Tuesday, December 21, 2010

အားလပ်ရက် ကာလ အတွင်း မြန်မာနိုင်ငံ ခရီးစဉ် ကို အထူး အစီအစဉ် အဖြစ် ပို့ဆောင် ပေးရန် Exotissimo Travel စီစဉ်

ခရစ္စမတ် နှင့် နှစ်သစ်ကူး ကာလများ အတွင်း မြန်မာနိုင်ငံ ခရီးစဉ် ကို အထူး အစီ အစဉ် အဖြစ် ပို့ဆောင် ပေးရန် ဗီယက်နမ် နိုင်ငံ၊ ဟိုချီမင်း မြို့အခြေစိုက် Exotissimo Travel က စီစဉ် လျက်ရှိသည်။

အဆိုပါ ခရီးစဉ်တွင် ရွှေနိုင်ငံ ၏ ကိုလိုနီခေတ် ဗိသုကာ လက်ရာများ၊ ဖွံ့ဖြိုး တိုးတက် လာသည့် အပန်းဖြေ ကမ်းခြေများ နှင့် များပြား လွန်းသည့် စေတီ ပုထိုး များကို ကမ္ဘာလှည့် ခရီးသည် များ ရှုစား နိုင်မည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံ သည် သမိုင်း ကြောင်း နှင့် ယဉ်ကျေးမှု အစဉ်အလာ ကြီးမား သည့် နိုင်ငံ တစ်ခုဖြစ်ပြီး ဖော်ရွေကြိုဆို တတ်သည့် ဒေသခံ များကြောင့်လည်း နိုင်ငံ တကာ ခရီးသွားများ ကို ဆွဲဆောင် နိုင် ကြောင်း၊ အတိတ် ကာလတွင် ရော လက်ရှိ အချိန်၌ ပါ စိတ်ဝင်စားဖွယ် ကောင်းသည့် စီးပွားရေး မြို့တော် ရန်ကုန်၊ ကမ္ဘာကျော် ရွှေတိဂုံ စေတီတော် နှင့် ရန်ကုန်မြို့ရှိ လူသိ နည်း သော စိတ်ဝင်စားဖွယ် နေရာ များ၊ ဈေးကြီး များသို့ သွားရောက် လည်ပတ်ခွင့် ရမည် ဖြစ်ပြီး ကျော်ကြား သည့် မြန်မာ့ လက်ဖက်ရည် ကိုလည်း သောက်သုံး နိုင်ရန် စီစဉ်ထားကြောင်း၊ ထိုမှတစ်ဆင့် မြန်မာနိုင်ငံ မြောက်ပိုင်း ရှိ သမိုင်း ၀င် ပုဂံမြို့သို့ ပို့ဆောင် မည်ဖြစ်ကြောင်း၊ မင်းနန် သူကျေးရွာ နှင့် ဧရာဝတီမြစ် အတွင်း လှေစီး ရင်း နေ၀င်ချိန် ဆည်းဆာ အလှကို ရှုစား နိုင်မည်ဖြစ် ကြောင်း၊ ထို့နောက် မန္တလေး မြို့ရှိ ဘုရားပုထိုး များကို ဖူးမြော်ပြီး မန္တလေး တောင်၏ လှပသည့် ညနေခင်း အလှကို ခံစား နိုင်မည်ဖြစ်ကြောင်း၊ နောက်နေ့ တွင် အမရပူရ၊ အင်းဝနှင့် စစ်ကိုင်း မြို့များသို့ ပို့ဆောင် ကာ သမိုင်းဝင် အဆောက် အအုံ များကို မြင်းစီးရင်း လေ့လာ မည်ဖြစ်ကြောင်း၊ ကျွန်းသစ်ဖြင့် ဆောက်လုပ် ထားသည့် ကမ္ဘာ့ အရှည်လျားဆုံး ဦးပိန် တံတား တွင်လမ်းလျှောက် ပြီးနောက် ဟဲဟိုးမြို့သို့ သွားရောက်ကာ အင်းလေးကန်ရှိ Tresure Resort ၌ ခေတ္တ တည်းခို မည်ဖြစ်ကြောင်း၊ ထို့နောက် ခုန်ပျံ နိုင်သောကြောင်များ ကြောင့်ကျော် ကြားသည့် ငဖယ်ချောင်း ဘုန်းတော်ကြီး ကျောင်းသို့ သွားရောက် နိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ခရီးစဉ် တွင် ရိုးရာ လက်မှု ပစ္စည်း များ နှင့် ဆေးလိပ်ပြုလုပ် မှုများ ကိုလည်း လေ့လာ နိုင်မည် ဖြစ်ကြောင်း Exotissimo က ကြေညာ ထားသည်။

Credit : The Myanmar Post

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.