Wednesday, January 19, 2011

မြစ်အတွင်း အပျော်တမ်း ဖောင်စီး သည့်ခရီးစဉ် ကမ္ဘာလှည့် ခရီးသည်များ စိတ်ဝင် စားမှု များပြား

မြန်မာနိုင်ငံ သို့ လာရောက် လည်ပတ် ကြ သော ကမ္ဘာလှည့် ခရီးသွား များ အတွက် သဘာဝ ခရီးသွား လုပ်ငန်း တစ်ခု ဖြစ်သည့် မြစ် အတွင်း အပျော်တမ်း ဖောင်စီး ခရီးစဉ် အား ကမ္ဘာလှည့် ခရီးသွား အများစု စိတ်ဝင် တစား ရှိလာ ကြောင်း Putao Trekking House မှ တာဝန်ရှိသူ က ပြောကြား သည်။ အဆိုပါ ခရီးစဉ် မှာ ကချင်ပြည်နယ် အတွင်း၌ ရှိနေပြီး မေခ၊ မလိခနှင့် နမ့်လန် မြစ်များ ပေါ်တွင် အခြေပြု ဆောင်ရွက် ထားသော ခရီးစဉ် တစ်ခု ဖြစ်သည်။

“အမေရိကန်၊ သြစတြေးလျနဲ့ ဥရောပ ဘက်က ခရီးသွားတွေ အများဆုံး လာရောက် ကြပါတယ်။ အာရှက လာတဲ့ သူတွေ ကတော့ ထိုင်းက လွဲရင် နည်းပါ သေးတယ်။ ဖောင်နဲ့ အခြား ဆက်စပ် ပစ္စည်းတွေ အကုန်လုံး ကို နိုင်ငံ ခြားက တိုက်ရိုက်မှာ ယူတင် သွင်းထား တာပါ။ ပူတာအို မြို့ကနေ စတင်တဲ့ ဒီခရီးစဉ် က တစ် ရက်ခရီး နဲ့ တစ်ညအိပ် နှစ်ရက် ခရီးစဉ် ဆိုပြီး ရှိ ပါတယ်။ ပူတာအို နဲ့ နီးတဲ့ နမ့်လန်မြစ် တစ်ရက် ခရီး ပါ။ ရေစီးအား အလွန်ပြင်း တဲ့ မေခမြစ် ခရီးစဉ် ကတော့ အပျော်တမ်း မဟုတ်ဘဲ စွန့်စား သွား လာချင် သူတေ အတွက် စီစဉ် ပေးတာ ဖြစ်ပါ တယ်” ဟုဆိုသည်။ နမ့်လန်မြစ် အတွင်း အပျော်ဖောင်စီး ခရီးစဉ် မှာ ပူတာ အိုမြို့မှ ရှန်ဂေါင် တောင် ကိုဖြတ် ၍ ၀ါဆာဒန် ကျေးရွာ အထိကုန်းလမ်း ခရီးသွား ရပြီး ထိုမှ တစ်ဆင့် နမ်ရို ချောင်းမှ ဖောင်ဖြင့် နမ့်လန်မြစ် သို့ သွားရခြင်း ဖြစ်ကြောင်း၊ မလိခ ခရီးစဉ် မှာ ပူတာ အိုမှ မူလာရှီးဒီ ကျေးရွာ သို့ ကုန်းလမ်း ခရီး ညအိပ် သွားရောက် နိုင်ပြီး နောက်တစ်နေ့ နံနက် တွင် မလိခ မြစ် အတွင်း ဖောင်စီးသည့် ခရီးစဉ် စတင် ကြောင်း သိရသည်။

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.