Wednesday, January 19, 2011

တောရိုင်းတိရစ္ဆာန်နှင့် သဘာဝ အပင်များ ကာကွယ်ရေး သဘာဝ နယ်မြေများ ထိန်းသိမ်းရေး ခရီးသွား ကုမ္ပဏီများ အလေးထား သင့်

မြန်မာနိုင်ငံ သို့ လာရောက် လည် ပတ်သည့် ကမ္ဘာလှည့် ခရီးသည် ဦးရေ တိုးတက် များပြား လာသည်နှင့် အမျှ မြန်မာနိုင်ငံ ရှိ တောရိုင်း တိရစ္ဆာန် နှင့် သဘာဝ အပင်များ ကာကွယ်ရေး နှင့် သဘာဝ နယ်မြေများ ထိန်းသိမ်း ရေး ကို ခရီးသွား လုပ်ငန်းများ က အလေး ပေး ဂရုပြု ကြရမည် ဖြစ်သည်။

အချို့ ခရီးသွား ကုမ္ပဏီ များမှ တစ်ဆင့် ရောက်ရှိလာသော နိုင်ငံ ခြားသား ခရီးသည်များ သည် သဘာဝ ထိန်းသိမ်းရေး နယ်မြေ များ အတွင်း ခွင့်ပြုချက် ရယူခြင်း မရှိဘဲ တရားမ ၀င် ၀င် ရောက်ကာ တောရိုင်း တိရစ္ဆာန် နှင့် သဘာဝ အပင် နမူနာများ စုဆောင်း ခြင်းများ ရှိကြောင်း သစ်တော ရေး ရာ ၀န်ကြီး ဌာန၊ သစ်တော ဦးစီး ဌာန က မြန်မာနိုင်ငံ ခရီးသွား လုပ် ငန်းရှင်များ အသင်းသို့ အကြောင်း ကြားထား သည် ဟု ဆိုသည်။
 
“ဘယ်လို ကိစ္စမျိုး ဆိုတာ မသိ ရ ပေမယ့် သတိပေးတဲ့ အနေနဲ့ အ ကြောင်းကြား လာတာပါ။ tourism responsibilities အရ အပင်ပဲ ဖြစ်ဖြစ်၊ သတ္တ၀ါ ပဲဖြစ်ဖြစ် ထိန်းသိမ်း သင့် ပါတယ်။ ခရီးသွား များလာရင် ပိုပြီး ထိန်းသိမ်း သင့်ပါတယ်။ ဒါမှ မြန်မာ နိုင်ငံရဲ့ ခရီးသွား လုပ်ငန်း ရေ ရှည် ဖွံ့ဖြိုး ဖို့ အထောက် အကူ ပြုမှာ ပါ။ ပြည်တွင်း က ခရီးသွား တွေမှာ လည်း ဒီလိုမျိုး သဘာဝ သယံ ဇာတ တွေကို ထိန်းသိမ်း စောင့်ရှောက် ရ မယ် ဆိုတဲ့ အသိ ရှိသင့် ပါတယ်” ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင် များ အသင်း အတွင်း ရေးမှူး ဦးတင်ထွန်း အောင်က ပြောသည်။

သစ်တော ရေးရာ ၀န်ကြီးဌာန၊    သစ်တော ဦးစီး ဌာနသည် မြန်မာ နိုင်ငံ အတွင်းရှိ ဇီဝ မျိုးစုံ မျိုးကွဲများ ထိန်းသိမ်း ကာကွယ်ရန်အတွက် ၁၉၉၄ ခုနှစ် တောရိုင်း တိရစ္ဆာန် နှင့် သဘာဝ အပင်များ ကာကွယ်ရေး နှင့် သဘာဝ နယ်မြေများ ထိန်းသိမ်း ရေး ဥပဒေ ကို ထုတ်ပြန် ပြဋ္ဌာန်း ခဲ့သည်။

အဆိုပါ ဥပဒေ အရ သဘာဝ နယ်မြေများ အတွင်း လုံးဝ တားမြစ် ထားသော ဒေသမှအပ သိပ္ပံ ဆိုင်ရာ သုတေ သနပြုခြင်း၊ သဘာဝ ပတ်ဝန်း ကျင် လေ့လာ ကြည့်ရှုခြင်း၊ အပန်း ဖြေခြင်း တို့ကို စည်းကမ်း သတ်မှတ် ချက်များ နှင့် အညီ ခွင့်ပြု ပေးလျက် ရှိ ကြောင်း၊ သဘာဝ နယ်မြေ များဖွဲ့ စည်း သတ်မှတ်ခြင်း အပြင် မြန်မာ့ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူ ဖြစ်စေရန် သဘာဝ အခြေခံ ခရီးသွား နေရာ များ တည် ထောင် အကောင်အထည် ဖော်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.