Tuesday, February 01, 2011

ခရီးသွား လုပ်ငန်း မြှင့်တင်ရေး မြန်မာ – ကမ္ဘောဒီးယား ပူးပေါင်း ဆောင်ရွက် မည်

မြန်မာ – ကမ္ဘောဒီးယား နှစ်နိုင်ငံ ခရီးသွား လုပ်ငန်း မြှင့်တင်ရေး နှင့် နှစ်နိုင်ငံ အကြား တိုက် ရိုက် လေကြောင်းလိုင်း ပြေးဆွဲရေး အတွက် သဘော တူညီမှု ရရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ အစီအစဉ် အရ ကမ္ဘောဒီးယား နိုင်ငံ၊ ခရီးသွား ကဏ္ဍ ဆိုင်ရာ ထိပ်တန်း အရာ ရှိကြီးများ သည် ဟိုတယ် နှင့် ခရီးသွား လာရေး ၀န်ကြီး ဌာန နှင့် ပို့ဆောင်ရေး ၀န်ကြီးဌာန တို့ ဦးဆောင် သည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း၊ ဆွေးနွေး မှု ရလဒ် များကို အပြည့်အစုံ ထုတ်ပြန် ကြေညာခြင်း မရှိ သော်လည်း ကမ္ဘော ဒီးယား နိုင်ငံ၊ Siem Reap နှင့် မြန်မာ နိုင်ငံ ပုဂံ၊ မန္တလေး မြို့ အကြား တိုက်ရိုက် လေကြောင်း လိုင်း တစ်ခု ပြေးဆွဲရေး ပါဝင်ကြောင်း၊ အဆိုပါ Siem Reap – ပုဂံ -မန္တလေး လေကြောင်း ခရီးစဉ် သည် ပြီးခဲ့ သည့် နိုဝင်ဘာ အတွင်း ကျင်းပခဲ့ သည့် စတုတ္ထ အကြိမ် မြောက် ဧရာဝတီ- ကျောက်ဖယား – မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီး အစည်း အဝေး နှင့် ပဉ္စမ အကြိမ် CLMV ထိပ်သီး အစည်းအဝေး ညှိနှိုင်း ဆွေးနွေး မှုများ မှ မြစ်ဖျား ခံလာသည့် စီမံကိန်း တစ်ခုဖြစ်ကာ ဒေသတွင်း ခရီးသွား လုပ်ငန်း မြှင့်တင်မှု ကို ရည် ရွယ် ကြောင်း၊ နှစ်နိုင်ငံ တိုက်ရိုက် လေကြောင်း ဆက်သွယ်မှု ကို နှစ်နိုင်ငံ ၀န်ကြီးချုပ် များက သဘော တူခဲ့ကာ ဗီဇာ ကင်းလွတ်ခွင့် ဆိုင်ရာပူး ပေါင်းဆောင် ရွက်မှု များကို ၂၀၀၇ ခုနှစ်မှ စတင် ပူး ပေါင်းဆောင် ရွက်ခဲ့ကြောင်း၊ Siem Reap မှ မြန်မာနိုင်ငံ သို့ လာရောက် သည့် ခရီးသွား ဧည့် သည် များပြား လာစေရန် ရည်ရွယ် ကြောင်း သိရ သည်။ မြန်မာ နှင့် ကမ္ဘောဒီးယား နိုင်ငံ များသည် ခရီးသွား လုပ်ငန်း၊ လေကြောင်း ၀န်ဆောင်မှု နှင့် ပုဂံနှင့် Siem Reap တို့အကြား sister cities တည်ထောင်မှု ဆိုင်ရာ သဘော တူညီချက် သုံး ရပ်ကို ၁၉၉၆ ခုနှစ်၊ အောက်တိုဘာ တွင် လက်မှတ် ရေးထိုး ခဲ့ကြောင်း၊ လေကြောင်း သွားလာရေး ပူးပေါင်း ဆောင်ရွက်မှု ကိုလည်း လာအို၊ ဗီယက်နမ် နိုင်ငံများ နှင့်အတူ ၁၉၉၅ ခုနှစ် တွင် လက်မှတ် ရေးထိုး ခဲ့ကြောင်း၊  Siem Reap သို့ နှစ်စဉ် ကမ္ဘာ တစ်ဝန်းလုံးမှ ခရီး သည် ၅,၀၀,၀၀၀ ခန့် လာရောက် လေ့ရှိ ကြောင်း သိရသည်။

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.