Sunday, November 14, 2010

ခရီးသွားရာသီ အစမှာပင် မင်းကွန်းဒေသသို့ ခရီးသွားဧည့်သည် အများအပြား လာရောက်

ယခုနှစ် ခရီးသွားရာသီ အစမှာပင် မင်းကွန်းဒေသသို့ ရေကြောင်းခရီးဖြင့် ခရီးသွားဧည့်သည် အများအပြား လာရောက်ကြောင်း သိရသည်။ မန္တလေး မရမ်းခြံဆိပ်မှ ပြည်ပခရီးသွား ဧည့်သည်များအတွက် မန္တလေး-မင်းကွန်း၊ မန္တလေး- မင်းကွန်း- စစ် ကိုင်းနှင့် မန္တလေး-ဗန်းမော်ဟူ၍ ရေကြောင်းခရီးစဉ်သုံးခု ပြေးဆွဲပေးရာ မန္တလေး-မင်းကွန်း ခရီးစဉ်သည် သွားရောက်မှု အများဆုံးဖြစ်ကြောင်း သိရသည်။
''မန္တလေးကို လာရောက်တဲ့ ဧည့်သည်အများစုက မင်းကွန်းကို မဖြစ်မနေ သွားကြတာ များတယ်။ မင်းကွန်းကို မန္တလေးကနေ ကုန်းလမ်း၊ ရေလမ်း နှစ်လမ်း သွားလာနိုင်တယ်။ ပြည်ပခရီးသည် အများစုက ရေလမ်းကနေသွားတာ များတယ်။  ဒီနှစ် နို ၀င်ဘာလဆန်းပိုင်းမှာကို တစ်နေ့ခရီးသွား ဧည့်သည် အယောက် ၇၀ ကျော် ၈၀ လောက် လာရောက်တာကို တွေ့ရတယ်''ဟု မန္တလေးမရမ်းခြံဆိပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပြင်သစ်၊ စပိန်နှင့်အီတလီ နိုင်ငံသားများ လာရောက်မှုများကြောင်းနှင့် မန္တလေးမရမ်းခြံဆိပ်တွင် ပြည်ပခရီးသည်များအတွက် မန္တလေး-မင်းကွန်းသွား ရေယာဉ် ၂၆ စင်းရှိပြီး တစ်ဦးလျင် အသွား၊ အပြန် ၄၅၀၀ ကျပ် ဈေးနှုန်း၊ စင်းလုံးငှားယာဉ်အတွက် လူဦးရေပေါ်မူတည်ကာ ငွေကျပ်၂၅၀၀၀ မှ ၄၅၀၀၀ ၀န်းကျင်အထိ ကောက်ခံလျက်ရှိကြောင်း သိရှိရပါသည်။

Credit : News-Eleven

1 comment:

Thank you for your comment on my blog, Anythig you can suggesting and discuss to me.