Sunday, February 20, 2011

မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ရမ်ဆာဆိုက် ဖြစ်သည့် မိုးယွန်းကြီးအင်း၌ လတ်တလောတွင် နိုင်ငံတကာစံနှုန်းများ လျော့နည်းကျဆင်း

မြန်မာနိုင်ငံ၏ တစ်ခုတည်း သော ရမ်ဆာဆိုက်ခေါ် နိုင်ငံတကာ ရေပျော်ငှက်နေရင်းဒေသအဖြစ် အရေးပါသည့် ရေတိမ်ဒေသဟု သတ်မှတ်ထားရာတွင် လက်ရှိအချိန်၌ နိုင်ငံတကာစံနှုန်းများ လျော့နည်းကျဆင်း လျက်ရှိကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာ အရေးပါသော ရေတိမ်ဒေသထိန်း သိမ်းရေးနှင့် ပတ်သက်၍ ရမ်ဆာ အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၀၄ ခုနှစ် နို ၀င်ဘာလတွင်ဝင်ရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ပထမဆုံးသော ရမ် ဆာရေတိမ်ဒေသအဖြစ် မိုးယွန်းကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

"ရမ်ဆာကွန်ဗင်းရှင်းမှာ နိုင်ငံပေါင်း ၁၆၀ ပါဝင်နေပါပြီ။ ရမ်ဆာဆိုက်ပေါင်း ၁၉၁၂ ခုရှိပါတယ်။ ဟက်တာ ၁၈၆ သန်းကို ထိန်းသိမ်းထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာတော့ မိုးယွန်းကြီးအင်းတစ်ခုသာ ရှိပါသေးတယ်"ဟု BirdLife International မှ Mr. Simba Chan က ပြောကြားသည်။

မိုးယွန်းကြီးအင်းသည် ပဲခူး တိုင်းဒေသကြီးအတွင်း တည်ရှိပြီး မြန်မာနိုင်ငံသို့ ဆောင်းခိုငှက်များ လာရောက်ကျက်စားချိန်၌ အဓိက ရောက်ရှိသောနေရာတစ်ခုဖြစ်ပြီး ရေပျော်ငှက်များနှင့်ဇီဝမျိုးစုံ မျိုးကွဲ များစွာကိုလေ့လာတွေ့ရှိနိုင်သည့် နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

မိုးယွန်းကြီးအင်းသည် ၂၀၁၀ ပြည့်နှစ်ကနိုင်ငံတစ်ဝန်းတွင် ရေကန် များ၊ အင်းများ ရေနည်းပါးခန်းခြောက်မှုကို ကြုံတွေ့ရချိန်၌ စံချိန်တင် ရေကျဆင်းမှု ဖြစ်ပေါ်ခဲ့သည်။

ရမ်ဆာဆိုက်တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားနိုင်ရန်အတွက် ရေတိမ်ဒေသတစ်ခုသည် ဇီဝဘူမိ ဆိုင်ရာ အထူးဒေသ၏ ဇီဝမျိုးစုံမျိုး ကွဲအား ထောက်ပံ့ထားရန် အရေးပါ သော အပင်ဦးရေနှင့် သတ္တ၀ါမျိုးစိတ်အား ထောက်ပံ့ထားခြင်း၊ အပင် နှင့် သတ္တ၀ါမျိုးစိတ်အား ယင်းတို့ ဘ၀စက်ဝိုင်း၏ အဆိုးဝါးဆုံးအခြေ အနေတစ်ခုတွင်ထောက်ပံ့ထားခြင်း၊ ရေပျော်ငှက်မျိုးစိတ်တစ်ခု(သို့မဟုတ်) မျိုးစိတ်ငယ်တစ်ခု၏ ကမ္ဘာပေါ်တွင် နောက်ဆုံးကျန်သောအကောင်ရေ ၏အကောင်ဦးရေ ၁ ရာခိုင်နှုန်း ရှိနေခြင်း၊ အကောင်ရေ ၂၀၀၀၀(သို့ မဟုတ်)ထို့ထက်ပိုသောရေပျော်ငှက် များကို ထောက်ပံ့ထားခြင်း၊ ငါးအ စားအစာ၊ ဥပေါက်ရာဒေသ၊ ပေါက်ပွားကြီးပြင်းရာ နေရာနှင့် ရေတိမ်ဒေသအတွင်း(သို့မဟုတ်)မှီခိုရာ မည်သည့်နေရာမဆို ငါးမျိုးများ၏ ပြောင်းရွှေ့သွားလာသည့် လမ်းကြောင်းတစ်ခုအတွက် အရေးပါသော အရင်းအမြစ်ဖြစ်နေခြင်း စသည့်အချက်များနှင့် ထည့်သွင်းစဉ်း စားသည်ဟု သိရှိရသည်။

Source : News-Eleven

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.