Monday, May 02, 2011

အချိန်မှန် သည့် လေကြောင်းလိုင်း အဖြစ် မြန်မာ့ လေကြောင်းကို ရွေးချယ် သတ်မှတ်

အိန္ဒိယနိုင်ငံ အခြေစိုက် PTI သတင်း ဌာန၏ ထုတ်ပြန် ကြေညာချက် များအရ အိန္ဒိယ နိုင်ငံ တွင် ပျံသန်း လျက် ရှိသည့် လေ ကြောင်း လိုင်း ၅၁ ခု၏ ၀န်ဆောင်မှု ဆန်း စစ်ချက် မှတ်တမ်း ကို စာရင်း ကောက်ယူ ခဲ့ ရာတွင် မြန်မာ့ လေကြောင်း ကို အချိန်မှန် သည့် လေကြောင်း လိုင်း အဖြစ် ရွေးချယ် သတ်မှတ် ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်တမ်း ကောက်ယူမှုတွင် ပါဝင်သည့် ပြည်ပ လေကြောင်း လိုင်း ၅၁ ခု အနက် အချိန်မှန် ထွက်ခွာမှု၌ ရာခိုင်နှုန်း ၁၀၀ ဖြင့် အမှတ်ပြည့် ရရှိသည့် လေကြောင်း လိုင်း နှစ်ခု သာရှိပြီး China Southern လေ ကြောင်းလိုင်း နှင့် မြန်မာ့ လေကြောင်းလိုင်း တို့ ဖြစ်ကြောင်း၊ ထိုလေကြောင်း လိုင်းနှစ်ခု ၏ နောက်တွင် အမေရိကန် လေကြောင်း က ဆန္ဒမဲ ၉၆ ဒသမ ၈ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ ကာတာ လေကြောင်းက ဆန္ဒမဲ ၉၆ ဒသမ ၄ ရာခိုင် နှုန်းဖြင့် တတိယ၊ ပင်လယ် ကွေ့ လေကြောင်း (Gulf Air)က ဆန္ဒမဲ ၉၆ ဒသမ ၁ ရာခိုင်နှုန်းဖြင့် စတုတ္ထ နေရာမှ ရပ် တည် လျက်ရှိသည်။

တစ်ချိန်တည်း မှာပင် မြန်မာ့လေ ကြောင်းသည် အချိန်မှန် ရောက်ရှိသည့် လေကြောင်း လိုင်းများ စာရင်းတွင်လည်း အီဂျစ် လေကြောင်း၊ တောင်အာဖရိက လေ ကြောင်း၊ တာမင်နစ် စတန် လေကြောင်း လိုင်းများနှင့် အတူ ရာခိုင်နှုန်း ၁၀၀ အမှတ် ပြည့် ရရှိခဲ့ကြောင်း၊ စင်ကာပူ လေကြောင်း လိုင်းမှာမူ perfect 10 စာရင်းနှင့် လွဲချော် ခဲ့ရကြောင်း သိရသည်။

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.