Saturday, February 26, 2011

MAI လေကြောင်းလိုင်း၏ ရန်ကုန်မှ ကမ္ဘောဒီးယား နိုင်ငံဒုတိယမြို့တော် ဆီယမ်ရိ ခရီးစဉ်အား ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့မှ စတင် ပြေးဆွဲလျက် ရှိကြောင်း MAI လေကြောင်းလိုင်း၏ Marketing မန်နေဂျာ မအေးမရသာထံမှ သတင်းရရှိပါသည်။

''ရန်ကုန်-ဆီယမ်ရိ ပထမဆုံး ခရီးစဉ်မှာတော့ ခရီးသည်တွေနဲ့အတူ MAI ရဲ့ အေးဂျင့်ခရီးသွား ကုမ္ပဏီတွေ၊ တာဝန်ရှိသူတွေ လိုက်ပါသွားတယ်''ဟု မအေးမရသာ ကဆိုသည်။

ရန်ကုန်-ဆီယမ်ရိ ခရီးစဉ်ကို ဗုဒ္ဓဟူးနှင့် စနေနေ့များတွင် တစ်ပတ်လျှင် နှစ်ရက် ပြေးဆွဲမည် ဖြစ်ကြောင်း၊ ခရီးစဉ်ကို ခရီးသည် ၁၆၀ ဦးဆန့် AirBus A 320 လေယာဉ်ဖြင့် ပြေးဆွဲကာ ရန်ကုန်မှ နံနက် ၉ နာရီတွင် ထွက်ခွာကာ ဆီယမ်ရိသို့ ဒေ သစံတော်ချိန် ၁၁ နာရီ ၁၀ မိနစ်တွင် ရောက်ရှိပြီး ၁၂ နာရီ ၁၀ မိနစ်တွင် ပြန်လည် ထွက်ခွာကာ ၁၃ နာရီ ၁၀ မိနစ်တွင် ရန်ကုန်သို့ ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။

MAI လေကြောင်းလိုင်း၏ ဆီယမ်ရိ-ရန်ကုန် ခရီးစဉ်ဖြင့် ရောက်ရှိလာမည့် ကမ္ဘောဒီးယား နိုင်ငံသားများ အပြင် အခြား မည့်သည့် နိုင်ငံသားမဆို ဆိုက်ရောက်ဗီဇာ ထုတ်ပေးသွားမည် ဖြစ်ကြောင်း ထပ်မံ သိရှိရသည်။

၂၀၁၀ ခုနှစ် မေလ ၁ ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် ဆိုက်ရောက်ဗီဇာ စတင် ထုတ်ပေးခဲ့ပြီး စက်တင်ဘာလ ၁ ရက်နေ့တွင် ခေတ္တ ရပ်နားခဲ့သည်။ နောက်ပိုင်းတွင် မြန်မာသံရုံး မရှိသည့် နိုင်ငံများမှ လာရောက်မည့် ခရီးသွား အဖွဲ့များကို မြန်မာနိုင်ငံရှိ ခရီးသွား ကုမ္ပဏီများမှ တဆင့် ကြိုတင် စာရင်းပေးသွင်းခြင်းဖြင့် ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့ကြောင်း သိရသည်။

Source : news-eleven

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.