာ သိသာစွာ လျော့နည်းလာသဖြင့် အမြန်ထိန်းသိမ်းရန် လိုအပ်ပြီဖြစ်ကြောင်း နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (IUCN)က ထုတ်ပြန်ကြေညာထားသည်။ မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှနိုင်ငံများတွင် ပေါက်ရောက်သော ဒီရေတောမျိုးစိတ်နှစ်မျိုးဖြစ်သည့် Sonneratia Griffithii နှင့် Bruguiera Hainesii တို့နှစ်မျိုးကို မကြာမီကပင် နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ထုတ်ပြန်သော မျိုးသုဉ်းပျောက်ကွယ်တော့မည့် မျိုးစိတ်များအတွက် ထုတ်ပြန်သည့်အနီရောင်စာရင်းတွင် ထည့်သွင်းခဲ့ကြသည်။ ပထမမျိုးစိတ်သည် အိန္ဒိယနှင့် အရှေ့တောင်အာရှ နိုင်ငံများတွင် တွေ့ရပြီး ဒုတိယမျိုးစိတ်ကိုမူ အင်ဒိုနီးရှား၊ မြန်မာ၊ မလေးရှား၊ ထိုင်းနှင့် စင်ကာပူနိုင်ငံများရှိ ရေချို၊ ရေငန်စပ်နေရာများတွင် ပေါက်ရောက်လေ့ရှိကြောင်း တွေ့ရသည်။

မြန်မာနိုင်ငံတွင် ဒီရေတောများကို ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်းရှိ ရေချို၊ ရေငန်စပ် နေရာများတွင် အများဆုံးတွေ့ရှိရသည်။ ဒီရေတောများသည် သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက တံတိုင်းသဖွယ် ကာရံပေးနိုင်ကြောင်း နိုင်ငံတကာ ဒီရေတောထိန်းသိမ်းရေး ပညာရှင်များက ပြောကြားထားသည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့စဉ်က ဒီရေတောဧရိယာထူထပ်စွာ ကျန်ရှိသောနေရာများရှိ ကျေးရွာများတွင် နေထိုင်သူများ အသက်ချမ်းသာရာရခဲ့ကြသည်မှာ သာဓကပင်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တစ်ဦးကပြောသည်။ မြန်မာနိုင်ငံတွင် ဒီရေတောများထိန်းသိမ်းရေးကို သစ်တောဦးစီးဌာနနှင့် ပြည်တွင်းသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းများက ၀ိုင်းဝန်းထိန်းသိမ်းလျက်ရှိပြီး အဓိကအားဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ မြန်မာနိုင်ငံ၏ အကြီးဆုံးဒီရေတောဖြစ်သည့် မိန်းမလှကျွန်းနှင့် ရခိုင်ကမ်းရိုးတန်းတို့တွင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

source : planet
 

Monday, October 18, 2010

အင်းလေးဖောင်တော်ဦးဘုရား ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီ ခရီး ညောင်ရွှေမြို့သို့ ရောက်ရှိ



ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဒေသ နန်းဟူးထာဝရစံကျောင်းတော်တွင်းမှ သီတင်းကျွတ်လဆန်း ၁ ရက်နေ့မှ စတင်၍ အပူဇော်ခံ ဒေသစာရီခရီး ထွက်ခွာခဲ့သော အင်းလေးဖောင်တော်ဦးဘုရား ဗုဒ္ဓရုပ်ပွားတော်မြတ်များ တင်ဆောင်ရာ ကရ၀ိက် ဖောင်တော်သည် အင်းလေးကန်၏ အနောက်ဖက်ကမ်း ကျေးရွာ အပူဇော်ခံဌာနများသို့ ကြွရောက်ခဲ့ပြီး သီတင်းကျွတ်လဆန်း ၇ ရက်နေ့ နံနက် ၉ နာရီတွင် ညောင်ရွှေမြို့ အနောက်ဘက် နမ့်ကတ်ချောင်း ဖောင် တော်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း၊ ချောင်းတစ်ခုလုံး ဘုရားကြို စက်လှေများ၊လှေများဖြင့် ပြည့်နှက်ခဲ့ပြီး ဘေးကမ်းနှစ်ဖက်တွင်လည်း တိုးမပေါက်အောင် စည်ကားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
        ညောင်ရွှေဆိပ်ကမ်းတွင် သံဃာတော်များ၊ ပြည်နယ် တာဝန်ရှိသူများက ကရ၀ိက်ဖောင်တော်ပေါ်မှ ဘော်နန်းပြဿဒ် ယာဉ်တော်ပေါ်သို့ ပင့်ဆောင်ပေးကြပြီး မြို့လူထုနှင့် ဧည့်သည်များမှ ဘော်နန်းပြဿဒ်ယာဉ်ကို ပိတ်ဖြူကြိုးဖြင့်ဆွဲကာ မြို့တစ်ပတ် လှည့်လည် အပူဇော်ခံပြီး မြို့လယ်စံကျောင်းတော်သို့ ပို့ဆောင်ခဲ့ကြသည်။
        အဆိုပါ မြို့လယ်စံကျောင်းတော်တွင် သီတင်းကျွတ်လဆန်း ၇ ရက်နေ့မှ ၉ ရက်နေ့အထိ သုံးည ကျိန်းစက် အပူဇော်ခံပြီး လဆန်း ၁၀ ရက်နေ့တွင် အင်းလေးကန် အရှေ့ဘက်ကမ်း ကျေးရွာများရှိ အပူဇော်ခံဌာနများသို့ ဆက်လက်ကြွချီမည် ဖြစ် ကြောင်း သိရသည်။


         ဖောင်တော်ဦးဘုရားကြွချီရာ၊ အင်းလယ်နှင့် ချောင်းရိုးတစ်လျှောက် ဘုရားကြို လှေများဖြင့် ပြည့်နှက်စည်ကားခဲ့ပြီး ထူးခြားမှု တစ်ရပ်မှာ နိုင်ငံခြားသား ဧည့်သည်များ ယခင်နှစ်များကထက် ပိုမို များပြားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပြခဲ့သည်။ ယခုနှစ် ပြည်တွင်းပြည်ပ ဧည့်သည် အလာများ၍ ဟိုတယ်၊မိုတယ်၊ အင်း အားလုံး နေရာလွတ်မရှိ ပြည့်ခဲ့ကြောင်း ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ရှင်းပြခဲ့သည်။
         ယခုအခါ အင်းလေးကန်နှင့် ချောင်းများ၏ ရေ၀င်ရောက်မှု အခြေအနေမှာ ယခင်နှစ်များ၏ သုံးပုံနှစ်ပုံ ရေ၀င်ရောက်ခဲ့ပြီ ဖြစ်ကြောင်း ဘုရားပင့်ဆောင်ရာ လမ်းခရီးတစ်လျှောက် သက်ဆိုင်ရာမှ မြေတူးစက် သောင် တူးစက်များဖြင့် ကြိုတင်တူးထားရုံမက၊ ရေအတိမ်ဆုံးဖြစ်သော အင်းတိမ်ချောင်း နှစ်ခုအနက် ချောင်းတစ်ခုကို ခေတ္တပိတ်ထားခဲ့ရာ ကျန်ချောင်းဖြစ်သော ဘုရားအ၀င် ချောင်းမှာ ရေပြည့်ခဲ့၍ ပင့်ဆောင်ရာတွင် အခက်အခဲ မရှိခဲ့ကြောင်း ပင့်ဆောင်ရေး ဖောင်တော် တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။ 

Soruce : News-Eleven

Thursday, October 14, 2010

ကန်တော်ကြီးဟိုတယ်ကို ထူးကုမ္ပဏီမှ အပြီးအပြတ် ၀ယ်ယူမည်

ရန်ကုန်မြို့၊ ကန်တော်ကြီးပတ်လမ်းတွင် ဖွင့်လှစ်ထားသည့် ကန်တော်ကြီးဟိုတယ်အား ထူးကုမ္ပဏီမှ အပြီးပြတ် ၀ယ်ယူရန် နှစ်ဖက်သဘော တူညီချက် ရရှိပြီ ဖြစ်ကြောင်း ကန်တော်ကြီးဟိုတယ် အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။
        ကန်တော်ကြီးဟိုတယ်တွင် လက်ရှိ ဖွင့်လှစ်ထားသော ကျောက်မျက်ဆိုင်များ အပါအ၀င် ဆိုင်ခန်းဖွင့်လှစ်ထားသူများ အနေဖြင့် ပြောင်းရွှေ့ပေးရဖွယ် ရှိကြောင်း သိရသည်။
        ''ဟိုတယ်တစ်ခုလုံးရဲ့ တန်ဖိုး၊ မြေတန်ဖိုး၊ ပစ္စည်းတွေရဲ့ တန်ဖိုးအားလုံးကို ကာလပေါက်ဈေးထက်မြင့်တဲ့ နှုန်းနဲ့တွက်ချက်ပြီး ရောင်းဈေး ပြောတာတောင် ချက်ခြင်းဝယ်ဖို့ သဘောတူလိုက်တယ်လို့ သိရတယ်။ ဈေးအတိအကျတော့ မသိရပါဘူး''ဟု ကန်တော်ကြီးဟိုတယ် အသိုင်းအ၀ိုင်းဖြင့် နီးစပ်သူတစ်ဦးက ပြောပြခဲ့သည်။
        ''သိရသလောက်တော့ တစ်ခွန်းဈေးနဲ့ဝယ်ဖို့ သဘောတူထားတဲ့ ပုံစံပါ။ ဟိုတယ်ဘက်က ရောင်းမယ့်ဈေးကို တွက်ချက်ပြီး ပြောလိုက်တာနဲ့ အဲဒီ ဈေးနဲ့ဝယ်မယ်လို့ သဘောတူလိုက်တဲ့ အနေအထားပါ။ ဟိုတယ်လုပ်ငန်းပဲ ဆက်လုပ်မယ်လို့ သိရတယ်။ ချမ်းသာတဲ့ VIP တွေပဲ တည်းခိုတဲ့ ဟိုတယ်ပုံစံမျိုးလည်း ဖြစ်လာနိုင်တယ်လို့ သိထားရပါတယ်''ဟု ပြောကြားခဲ့သည်။

        ဆိုင်ခန်းများ၊ ဟိုတယ်ဝန်ထမ်းများ အခြေအနေအပေါ် ၎င်းက ''သူတို့ဖက်ကတော့ တတ်သနိုင်သလောက် မြန်မြန် အပြောင်းအရွှေ့ လုပ်ပေးစေချင်တဲ့ သဘောပါ။ ဒါပေမယ့် ရုတ်တရက် ၀ယ်ယူတာမျိုးဖြစ်လို့ ဒီဘက်က လုပ်ငန်းတွေကလည်း ဘာမှ မစီစဉ်ရသေးဘူး။ အဲဒီအတွက် ဆိုင်ခန်းတွေ ဖယ်ရမယ့်ရက်၊ ၀န်ထမ်းတွေကို ဘယ်လိုဆက်ထားမလည်း၊ ဖယ်ပေးရမလား ဒါမှမဟုတ် ဘယ်လို ဆက်လုပ်စေချင်တယ်ဆိုတာမျိုး တိတိကျကျ မသိရသေးဘူး။ ဆိုင်ခန်းတွေဘက်ကတော့ ဖယ်ပေးရမယ့်ရက်ကို မှန်းဆပြီး ပြောနေတာလည်း ရှိပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ကိစ္စနဲ့ ပတ်သတ်ပြီး တိကျတဲ့သတင်း မထုတ်ပြန်သေးပေမယ့် ဆိုင်တွေ ပြောင်းပေးရမှာကတော့ သေချာသလောက်ပဲ''ဟု ဆက်လက်ရှင်းပြခဲ့သည်။ 

soruce : News-Eleven

Sunday, October 10, 2010

တိုင်းရင်းသား များ၏ ဘ၀နှင့် အလှ ကို ဖော်ကျူး သည့် SPLENDOUR LAND စာအုပ် နိုင်ငံတကာ အဆင့်မီ ပုံနှိပ်ပြီး

မြန်မာနိုင်ငံ ၌ တိုင်းရင်းသား မျိုးနွယ် စုပေါင်း ၁၀၀ ကျော် ရှိသည့် အနက် အချို့ မှာ ထူးခြား လေးနက်သော သဘာဝ ရှိပြီး တောင်တန်း နေမျိုးနွယ်စု များ၏ ပကတိ ဘ၀ ပုံရိပ် များမှာ စိတ်ဝင်စားစရာ ကောင်း သည့်အတွက် ပန်းချီ လှမြင့်ဆွေ ကိုယ်တိုင် ခရီး ဆန့်ကာ အနုပညာ မြောက် ဓာတ်ပုံများ ရိုက်ယူ၊ ကိုယ်တိုင်ရေး၊ ကိုယ်တိုင် ဒီဇိုင်း ပြု လုပ်ပြီး  ဓာတ်ပုံများများ စာနည်းနည်းဖြင့် နိုင်ငံတကာ စံချိန်မီ စာအုပ် အဖြစ် Splendor Land စာအုပ်ကို စင်ကာပူ နိုင်ငံ တွင် ပုံနှိပ် ပြီးစီး ပြီဖြစ်၍ အပြည်ပြည် ဆိုင်ရာ စံနှုန်း စာအုပ် သတ်မှတ် ချက် မှတ်ပုံတင်နံ ပါတ် (International Standard Book Number) ဖြင့် မကြာမီ နိုင်ငံတ ကာ စာအုပ် ဈေးကွက် ထဲသို့ ဖြန့်ချိ တော့ မည် ဖြစ်ကြောင်း သိရသည်။
ပန်းချီ လှမြင့် ဆွေသညှ်SPLENDOR LAND အမည် ရအဆင့်မြင့် Cofee Table Book ဓာတ်ပုံ စာအုပ်ဖြစ် မြောက်ရန် တောင်တန်း နေတိုင်းရင်းသား မျိုးနွယ်စုများ နေထိုင်ရာ စစ်ကိုင်းတိုင်း ဒေသ ကြီးနှင့် ကချင်ပြည်နယ် နယ်စပ် တွင်ရှိသော နန်းယွန်းမြို့နှင့် ပန်ဆောင်မှ တစ်ဆင့် အိန္ဒိယ နယ်စပ် အထိ သွားရောက် ခဲ့ပြီး နာဂ မျိုးနွယ် သွေးချင်း များ၏ ဘ၀ ပုံရိပ်များကို ပကတိ အခြေအနေ အတိုင်း ရိုးရာ ယဉ်ကျေး မှုနှင့် အညီ သွားလာ နေထိုင်မှု ဓာတ်ပုံများ ကို ယခုနှစ် ဇန်န၀ါရီ တွင် သွားရောက် ရိုက် ယူခဲ့ ကြောင်း သိရသည်။
နန်းယွန်းမြို့ နာဂ ပွဲတော် သို့ အခက် အခဲ အမျိုးမျိုး ကြားမှ သွားရောက်ပြီး ဓာတ်ပုံ ရိုက်ကူး ခဲ့သည့် အခြေအနေ နှင့် ပတ်သက်၍ ဆရာ လှမြင့်ဆွေ က ရှင်းပြရာတွင် နန်းယွန်း နာဂ ရိုးရာ ယဉ်ကျေးမှု ကောက်သစ် စားပွဲ တော်သို့ လာရောက် ကြသော နာဂ မျိုးနွယ်စု များမှာ အိန္ဒိယ နိုင်ငံ အာရှနာ ချာပရာဒေ့ခ်ျ ပြည်နယ် နယ်စပ်ရှိ နာဂ မျိုးနွယ်စုများ၊ လိတ် နိုချောင်း၊ ဟာနူး ချောင်း၊ နောင်ယန်းအင်း နှင့် နောင်ဆိုင် အင်း တို့၌ရှိသည့် ရိုးရာ မပျက် နေထိုင် သော နာဂ မျိုးနွယ် သွေးချင်း များဖြစ် ကြကြောင်း၊ ပွဲတော် အတွင်း လာရောက်ကြ သည့် သွေးချင်း နာဂ များ၏ သဘာဝ အတိုင်း သွားလာ လှုပ်ရှားမှု ဘ၀ ပုံရိပ်ကို အမိ အရရိုက် ကူးပြီး သူတို့နှင့် အတူ နေထိုင်သော အိမ်များ သို့လည်း သွားရောက်ကာ ထူးခြားကောင်းမွန် သော ဓာတ်ပုံများ လည်း ရရှိခဲ့ကြောင်း၊ ထို့ အပြင် ရိုးရာ အဆောင် ပစ္စည်းနှင့် တွဲဖက် ရိုက်ကူး ခဲ့ကြောင်း ရှင်းပြသည်။
ထို့အပြင် နန်းယွန်းမြို့နယ်တွင် ကျေးရွာ အုပ်စု ၅၁ ခုနှင့် ကျေးရွာပေါင်း ၉၄ ရွာရှိရာ ရနိုင် တောင်တန်း၊ မုတ်တောင်တန်း၊ ပက်က္ကိုင် တောင်တန်း နှင့် ဟူးကောင်း တောင် တန်း တို့ အနက် ထူး ခြား လေးနက် မှုရှိ သော နာဂ ကျေးရွာ များကို လည်းသွား ရောက် ခဲ့ပြီး နာဂသွေး ချင်း များ၏ နေထိုင် မှု ဘ၀ ပုံရိပ် များကို စုံလင်စွာ ရိုက်ကူး နိုင် ခဲ့ကြောင်း သိရ သည်။
ပန်းချီ လှမြင့်ဆွေ၏ Splendour land အမည်ရ ဓာတ်ပုံ များများ စာနည်း နည်းဖြင့် ဖြန့်ချိ ထုတ်ဝေမည့် စာအုပ် တွင် ကဏ္ဍ ခြောက်ခု ခွဲပြီး စီမံ ဆောင်ရွက် ထား သော စာအုပ် တစ်အုပ် ဖြစ်၍ တိုင်းရင်း သား မျိုး နွယ်စုများ အလိုက် ဖွဲ့စည်း ထားသော မြန်မာနိုင်ငံ အတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် နေထိုင် ကြသော လားဟူ၊ ပလောင်၊ ဓနု၊ ပအို့ဝ်စသည့် ရှမ်း မျိုးနွယ်စုများ၊ ကရင် ပြည်နယ် ဒေသတွင် နေထိုင် ကြသော တောင် ပေါ်တောင်အောက် ကရင် မျိုးနွယ်စုများ၊ ပိုးကရင်၊ စကော ကရင် စသည့် ကရင်မျိုး နွယ်စုများ၊ ချင်းပြည်နယ် နှင့် အိန္ဒိယ နယ်စပ် တို့တွင် နေထိုင်သော ချင်းမျိုးနွယ် စုများ၊ ရိုးရာ ယဉ် ကျေးမှု အလှ များနှင့် မြတ်ဗုဒ္ဓ ၏ ယဉ် ကျေးမှု အမွေအနှစ် များကို ဦးစွာ ရရှိ ခဲ့သော ရခိုင်ပြည်နယ် မှ ဓာတ်ပုံများ ပါဝင်ကြောင်း သိရသည်။
တိုင်းရင်းသား များ၏ ဘ၀ ပုံရိပ်များကို ရိုက်ကူး ရာတွင် စိတ်ပိုင်း ဆိုင်ရာ ရိုးသားဖြူ စင်သည့် အလှတရား ပုံရိပ် များမှာ ပြိုင်ဘက် ကင်း လောက်အောင် သူတို့ မျက်နှာတွင် ဖော်ပြနေသည့် ဓာတ်ပုံ များကို ကြည့်ရှု ခံ စားသူ အပေါင်း သိနိုင်မြင်နိုင် အောင် ကြိုး ပမ်း အားထုတ်ရိုက်ကူး ထားကြောင်း သိရ သည်။

Thursday, October 07, 2010

အင်းလေးကန်တွင် ယခင်နှစ်များကဲ့သို့ ရေမပြည့်သေးသော်လည်း ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီ ပူဇော်ပွဲကို အစဉ်အလာမပျက် ကျင်းပမည်


၂၀၁၀ ပြည့်နှစ် နွေရာသီရေ ခန်းခြောက်မှုများရှိခဲ့ပြီး ယခုအခါ မိုးရေနှင့် တောင်ကျချောင်းရေများ ၀င်ရောက်လာမှုကြောင့် ယခင်နှစ်များ လောက် စံချိန်မီရေပြည့်မလာသေး သော်လည်း အင်းလေးဖောင်တော်ဦး ဘုရားဒေသစာရီ ကြွချီပူဇော်ပွဲကို ရိုးရာ အစဉ်အလာမပျက် ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၉ ရက်မှ ၂၆ ရက် နေ့အထိ ၁၈ ရက်တိုင်တိုင် ကြွချီ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီထံမှ သိရှိရသည်။ 

     အဆိုပါအစီအစဉ်ကို အင်းလေး ဖောင်တော်ဦးဘုရား ဗုဒ္ဓသာသနာ ထိန်ထိန်လင်း ကျောင်းတော်ကြီး၌ ကျင်းပသော သြ၀ါဒါစရိယ ဆရာတော်ကြီးများ၊ ပြည်နယ်၊ မြို့နယ်၊ သံဃနာယကအဖွဲ့မှ ဆရာတော်ကြီး များ၊ သာသနာရေးဦးစီးဌာန၊ မြို့နယ် ကောင်စီ၊ ဌာနဆိုင်ရာနှင့် ဂေါပက အဖွဲ့ဝင်များ၊ ဘုရားကြွဌာနအသီးသီးမှ ကျောင်းဦးဒါယကာများပါဝင်သော ဒေသန္တရမျက်နှာစုံညီ အစည်းအဝေးမှ သဘောတူဆုံးဖြတ်ခဲ့သည်။

    အင်းလေးဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်မြတ်များ တင်ဆောင်ရာ ကရ၀ိက်ဖောင်တော်အကြီးမှာ အလျား ၄၄ တောင်၊ အနံ ၁၈ တောင်၊ အမြင့်  ပြာသာဒ်အပါအ၀င် ၂၄ တောင်ရှိ၍ လှေကြီးနှစ်စင်းပေါ်၌ ဖောင်ဖွဲ့တည် ဆောက်ထားသည်။ ခံနိုင်ဝန်ခြောက်တန်ခန့် ရှိမည်ဖြစ်ပြီး ရေစူးအနက်သုံးပေခန့် ရှိမည်ဖြစ်ကာ ကရ၀ိက်ဖောင်တော်အငယ်မှာ အလျား ၃၄ တောင်၊ အနံရှစ်တောင်အမြင့် ပြာသာဒ်အပါ အ၀င် ၁၂ တောင်ရှိကာ လှေအလတ် နှစ်စင်းပေါ်တွင် ဖောင်ဖွဲ့ တည်ဆောက်ထားကြောင်း၊ ခံနိုင်ဝန်သုံးတန်ခန့်ရှိ မည်ဖြစ်ကာ ရေစူးအနက်နှစ်ပေခန့် ရှိမည်ဖြစ်ကြောင်း သိရသည်။

    သို့ဖြစ်၍ကြွချီရာ ရေပြင်အနေအထားအရ ရေနက်လျှင် ဖောင်တော်အကြီးကို အသုံးပြုမည်ဖြစ်ပြီး ရေတိမ်လျှင် ဖော်တော်အငယ်ကို အသုံးပြုတင်ဆောင်ကြွ ချီသွားမည်ဖြစ်ကြောင်း၊ ရေစူးသက်သာစေရန် ဖောင်တော်နှစ်ခု ပေါ်တင်ဆောင်မည့် ခံနိုင်ဝန်ကိုလည်း အတတ်နိုင်ဆုံး လျှော့ချတင်ဆောင် ကြွချီသွားမည်ဖြစ်ကြောင်း သိရသည်။

source : news-eleven