Thursday, May 26, 2011

ကျိုက်ထီးရိုး ဆံတော်ရှင် စေတီတော် မိုးရာသီပါ ဖူးမြော်နိုင်တော့မည်

ယခင်က ကျိုက်ထီးရိုး ဆံတော် ရှင် စေတီတော် သို့ သွားရောက် ရာ တောင်တက် လမ်းအား နှစ်စဉ် နှစ် တိုင်း မိုးရာသီ အချိန် ကာလသို့ ရောက် ရှိချိန် လမ်းပိတ် ထားခဲ့ သော်လည်း ယခုနှစ် မိုးရာသီ အချိန် ကာလမှစ၍ စတင် ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း ကျိုက်ထီးရိုး ဆံတော်ရှင် ဂေါပကအဖွဲ့မှ ဦးနေထက်သိန်းနိုင်က ပြောကြား သည်။

“အရင်တုန်းက ကျိုက်ထီးရိုး စေတီတော် တောင်တက်လမ်း ကို နှစ်စဉ် မိုးရာသီ အချိန်ကာလ ကို ရောက်တိုင်း ပိတ်ထား ပါတယ်။ အရင်တုန်းက တောင်တက်တဲ့ တော လမ်းက မိုးရာသီ ချိန်ဆိုရင် သဘာဝ အန္တရာယ် တွေ ရှိနိုင်လို့ပါ။ အခု ၂၀၁၁ ခုနှစ်ရဲ့ မိုးရာသီ ကာလ ကနေ စပြီး တောင်တက် ကားလမ်း ကို အ များ ပြည်သူတွေ ဘုရားဖူး သွားလာ နိုင်အောင် စတင် ဖွင့်လှစ် ပါတော့ မယ်။ တောင်တက် ကားတွေကို လည်း ပုံမှန် အတိုင်း ပြေးဆွဲ ပေးပါမယ်။ ရိုး ရိုးလေး တောင်တက် ယာဉ်လိုင်းနဲ့ မော်လမြိုင် မထသ က ကားတွေ အား လုံး ဒီနှစ် မိုးရာသီ ကစပြီး ကျိုက်ထီး ရိုးဆံ တော်ရှင် ရင်ပြင်တော်ပေါ် အထိ တိုက်ရိုက် ပြေးဆွဲ ပေးသွားမှာပါ။ နောက်ထပ် လမ်းခွဲသစ် တစ်ခုကလည်း ပြီးသလောက် နီးပါး ရှိနေပါပြီ။ ဒီလမ်း ခွဲသစ် က မြစိမ်းတောင် ဘုရားကိုပါ သွားရောက် ဖူးမြော် နိုင်ပါတယ်။ ဒီ လမ်းခွဲသစ် ကိုတော့ အခုနှစ် ထဲမှာပဲ မကြာခင် ရောက်လာတော့ မယ့် ဘုရား ဖူး ရာသီ ကာလမှာ စတင် ဖွင့်လှစ် ပေး ဖို့ သက်ဆိုင်ရာ က လူကြီး တွေအား လုံး စီစဉ် နေပါပြီ” ဟုဆိုသည်။

၎င်း အပြင် ယခင်က ကျိုက်ထို ဟော်တယ် တစ်ခုတည်း တွင်သာ အင် တာနက် အသုံးပြု နိုင်ခဲ့သော်လည်း ယခုအခါ ကျိုက်ထီးရိုး ဆံတော်ရှင် ရင်ပြင်တော် ပေါ်ရှိ ရိုးရိုးလေး အဆင့် မြင့် ဟော်တယ်နှင့် အဆင့်မြင့် တည်း ခိုခန်းများ တွင်ပါ အခမဲ့ အင်တာနက် စနစ် အသုံးပြု နိုင်ပြီဖြစ်ကြောင်း၊ ရင် ပြင်တော် ပေါ်ရှိ ရိုးရိုးလေး အဆင့်မြင့် ဟော်တယ်များတွင်လည်း Sky Net (MPS) စနစ် တပ်ဆင်ပြီးပြီ ဖြစ် ကြောင်း၊ နှစ်စဉ် မိုးရာသီ အချိန်ကာလ ၌ အများဆုံး လာရောက်ကြသည့် နိုင်ငံခြားသား ဧည့်သည်များမှာ ထိုင်း လူမျိုး များ အများဆုံးဖြစ်၍ လူအ ယောက် ၂,၅၀၀ နှင့် ၃,၀၀၀ ကြား တွင်ရှိကြောင်း၊ ယခင်က ကျိုက်ထီး ရိုးတောင် ပေါ်တွင် ဆက်သွယ်ရေး ပိုင်းများ အလွန် ခက်ခဲ ခဲ့သော်လည်း ယခုအခါ ရင်ပြင်တော် ပေါ်၌ Sky Net (MPS)  ရွေ့လျားစနစ် တပ်ဆင် ထားသောကြောင့် ဆက်သွယ်ရေး ပိုင်း များပါ အလွယ်တကူ ပြောဆို နိုင်ပြီ ဖြစ်ကြောင်း ဆက်လက် ရှင်းပြသည်။

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.