မန္တလေးမြို့မှ MBA အပျော် တမ်း စက်ဘီး အဖွဲ့သည် ချင်းပြည် နယ် နတ်မ တောင်သို့ ဖေဖော်ဝါရီ ၁၅ ရက်မှ စ၍ စက်ဘီးဖြင့် ထွက်ခွာ ကြမည် ဖြစ်ကြောင်း သိရ သည်။
မန္တလေး MBA အပျော်တမ်း စက်ဘီးစီး အဖွဲ့ကို ၂၀၀၈ ခုနှစ် က စတင် စုစည်း ခဲ့ပြီး ထိုနှစ် တွင် မန္တလေး တောင်ကြီး – ကလော – အင်းလေး နှင့် ပင်းတယ သို့ သွားရောက် ခဲ့ကြသည်။ ၂၀၀၉ ခုနှစ် တွင် မန္တလေး -ပုဂံ – ပုပ္ပား သို့ သွားရောက် ခဲ့ကြသည်။ ၂၀၁၀ ခုနှစ် တွင် မန္တလေး – နောင်ချို – ကျောက်မဲ – မိုးကုတ် ကို သွားရောက် ကြသည်။ ၂၀၁၁ ခုနှစ် တွင် ချင်းပြည်နယ်၊ နတ်မ တောင် ဒေသသို့ သွားရောက် ကြ မည် ဖြစ်သည်။
ချင်းပြည်နယ်၊ နတ်မတောင် ဒေသသို့ သွားရောက် သည့် ခရီးစဉ် မှာ ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်ပြီး ညောင်ဦး – ပုဂံ- ချောက်၊ ချောက် – ဆိတ်ဖြူ- ကန်စွန်းမ – ဖလံမရွာ- အိုင် ကြီး၊ အိုင်ကြီး- နဂါးပွက်မြုံ -သီးကုန်း- ဆော- ကန်ပက်လက်၊ ကန်ပက် လက် – နတ်မတောင် ခရီးစဉ် တို့ဖြစ် သည်။ အပြန် ခရီး တွင် ကန်ပက်လက် မင်းတပ် – ဆော- နဂါးပွက်မြုံ၊ နဂါး ပွက်မြုံမှ ချောက် အထိ စက်ဘီးဖြင့် သွားကြ မည်ဖြစ်ပြီး ခရီးစဉ်မှာ ကိုးရက် ခရီးဖြစ်သည်။
အဆိုပါ ခရီးစဉ် တွင် တိုင်းရင်း သားများ၏ ယဉ်ကျေးမှု ဓလေ့များ ကို မှတ်တမ်းတင် ဓာတ်ပုံ ဗီဒီယိုများ ရိုက်ကူး ကြမည် ဖြစ်ပြီး အဖွဲ့ဝင် ၂၅ ဦး ပါဝင်ကြောင်း သိရသည်။
မောင်လူချစ်(အညာမြေ)
Source : The Myanmar Post
0 Comments:
Subscribe to:
Post Comments (Atom)
Post a Comment
Thank you for your comment on my blog, Anythig you can suggesting and discuss to me.