Wednesday, December 15, 2010

သြစတြေးလျနိုင်ငံမှ Heavy Lift ကုမ္ပဏီနှင့် မြန်မာ့လေကြောင်းတို့ ပူးပေါင်းကာ ပုလဲကျွန်း၊ ဖာပွန်၊ တနိုင်း စသော ခက်ခဲဒေသများသို့ ပြေးဆွဲပျံသန်းရန် စီစဉ်

မြန်မာ့ကမ်းလွန်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများအတွက် ရဟတ်ယာဉ်လုပ်ငန်း လုပ်ကိုင်နေသည့် သြစတြေးလျနိုင်ငံမှ Heavy Lift ကုမ္ပဏီနှင့် မြန်မာ့လေကြောင်းလိုင်းတို့ ပူးပေါင်းကာ ပုလဲကျွန်း၊ ဖားပွန်၊ တနိုင်းစသော ခက်ခဲဒေသများသို့ ပြေးဆွဲပျံသန်းရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိပါသည်။ ၁၉၈၅ ခုနှစ်တွင် မြန်မာ့လေကြောင်းမှ တွင်အော်တာ လေယာဉ်များကို အသုံးပြု၍ နောင်မွန်း၊ နမ္မတူ၊ မိုးမိတ်၊ ဖောင်းပြင်၊ ဂွ၊ ပုလဲကျွန်း၊ ပုလော၊ ပလက်ဝ၊ ဂန့်ဂေါ၊ ပေါက်၊ ဖာပွန်၊ ဘားအံ၊ ရေး၊ မိုးကောင်း၊ လုံးခင်းနှင့် တနိုင်းစသော ဒေသများသို့ ပျံသန်းပြေးဆွဲခဲ့သည်။ “အဲဒီဒေသတွေက လေဆိပ်အဆောက်အဦ ကြီးကြီးမားမား မရှိဘဲ လေယာဉ် အသေးလေးတွေပဲ ဆင်းနိုင်တဲ့ကွင်းတိုတွေပေါ့”ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ မြန်မာ့လေကြောင်းလိုင်းသည် တွင်အော်တာလေယာဉ်များအား ရောင်းချခဲ့ပြီး နောက်ပိုင်းတွင် ယင်းပြေးဆွဲမှုမှာ ရပ်နားသွားခဲ့ကြောင်း၊ လက်ရှိအချိန်၌ ခက်ခဲဒေသ ကွင်းတိုခရီးစဉ်များအား ပြန်လည်ပျံသန်းနိုင်ရေး မြန်မာ့ရေနံနှင့် ကမ်းလွန်သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်း၌ Fixed Wings Air Transport ကိုလုပ်ကိုင်နေသည့် Heavy Lift ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် မြို့များသို့ လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ပါက ဒေသခံများ၏ လူမှုဘ၀ အဆင်ပြေမှုကို တစ်ဖက်တစ်လမ်းမှ အထာက်အကူ ပြုနိုင်ဖြစ်သည်ဟု ၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ "
Credit : Khit Lu Nge

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.