Monday, May 16, 2011

မြန်မာ အပါအ၀င် အာဆီယံ နိုင်ငံများ၌ Ecotourism မြှင့်တင်ရန် အိန္ဒိယ ကူညီမည်

မြန်မာ အပါအ၀င် အာဆီယံ နိုင်ငံများ၌ ecotourism မြှင့်တင်ခြင်းဖြင့် ခရီးသွား လုပ်ငန်းမှ ၀င်ငွေ ရရှိမှု မြင့်တက်ရန် အိန္ဒိယ နိုင်ငံ က ကူညီမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်အရ ecotourism မြှင့်တင် ရာ တွင် အာဆီယံ ဒေသ အတွင်းရှိ ဖွံ့ဖြိုးဆဲ နိုင်ငံ တစ်ခုဖြစ်သည့် မြန်မာ နိုင်ငံ အတွက် အဓိက ကူညီ ထောက်ပံ့ မည်ဖြစ်ပြီး ရှေး ဟောင်း သုတေသန sites များနှင့် သမိုင်းဝင် သာသနိက အဆောက် အအုံများ၊ ရှေး ဟောင်း အဆောက်အအုံ များ ထိန်းသိမ်းရေး နှင့် ပြုပြင် မွမ်းမံ တည်ဆောက်ရေး လုပ်ငန်းများ တွင် အိန္ဒိယ နိုင်ငံက အဓိက ကူညီမည် ဖြစ်ကြောင်း သိရသည်။

ecotourism မြှင့်တင် ခြင်းဖြင့် မြန်မာနိုင်ငံ ၏ ခရီးသွား လုပ်ငန်း ပိုမို ကောင်းမွန် လာပြီး နိုင်ငံခြားသား ခရီးသည် ၀င်ရောက်မှု သိသိသာသာ မြင့်တက် လာမည်ဖြစ်သည်။ ထို့ပြင် အိန္ဒိယ နိုင်ငံ သည် မြန်မာနိုင်ငံ ၏ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း အလေးထား ကူညီမည် ဖြစ်ကြောင်း သိရသည်။ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ စလုံးရှိ မြစ်များ အတွင်း နေထိုင်သော ရေနေ သတ္တ၀ါများ ထိန်းသိမ်းရေး ကိုလည်း အိန္ဒိယ အစိုးရက ကူညီ မည်ဖြစ်သည်။ ပုဂံ- ညောင်ဦး ဒေသရှိ အာနန္ဒာ ဘုရားပြုပြင် ထိန်းသိမ်းမှု အတွက် အိန္ဒိယ နိုင်ငံက ကူညီမည့် အစီအစဉ်ကို လည်း မကြာ သေးမီက လက်မှတ် ရေးထိုး ခဲ့သည်။

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.