Tuesday, February 01, 2011

ဦးပိန် တံတားသို့ လာရောက် လည်ပတ် သည့် ကမ္ဘာလှည့် ခရီးသည် နေ့စဉ် ၃၀၀ ကျော် ရှိ

မန္တလေးမြို့သို့ လာရောက် လည်ပတ် သည့် ကမ္ဘာလှည့် ခရီး သည် များသည် မြို့တွင်း လေ့လာမှု (sightseeing) အပြင်မြို့ နှင့် နီးကပ်စွာ တည်ရှိသော အင်းဝ၊ စစ်ကိုင်း၊ မင်းကွန်းဒေသ များနှင့် အမရပူရ မြို့နယ် အတွင်းရှိ ဦးပိန် တံတား သို့လာရောက် လည်ပတ်မှု များပြား လာပြီး နေ့စဉ် ဧည့်သည် ၃၀၀ ကျော် လာ ရောက်ကြောင်း၊ ညနေပိုင်း ထက် နံနက်ပိုင်း ၌ လာရောက်သူ ပိုမို များပြား ကြောင်း၊ FIT ထက် အုပ်စုလိုက် လာ ရောက်မှု ပိုများ ကြောင်း၊ နံနက်ပိုင်း တွင် လာရောက် လည်ပတ်သော ဧည့်သည် များက ဦးပိန် တံတား၌ တစ်နာရီ ခန့်သာ လည်ပတ်ပြီး မဟာ ဂန္ဓာရုံ ကျောင်းတိုက်သို့ နံနက် ၁၁ နာရီ နေ့ဆွမ်းစား အမီ သွား ရောက် လေ့လာ ကြည့်ရှု လေ့ရှိကြောင်း၊ ဦးပိန် တံတား တွင်ရှိသော ကျောက်စိမ်း ထည်များ၊ လက်မှု ပစ္စည်း ရောင်းချ သူများ ယခုရက် ပိုင်းအတွင်း ပိုမို အရောင်းသွက် နေကြောင်း ဧည့်လမ်း ညွှန် တစ်ဦး က ပြောကြားသည်။

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.