Monday, January 17, 2011

တောင်ရိုး တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု စုံညီ ပွဲတော် ကျင်းပမည်

တောင်ရိုး တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု စုံညီ ပွဲတော်ကို ဖေဖော် ၀ါရီ ၁၅ ရက် တွင် ဟဲဟိုးမြို့၊ တော်နင်း ကျေးရွာ ၌ ကျင်းပရန် စီစဉ် ထားကြောင်း အဆိုပါ ပွဲတော် ဖြစ်မြောက်ရေး အဖွဲ့မှ တာဝန် ရှိသူက ပြောကြား သည်။ ယခု ကျင်းပမည့် ပွဲတော်သို့ ကမ္ဘာလှည့် ခရီးသွား ဧည့် သည်များ လာရောက် လေ့လာ နိုင်ရန် ဟိုတယ် များနှင့် ခရီးသွား ကုမ္ပဏီ များအား ကြိုတင် အကြောင်းကြား မည် ဖြစ်ကြောင်း တောင်ရိုး တိုင်းရင်း သား စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဥက္ကဋ္ဌ ဦးသောင်းရွှေက ပြောကြားသည်။

ယဉ်ကျေးမှု စုံညီ ပွဲတော်တွင် တောင်ရိုး ကျေးလက် ၀တ်စား ဆင် ယင်မှု ပြပွဲ၊ တောင်ရိုး လှယဉ် ကျေးမယ် ပြိုင်ပွဲ၊ တောင်ရိုး ကျေးလက် တေးသံ၊ လှပျိုဖြူများ၏ ကျေးလတ် အက၊ တောင်ရိုး သီချင်း ဆို ပြိုင်ပွဲ တို့ ပါဝင် မည်ဖြစ်သည်။ ယခင် နှစ်က တောင်ရိုး တိုင်းရင်းသား အများဆုံး နေထိုင် ကြသည့် ပင်လောင်း မြို့နယ် ခေါင်းဆည် ကျေးရွာ ၌ ပထမ အကြိမ် ကျင်းပ ခဲ့ပြီး ယခု ဒုတိယ အကြိမ် ပွဲတော်ကို ဘော်နင်း ကျေးရွာ ၌ ကျင်းပ မည်ဖြစ်သည်။

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.