Sunday, January 16, 2011

သဘာဝရှုခင်းနှင့် ပတ်ဝန်းကျင် ဓလေ့စရိုက်များကို လေ့လာရန် ကိုယ်ပိုင်အစီအစဉ်ဖြင့် ခရီးသွားလာမှုများ ရှိလာ

ပတ်ဝန်းကျင် ဓလေ့စရိုက်၊ တောတောင်ရေမြေ သဘာဝရှုခင်း အလှအပများကို လေ့လာမှတ်တမ်း တင်လိုသူများသည် မိမိတို့၏ ကိုယ်ပိုင်အစီအစဉ်ဖြင့် ကား၊ ဆိုင်ကယ်၊ စက်ဘီး စသည်တို့ဖြင့် ခရီးသွားလာမှုများ ရှိလာကြကြောင်း သိရသည်။

''ခုနောက်ပိုင်း နိုင်ငံခြား ခရီးသွားတွေက ရထား၊ အဝေးပြေး လိုင်းကားတွေနဲ့ ခရီးသွားတာထက် ကိုယ်ပိုင် အစီအစဉ်နဲ့ ကားစင်းလုံးငှားပြီး ခရီးသွားကြသလို စက်ဘီးတွေနဲ့လည်း အဖွဲ့လိုက် ခရီးသွားကြတာတွေ ရှိတယ်။ ‘ဒီလို ကိုယ်ပိုင်အစီ အစဉ်နဲ့ သွားခြင်းအားဖြင့် ပတ်ဝန်းကျင်မှာ ကိုယ်လေ့လာ လိုသလောက် အချိန်ပေး လေ့လာလို့ ရသလို ဒေသရဲ့ ရိုးရာ အငွေ့အသက်တွေရှိတဲ့ လူနေမှုစရိုက်နဲ့ သဘာဝ အခြေအနေတွေကို လေ့လာ မှတ်တမ်းတင်နိုင်တာပေါ့''ဟု ခရီးသွား ဧည့်လမ်းညွှန်တစ်ဦးက ပြောပါသည်။

ဓာတ်ပုံပညာရှင်၊ ပန်းချီပညာရှင်များ အနေဖြင့်လည်း မိမိတို့၏ ခရီးစဉ်တွင် မိမိတို့အမှတ်မထင် ကြုံတွေ့ရသော သဘာဝရှုခင်း၊ လူမှုဓလေ့စရိုက်များအား လိုအပ်သလို မှတ်တမ်းတင်ရန်သော် လည်းကောင်း၊ လိုအပ်သော အလင်းအမှောင်များကို စောင့်ဆိုင်း၍သော် လည်းကောင်း၊ အချိန်ပေး ရိုက်ကူးရေးဆွဲနိုင်သဖြင့် ကိုယ်ပိုင် အစီအစဉ်ဖြင့် ခရီးသွားလာမှုများ ရှိလာကြသည်။

Source : News-Eleven

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.