Tuesday, December 14, 2010

မြန်မာ့ လေကြောင်းလိုင်းမှ သက်တမ်းရင့် လေယာဉ်များကို ၁၀ နှစ်တစ်ကြိမ်လဲနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်

မြန်မာ့လေကြောင်းလိုင်းမှ နောင်တွင် သက်တမ်းရင့်လေယာဉ်များအား ၁၀ နှစ်တစ်ကြိမ် လဲလှယ်နိုင်ရေးကို စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
မြန်မာ့လေကြောင်းလိုင်း သည် ၁၉၄၈ ခုနှစ်မှ ၁၉၆၁ ခုနှစ် အထိ ခရီးသည်ကိုးဦးဆံ့ဂျိုးဖြူလေယာဉ်၊  ၁၉၅၇ ခုနှစ်မှ ၁၉၇၆ ခုနှစ် အထိ ခရီး သည် ၄၄ ဦးဆံ့ ဗိုင်းကောင့်၊ ၁၉၇၆ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိခရီး သည် ၂၀ ဦးဆံ့တွင် အော်တာ လေယာဉ်များကို အသုံးပြုခဲ့ရာမှ ၁၉၆၃ ခုနှစ်တွင်ခရီးသည်  ၄၄ ဦးဆံ့ဖော်ကာ F 27၊ ၁၉၇၆ ခုနှစ်တွင်ခရီးသည် ၈၅ ဦးဆံ့ဖော်ကာ F28 နှင့် ၂၀၀၆ ခုနှစ်တွင်ခရီးသည် ၄၄ ဦးဆံ့ ATR42 လေယာဉ်နှင့်ခရီးသည် ၇၀ ဦးဆံ့ ATR 72 လေယာဉ်များကို အသုံးပြုပြေးဆွဲခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သက်တမ်းကြာမြင့်ပြီ ဖြစ်သည့် ဖော်ကာ F 27 လေယာဉ်များနေရာတွင် တရုတ်နိုင်ငံမှ အသစ်ဝယ်ယူခဲ့သည့် MA 60  လေယာဉ်များကို ဒီဇင်ဘာလ ၁ ရက်နေ့ မှစ၍ မြန်မာ့လေကြောင်းမှ ပြေးဆွဲသည့် ပြည်တွင်းခရီးစဉ်များတွင် အသုံးပြုပျံသန်းသကဲ့သို့ နောင်တွင်လည်း သက်တမ်းရင့် လေယာဉ်များအား ၁၀ နှစ်တစ်ကြိမ်လဲလှယ်နိုင် ရေးကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရှိရသည်။

Credit : News-Eleven

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.