Tuesday, March 01, 2011

Miss Tourism 2011 ရွေးချယ်ပွဲ ပြုလုပ်မည်

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း၏ Tourism Ambassador ရွေးချယ်သွားမည့် Miss Tourism 2011 ပြိုင်ပွဲကို လာမည့် မတ်လအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း မှ သတင်းရရှိပါသည်။ 

  ဒုတိယအကြိမ်မြောက် Miss Tourism 2011 နှင့် ပျော်ပွဲရွှင်ပွဲ ဈေးရောင်းပွဲတော်ကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း(UMTA) မှကြီးမှူး၍ Myanmar Tourism Services ခရီးသွားလုပ်ငန်းမှ Event Organizer  အဖြစ် တာဝန်ယူဆောင် ရွက်ကာ ၂၀၁၁ ခုနှစ် မတ်လ ၁၉ ရက်(တပေါင်းလပြည့်နေ့)တွင် ရန်ကုန်မြို့ရှိ Strand Hotel ၌ ပြုလုပ်သွားမည် ဖြစ်သည်ဟု သိရှိရသည်။

   ပျော်ပွဲရွှင်ပွဲ ဈေးရောင်းပွဲတော် ကို ယင်းနေ့ ညနေ ၃ နာရီမှစတင် မည်ဖြစ်ကာ Miss Tourism 2011ရွေးချယ်ပွဲကို ညနေ ၆ နာရီမှ ည ၁၀ နာရီအတွင်း ပြုလုပ်သွားမည် ဖြစ်ပြီး မည်သူမဆို လာရောက် ကြည့်ရှုနိုင်ကြောင်း ဖိတ်ခေါ်ထားသည်။
    Miss Tourism 2011 ပြိုင်ပွဲဝင်လိုသူများ အနေဖြင့် စိတ်ကြိုက်ဝတ်စုံတစ်စုံနှင့် မြန်မာနိုင်ငံတွင်းရှိ ဒေသတစ်ခုခု၏ ရိုးရာကို ကိုယ်စားပြုလျက် ဆန်းသစ်တီထွင်ထားသည့် ၀တ်စုံတစ်စုံ စုစုပေါင်း ၀တ်စုံနှစ်စုံနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

    ပြိုင်ပွဲသည် အခြားသောပြိုင် ပွဲများ၏ ရွေးချယ်ပုံနှင့် မတူညီဘဲ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ မည်မျှ ဗဟုသုတရှိသည်၊ ခရီးသွား လုပ်ငန်းအပေါ် မည်မျှစိတ်ဝင်စား သည်ဆိုသည်တို့နှင့် ရွေးချယ်မည် ဖြစ်ကြောင်း၊ မော်ဒယ်လ်အတွေ့အကြုံ မရှိသူများလည်း ၀င်ရောက်ယှဉ် ပြိုင်နိုင်ကြောင်း သိရှိရသည်။

    ပြည်တွင်းပြည်ပ ခရီးသွား လုပ်ငန်းများ မြှင့်တင်ရန်နှင့် UMTA အား ပိုမိုသိရှိလာစေရန်စသည့် ရည် ရွယ်ချက်များနှင့် ပြုလုပ်သော Miss Tourism ရွေးချယ်ပွဲကို ၂၀၁၀ ပြည့်နှစ်က စတင်ပြုလုပ်ခဲ့ပြီး Miss Tourism 2010 ဆုကို မော်ဒယ်လ် ဂျူးဂျူးကေ က ရရှိခဲ့သည်။
 
Source : News-Eleven

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.