Wednesday, March 30, 2011

သင်္ကြန်ကာလ ပြည်တွင်း ပြည်ပ ခရီးသွား များပြား ဟုဆို

သင်္ကြန် ရုံးပိတ်ရက် များ အတွင်း ပြည် တွင်း ပြည်ပ ခရီးသွား လုပ်ငန်း အခြေအနေ မှာ လက်ရှိ အချိန်ထိ ကောင်းမွန် နေပြီး ယခင်နှစ် များ ထက် ခရီးသွား များလာကြောင်း ခရီးသွား အေဂျင်စီ လုပ်ငန်း လုပ်ကိုင်သူများ ထံမှ သိရ သည်။ လက်ရှိ ပြည်ပ ခရီးသွား ဈေးကွက် အခြေအနေ နှင့် ပတ်သက်၍ နယူးမိုးရှင်း ခရီး သွား အေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးက “ဧပြီ ပိတ်ရက် အတွက် ကြိုမှာ ထားတာ တွေက တချို့ ခရီးစဉ် တွေဆို ပြည့်သွားပြီ။ အသွားများ တာ ကတော့ ဘန်ကောက်၊ စင်ကာပူ နဲ့ မလေး ရှား ခရီးစဉ်တွေ အသွား များတယ်။ ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ ခရီးစဉ် တွေဆို ခရီးသည် တွေ ထပ်လိုက်ချင် ပေမယ့် ကျွန်မတို့ သတ်မှတ် ထား တဲ့လူဦးရေ ပြည့်သွားပြီ ဆိုရင်  ဆက် လက်မခံ တော့ဘူး။ ခြုံကြည့်ရင် တော့ ဒီနှစ် ခရီးသွား ရာသီက အရင်နှစ် ခရီးသွား ရာသီထက်  အနည်းဆုံး ငါးရာခိုင်နှုန်း အထက် တိုးလာ တယ်” ဟု ဆိုသည်။

ပြည်ပ ခရီးစဉ် များအတွက် ကုန်ကျ စရိတ် နှုန်းထားများမှာ စင်ကာပူ- မလေးရှား ရှစ်ရက် ခရီးစဉ် အတွက် အမေရိကန် ဒေါ်လာ ၁,၃၅၀၊ ဘန်ကောက် ခြောက်ရက် ခရီးစဉ် အတွက် အမေရိကန်ဒေါ်လာ ၇၀၀၊ ဂျပန် ကိုးရက် ခရီးစဉ် အတွက် အမေရိကန် ဒေါ်လာ ၁,၅၅၀၊ ကိုရီးယား ကိုးရက် ခရီးစဉ် အတွက် အမေရိ ကန် ဒေါ်လာ ၂,၅၀၀၊ ဥရောပ ငါးနိုင်ငံ ၁၄ ရက် ခရီးစဉ် အတွက် အမေရိကန် ဒေါ်လာ ၅,၀၀၀၊ တရုတ်ပြည် ခရီးစဉ် အတွက် အမေရိကန်ဒေါ်လာ ၂,၁၀၀ ကျသင့် ကြောင်း သိရသည်။

သင်္ကြန်ရုံး ပိတ်ရက် များ အတွင်း ပြည်တွင်း ခရီးစဉ် အတွက် ကြိုတင် မှာယူ ထားမှုတွင် တောင် ကြီး ခရီးစဉ် မှာ အများဆုံး ဖြစ်ပြီး ခရီးသွား ဒုတိယ အများဆုံးမှာ မန္တလေး – ရွှေလီ ခရီးစဉ် ဖြစ် ကြောင်း သိရ သည်။ အခြား ပုဂံ – ရွှေစက်တော် ခရီးစဉ်၊ မန္တလေး၊ မင်းကွန်း၊ ပြင်ဦးလွင် ခရီးစဉ်၊ ငွေဆောင် နှင့် ငပလီ ကမ်း ခြေ ခရီးစဉ် များလည်း ယခင်နှစ် များကဲ့သို့ ခရီးသွား ဧည့်သည် များ ကြောင်း ခရီးသွား အေဂျင်စီ များထံမှ သိရ သည်။


Friday, March 18, 2011

အင်းလေးကန်ရေ အရည်အသွေး ကျဆင်းနေသဖြင့် ငါးမျိုးသုန်းမှု အန္တရာယ်နှင့် ရင်ဆိုင်နေရ

အင်းလေးကန်ရေ၏ PHအဆင့်သည် တဖြည်းဖြည်းမြင့် တက်နေသည့်အတွက် ငါးမျိုးသုန်း မှုအတွက် စိုး၇ိမ်နေရကြောင်း ပညာ ရှင်များကဆိုသည်။
ငါးများရှင်သန်ပေါက်ဖွားမှုအ တွက် သင့်လျော်သောရေ၏ PH သည် အဆင့် ၆ဒသမ၅ မှ ၈ဒသမ ၅အတွင်းဖြစ်ရာ အင်းလေးကန်၏ အမြင့်ဆုံး PH သည် ၈ဒသမ၉၂ တွင် ရှိနေသောကြောင့် ငါးမျိုးသုန်း မှုအတွက် စိုးရိမ်ရခြင်းဖြစ်ကြောင်း သိရသည်။ အင်းလေးကန်အတွင်းရှိ ငါးမျိုး စိတ်များ မပ ပျောက်စေရန်အတွက် သက်မဲ့ပတ်ဝန်းကျင်၊ ရေ၊ လေ၊ အပူချိန်နှင့် သက်ရှိပတ်ဝန်းကျင် ရေမှော်၊ ကျွန်းမျောစသည့်ပတ်ဝန်း ကျင်နှစ်ခုအား ကောင်း မွန်သည့် အနေအထားရောက်ရှိရန် ဖန်တီး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အင်းလေးကန်အတွင်း ငါးဖမ်းခွင့် ဧရိယာ ၁၅၆၆၉ဧကနှင့် ငါးမွေးကန် ဧရိယာ ၁၆၆ဒသမ၅၄၆ ဧကရှိပြီး အင်းလေးကန်အတွင်းစီးဝင်သည့် ချောင်း ၄ချောင်းသည် ငါးများနေ ထိုင်ပေါက်ဖွားရန် ကောင်းမွန်သည့် နေရာ များဖြစ်ကြောင်း၊ ယခုအခါ တွင် ငါးမျိုးစိတ်အချို့သည် မျိုးသုန်း ပျောက်ကွယ်လုနီးပါးဖြစ်နေသော ကြောင့် ငါးလုပ်ငန်းဦးစီးဌာနမှ နှစ်စဉ် ငါးမျိုး စိုက်ထည့်ပေးခဲ့ကြောင်း၊ အင်း လေးကန်တွင်း ငါးများ မျိုးသုန်းလာ ခြင်းသည် ရေနှင့်ရေအရည်အသွေး လျော့နည်းလာသည့်အတွက် ငါး များ၏ နေရင်းဒေသများပျောက်ဆုံး ခြင်းဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုင်းကျော်မြင့် ၏စာတမ်းတွင် ဖော်ပြထားသည်။ ထို့အပြင် အင်းလေးကန်ရေ ပြင်တွင် ရေညှိ၊ ရေမှော်၊ ရေမျော ပင်များထူးကဲစွာပေါက်ရောက်သဖြင့် ကန်သည် Eutrophication ဖြစ်စဉ် ပေါ်ပေါက် နေသောကြောင့် နေ့ အချိန်တွင် ရေ၌အောက်ဆီဂျင်များ ပြီး ညအချိန်တွင် အလွန်းနည်းနေ တတ်ကြောင်း၊ ထိုသို့အောက်စီဂျင် ပြောင်းလဲမှုကို ရေသတ္တဝါများက ခံနိုင်ရည်မရှိသဖြင့် ငါးနှင့်ကျောရိုးမဲ့ သတ္တဝါများ သေကျေစေကြောင်း၊ ငါးသေဆုံးမှုများကြောင့် ရေပုပ်နံ့ ထွက်စေသကဲ့သို့ စိမ်းပြာရေညှိမျိုး စိတ်တချို့ ရှင်သန်ပေါက်ဖွားလာပြီး၎င်းတို့မှထွက်ရှိသော အဆိပ်ဓာတ် များသည် ရေတွင်ပိုမိုပျံ့နှံ့လာစေ ကြောင်း၊ အော်ဂင်း နစ် ဒြပ်ပေါင်းများ ရေတွင် ပါဝင်မှုမြင့်မားလာပြီး ကလို ရင်းနှင့် ဓာတ်ပြုကာ ကင်ဆာရော ဂါဖြစ်စေသော ကွန်ပေါင်းများဖြစ် ပေါ်စေကြောင်း၊ အင်း လေး ကန် သည် ရေချိုရေတိမ်ကန်ဖြစ်၍ ရေ ကြည်လင်မှုကောင်းသဖြင့် ရေလွှာ အတွင်း အလင်းဖောက်မှုမြင့်မားပြီး အပူချိန်ခြားနားမှုနည်းပါး၍ ဂေဟ စနစ်ထိခိုက်လွယ်သောကန်အမျိုး အစား ဖြစ်ကြောင်း BANCAမှ ဒေါ်ကြူကြူစိန်၏စာတမ်းတွင် ဖော် ပြထားသည်။ ”ငါးမျိုးစိတ်တွေ အဓိက လျော့ကျတာက သဘာဝပတ်ဝန်းကျင် သက်ရောက်မှု အပေါ်မှာသာမက ရေထုညစ်ညမ်းမှုကိုလည်း ထိန်းချုပ် နိုင်ဖို့လိုပါတယ်။ အင်းလေးဒေသမှာ မသင့်လျော်တဲ့နည်းစနစ်တွေနဲ့ ငါးဖမ်းလုပ်ငန်းလုပ်တဲ့သူတွေကို ဥပဒေအရ အရေးယူတာထက် စည်းရုံးရေးအသွင်နဲ့ ပိုမိုအားထည့် ဆောင်ရွက်သွား ဖို့ လိုအပ်ပါတယ်။ ငါးမျိုးစိတ်တွေ စိုက်ထည့်တဲ့အခါ မှာလည်း ဆလားဗီးယားငါးမျိုးတွေ ထက် ငါးကြင်းငါးမျိုးတွေကို ပိုမို စိုက်ထည့်ပေးသင့်ပါတယ်။ ငါးဖမ်း ခွင့်လိုင်စင်ထုတ်ပေးတဲ့အခါမှာလည်း ရာသီအလိုက်၊ နေရာအလိုက်၊ မျိုး စိတ်အလိုက်တားဆီးတဲ့ အချက်အ လက်တွေထည့်ပေး စေချင်ပါ တယ်” ဟု အင်းလေးကန်ဘေးမဲ့တောမှ အုပ်ချုပ်ရေးမှူးဦးမျိုးနိုင်က အကြံ ပြုပြောသည်။

ရခိုင်တောင်လိပ်များအား ရခိုင်ရိုးမတွင် စခန်းတည်ဆောက်ထိန်းသိမ်းမည်

မျိုးသုဉ်းလုနီးပါးဖြစ်နေသော ရခိုင် တောင်လိပ် (Rakhine Forest Turtle) များကို ဂွမြို့နယ်ရှိ ရခိုင်ရိုးမတွင် စခန်း တည်ဆောက် ထိန်းသိမ်းသွားရန် စီစဉ်လျက်ရှိကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ မြန်မာနိုင်ငံအစီအစဉ် (WCS Myanmar) မှ လိပ်ထိန်းသိမ်း ရေးဆိုင်ရာ လုပ်ငန်းစီစဉ် ညှိနှိုင်းမှုတာဝန်ခံ ဦးဝင်းကိုကိုက လွန်ခဲ့သောသီတင်းပတ်က ပြောသည်။

"ဒီလိပ်ရဲ့ ကျက်စားရှင်သန်နိုင်တဲ့ နေရာက မြန်မာနိုင်ငံမှာဆိုရင် ရခိုင်ရိုးမမှာပဲ ရှိတယ်။ ဒီလိပ်တွေကလည်း ကောင်ရေ လျော့လာတဲ့ အတွက်ကြောင့် ရခိုင်ရိုးမထဲမှာ စခန်းဆောက် ပြီးမွေးဖို့ စီစဉ်တာပါ။ တခြားဒေသတွေမှာ မွေးဖူးပေမယ့်မပေါက်ဘူး။ ဒါ ကြောင့် သူ့ဒေသလေးမှာပဲမွေးဖို့ ဆောင်ရွက်တာပါ"ဟု ၎င်းကပြောသည်။ 

အဆိုပါစခန်း တည်ဆောက်မှုကို ကမ္ဘာတစ်ဝန်းတွင်လိပ်များအား ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လိပ်များရှင်သန်ရေး မဟာမိတ်အဖွဲ့ (Turtle Survival Alliance) က ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

"လိပ်မွေးကန် တည်ဆောက်ဖို့ အတွက် စီစဉ်နေပါတယ်။ ဒီစခန်းမှာ ရခိုင်တောင်လိပ်ကောင်ရေ ၂၀ လောက် စတင်ထိန်းသိမ်း မွေးမြူသွားမှာပါ" ဟု ၎င်းက ပြောသည်။ 

ရခိုင်တောင်လိပ် အပါအ၀င် ကြယ် လိပ်၊ စင်းချောလိပ်၊ လေးကွက်လိပ်၊ စင်းကျားလိပ်၊ တိုက်လိပ်၊ ဆောက်လိပ် တို့သည် မျိုးသုဉ်း ပျောက်ကွယ်ရန် အခြေအနေကို ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံ၏ ဒေသမျိုးရင်းလိပ်များ ဖြစ်သည်။

"ကြယ်လိပ်ဆိုရင်လွန်ခဲ့တဲ့ ၁၀ နှစ် လောက်က သူကျက်စားရာဒေသဖြစ်တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ မတွေ့ရသ လောက်ကို လျော့နည်း သွားခဲ့တယ်။ ဒါကြောင့် သစ်တောဦးစီး ဌာနနဲ့ သားငှက်ထိန်းသိမ်းရေးအဖွဲ့တွေ ပူးပေါင်းပြီး လောကနန္ဒာ ဘေးမဲ့ ဥယျာဉ်၊ ရွှေစက်တော် ဘေးမဲ့ဥယျာဉ်၊ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်တွေမှာ ခြံလှောင်မွေးစနစ်နဲ့ ထိန်းသိမ်းစောင့် ရှောက်ရေး လုပ်ငန်းတွေ လုပ်ခဲ့တာကြောင့် အခုဆိုရင် အကောင် ၁,၀၀၀ လောက် စောင့်ရှောက်ထားနိုင်ပြီ"ဟု ၎င်းက ပြောသည်။
လိပ်ခွံတွင် ဆန်းကြယ်သောအ၀ါ ရောင်အစင်းအကွက်များ ပါရှိသည့် ကြယ်လိပ်များအား အလှမွေး တိရစ္ဆာန်အဖြစ် ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချမှုများ ရှိနေကြောင်း သိရသည်။

"ဇီဝမျိုးစုံမျိုးကွဲတွေ ပျောက်ကွယ်ရတဲ့ အကြောင်းရင်းတွေမှာ လူတွေရဲ့ အပြုအမူတွေက အဓိကပါဝင်ပါတယ်။ မြစ်ချောင်းတွေမှာ ငါးမိုင်းခွဲတာ၊ ဒိုင်နမိုရှော့ရိုက်ပြီး ငါးဖမ်းတာလိုမျိုး အပြုအမူတွေကြောင့် လိပ်အပါအ၀င် တခြားရေသတ္တ၀ါတွေ အများအပြား သေ ကျေပျက်စီးကြရတယ်"ဟု အထက် ချင်းတွင်းဒေသ တိုက်လိပ်ထိန်းသိမ်း စောင့်ရှောက်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသည့် ဦးကျော်မိုးက ပြောသည်။ 

"ငါးဖမ်းတာ၊ ရွှေတူးတာ၊ မြစ်သဲစုပ်တာ၊ စိုက်ပျိုးရေးလုပ်ငန်းတွေ တိုးချဲ့ လုပ်ကိုင်လာတာတွေကြောင့်လိပ်တွေရဲ့ ကျက်စားရာ ဒေသတွေ ပျက်စီးလာရတာ၊ လိပ်နဲ့ လိပ်ဥတွေကို ဖမ်းဆီးစား သောက်တာတွေကလည်း လိပ်ကောင်ရေ ကျဆင်းစေတဲ့ အကြောင်း ရင်းတွေပါပဲ"ဟု ဦးဝင်းကိုကိုက ပြောသည်။

သုတေသန ဆောင်ရွက်ချက်များအရ လိပ်များသည် လူတို့မှီခိုနေသည့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ ညီညွတ်မျှတရေး အတွက် များစွာ အထောက်အကူပြုနေသည်ကိုလည်း WCS Myanmar မှ သုတေသနဆောင် ရွက်သူတစ်ဦးဖြစ်သူ ဒေါ်ခင်မျိုးမျိုးက ပြောသည်။

"ကုန်းလိပ်ဆိုရင်လည်းကုန်းပေါ်မှာ ရှိတဲ့အပင်တွေ၊ အစေ့တွေကိုစားပြီး မစင်စွန့်ကြတဲ့အခါ အဲဒီအစေ့တွေကနေ ပြန်ပြီးအပင်ပေါက် တာမျိုးတွေ ရှိတာကို သုတေသနပြုလုပ်တွေ့ရှိထားပါတယ်။ လူတွေစိုက်စရာမလိုဘဲ ဒေသ သဘာဝ ပေါက်ပင်တွေကို ထိန်းသိမ်း ထားနိုင်စေပြီး လူတွေကို တစ်ဖက်တစ်လမ်း အကျိုးပြုနေတာပါ။ ရေလိပ်ဆိုရင်လည်း ရေထဲမှာရှိတဲ့ ရေညှိရေ မှော်တွေကို စားသုံးတဲ့ အတွက် ရေပြင် သန့်ရှင်းရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်"ဟု ၎င်းက ပြောသည်။ 

တိုက်လိပ်နှင့်ကြယ်လိပ်များသည် ကမ္ဘာ့ရှားပါးလိပ်မျိုးစိတ် ၂၅ မျိုးတွင် ပါဝင်သည့် မြန်မာ့မျိုးရင်း လိပ်များဖြစ်သည်။ ၂၀၀၄ ခုနှစ်မှ စတင်ခါ သစ်တော ဦးစီးဌာနအောက်ရှိ ထမံသီဘေးမဲ့ တောနှင့် WCS Myanmar တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော အထက် ချင်းတွင်းဒေသ တိုက်လိပ်ထိန်းသိမ်း ရေးလုပ်ငန်းများကိုလည်း ယခုနှစ်တွင် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

"ဒီအထက်ချင်းတွင်းဒေသ ခန္တီး တစ်ဝိုက်မှာသာ တိုက်လိပ်တွေမရှိတော့ရင် မြန်မာနိုင်ငံမှာ တိုက်လိပ်တွေမရှိတော့ဘူးလို့ဆိုရမယ့် အခြေအနေပါပဲ။ ၂၀၀၄ ခုနှစ်မှာ ဥဥတဲ့အခြေ အနေပေါ်ကြည့်ပြီး အဲဒီဒေသမှာ လိပ် အမကောင်ရေ ၁၀ ကောင်လောက်ရှိ မယ်လို့ ခန့်မှန်းရပါတယ်။ ထိန်းသိမ်းစောင့်ရှောက်မှုကြောင့် လက်ရှိမှာတော့ အထက်ချင်းတွင်းဒေသမှာ တိုက်လိပ် ကောင်ရေ ၃၆၇ ကောင်၊ ခြံလှောင်မွေး စနစ်နဲ့ ဆောင်ရွက်နေတဲ့ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်မှာ ၃၃ ကောင် လောက်အထိ တိုးပွားလာပါပြီ"ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ရေချိုနေလိပ်နှင့် ကုန်းလိပ်မျိုးစိတ် ၂၈ မျိုးနှင့် ရေငန်လိပ် မျိုးစိတ် ငါးမျိုးရှိသည်။ 

Source : Myamar Times

Tuesday, March 01, 2011

Miss Tourism 2011 ရွေးချယ်ပွဲ ပြုလုပ်မည်

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း၏ Tourism Ambassador ရွေးချယ်သွားမည့် Miss Tourism 2011 ပြိုင်ပွဲကို လာမည့် မတ်လအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း မှ သတင်းရရှိပါသည်။ 

  ဒုတိယအကြိမ်မြောက် Miss Tourism 2011 နှင့် ပျော်ပွဲရွှင်ပွဲ ဈေးရောင်းပွဲတော်ကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း(UMTA) မှကြီးမှူး၍ Myanmar Tourism Services ခရီးသွားလုပ်ငန်းမှ Event Organizer  အဖြစ် တာဝန်ယူဆောင် ရွက်ကာ ၂၀၁၁ ခုနှစ် မတ်လ ၁၉ ရက်(တပေါင်းလပြည့်နေ့)တွင် ရန်ကုန်မြို့ရှိ Strand Hotel ၌ ပြုလုပ်သွားမည် ဖြစ်သည်ဟု သိရှိရသည်။

   ပျော်ပွဲရွှင်ပွဲ ဈေးရောင်းပွဲတော် ကို ယင်းနေ့ ညနေ ၃ နာရီမှစတင် မည်ဖြစ်ကာ Miss Tourism 2011ရွေးချယ်ပွဲကို ညနေ ၆ နာရီမှ ည ၁၀ နာရီအတွင်း ပြုလုပ်သွားမည် ဖြစ်ပြီး မည်သူမဆို လာရောက် ကြည့်ရှုနိုင်ကြောင်း ဖိတ်ခေါ်ထားသည်။
    Miss Tourism 2011 ပြိုင်ပွဲဝင်လိုသူများ အနေဖြင့် စိတ်ကြိုက်ဝတ်စုံတစ်စုံနှင့် မြန်မာနိုင်ငံတွင်းရှိ ဒေသတစ်ခုခု၏ ရိုးရာကို ကိုယ်စားပြုလျက် ဆန်းသစ်တီထွင်ထားသည့် ၀တ်စုံတစ်စုံ စုစုပေါင်း ၀တ်စုံနှစ်စုံနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

    ပြိုင်ပွဲသည် အခြားသောပြိုင် ပွဲများ၏ ရွေးချယ်ပုံနှင့် မတူညီဘဲ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ မည်မျှ ဗဟုသုတရှိသည်၊ ခရီးသွား လုပ်ငန်းအပေါ် မည်မျှစိတ်ဝင်စား သည်ဆိုသည်တို့နှင့် ရွေးချယ်မည် ဖြစ်ကြောင်း၊ မော်ဒယ်လ်အတွေ့အကြုံ မရှိသူများလည်း ၀င်ရောက်ယှဉ် ပြိုင်နိုင်ကြောင်း သိရှိရသည်။

    ပြည်တွင်းပြည်ပ ခရီးသွား လုပ်ငန်းများ မြှင့်တင်ရန်နှင့် UMTA အား ပိုမိုသိရှိလာစေရန်စသည့် ရည် ရွယ်ချက်များနှင့် ပြုလုပ်သော Miss Tourism ရွေးချယ်ပွဲကို ၂၀၁၀ ပြည့်နှစ်က စတင်ပြုလုပ်ခဲ့ပြီး Miss Tourism 2010 ဆုကို မော်ဒယ်လ် ဂျူးဂျူးကေ က ရရှိခဲ့သည်။
 
Source : News-Eleven