Wednesday, March 30, 2011

သင်္ကြန်ကာလ ပြည်တွင်း ပြည်ပ ခရီးသွား များပြား ဟုဆို

သင်္ကြန် ရုံးပိတ်ရက် များ အတွင်း ပြည် တွင်း ပြည်ပ ခရီးသွား လုပ်ငန်း အခြေအနေ မှာ လက်ရှိ အချိန်ထိ ကောင်းမွန် နေပြီး ယခင်နှစ် များ ထက် ခရီးသွား များလာကြောင်း ခရီးသွား အေဂျင်စီ လုပ်ငန်း လုပ်ကိုင်သူများ ထံမှ သိရ သည်။ လက်ရှိ ပြည်ပ ခရီးသွား ဈေးကွက် အခြေအနေ နှင့် ပတ်သက်၍ နယူးမိုးရှင်း ခရီး သွား အေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးက “ဧပြီ ပိတ်ရက် အတွက် ကြိုမှာ ထားတာ တွေက တချို့ ခရီးစဉ် တွေဆို ပြည့်သွားပြီ။ အသွားများ တာ ကတော့ ဘန်ကောက်၊ စင်ကာပူ နဲ့ မလေး ရှား ခရီးစဉ်တွေ အသွား များတယ်။ ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ ခရီးစဉ် တွေဆို ခရီးသည် တွေ ထပ်လိုက်ချင် ပေမယ့် ကျွန်မတို့ သတ်မှတ် ထား တဲ့လူဦးရေ ပြည့်သွားပြီ ဆိုရင်  ဆက် လက်မခံ တော့ဘူး။ ခြုံကြည့်ရင် တော့ ဒီနှစ် ခရီးသွား ရာသီက အရင်နှစ် ခရီးသွား ရာသီထက်  အနည်းဆုံး ငါးရာခိုင်နှုန်း အထက် တိုးလာ တယ်” ဟု ဆိုသည်။

ပြည်ပ ခရီးစဉ် များအတွက် ကုန်ကျ စရိတ် နှုန်းထားများမှာ စင်ကာပူ- မလေးရှား ရှစ်ရက် ခရီးစဉ် အတွက် အမေရိကန် ဒေါ်လာ ၁,၃၅၀၊ ဘန်ကောက် ခြောက်ရက် ခရီးစဉ် အတွက် အမေရိကန်ဒေါ်လာ ၇၀၀၊ ဂျပန် ကိုးရက် ခရီးစဉ် အတွက် အမေရိကန် ဒေါ်လာ ၁,၅၅၀၊ ကိုရီးယား ကိုးရက် ခရီးစဉ် အတွက် အမေရိ ကန် ဒေါ်လာ ၂,၅၀၀၊ ဥရောပ ငါးနိုင်ငံ ၁၄ ရက် ခရီးစဉ် အတွက် အမေရိကန် ဒေါ်လာ ၅,၀၀၀၊ တရုတ်ပြည် ခရီးစဉ် အတွက် အမေရိကန်ဒေါ်လာ ၂,၁၀၀ ကျသင့် ကြောင်း သိရသည်။

သင်္ကြန်ရုံး ပိတ်ရက် များ အတွင်း ပြည်တွင်း ခရီးစဉ် အတွက် ကြိုတင် မှာယူ ထားမှုတွင် တောင် ကြီး ခရီးစဉ် မှာ အများဆုံး ဖြစ်ပြီး ခရီးသွား ဒုတိယ အများဆုံးမှာ မန္တလေး – ရွှေလီ ခရီးစဉ် ဖြစ် ကြောင်း သိရ သည်။ အခြား ပုဂံ – ရွှေစက်တော် ခရီးစဉ်၊ မန္တလေး၊ မင်းကွန်း၊ ပြင်ဦးလွင် ခရီးစဉ်၊ ငွေဆောင် နှင့် ငပလီ ကမ်း ခြေ ခရီးစဉ် များလည်း ယခင်နှစ် များကဲ့သို့ ခရီးသွား ဧည့်သည် များ ကြောင်း ခရီးသွား အေဂျင်စီ များထံမှ သိရ သည်။


No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.