Sunday, July 17, 2011

မိုးလယ်ကာလ ရောက်ရှိသော်လည်း အင်းလေးဒေသသို့ နိုင်ငံခြားသား ဧည့်သည် လာရောက်မှု ယခင်နှစ်ထက် ပိုမို

မိုးလယ်ကာလ ရောက်ပြီး ဖြစ်သော်လည်း ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသသို့ နိုင်ငံခြားသားဧည့်သည် လာရောက်မှုမှာ ယခင်နှစ်ထက် ပိုမိုနေဆဲ ဖြစ်ကြောင်း ဒေသခံ ဟိုတယ် လုပ်ငန်းရှင်များထံမှ သိရသည်။

''မိုးလယ်ကာလ ရောက်ပြီ ဆိုပေမယ့် ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည် အသွားအလာ မပျက်ပါဘူး။ မိုးတွင်း သုံးလလောက်တော့ နည်းနည်း လျော့သွားတာပေါ့။ အရင်နှစ်ထက်စာရင် ဒီနှစ်မှာ ပိုလာပါသေးတယ်။ ညောင်ရွှေမြို့ပေါ်နဲ့ အင်းလေး ဖောင်တော်ဦး ဘုရား၊ နန်းပန် အလိုတော်ပေါက်၊ အင်းတိမ် စတဲ့ အင်းလေးဒေသ ကျေးရွာတွေမှာ ၀ါဝင်ခါနီးနဲ့ ၀ါတွင်းကာလတွေမှာ ကျင်းပ ပြုလုပ်တတ်တဲ့ သံဃာအပါး သုံးထောင်၊ လေးထောင်လောက် ရှိတဲ့ အင်းလေးရိုးရာ စာပြန်ပွဲ၊ ၀ါဆိုသင်္ကန်း ကပ်လှူပွဲ၊ ဆွမ်းလောင်းပွဲ၊ ပဋ္ဌာန်းပူဇော်ပွဲ၊ စာရေးတံပွဲတွေကိုလည်း နိုင်ငံခြားသားတွေ စိတ်ဝင်စားတာ တွေ့ရတယ်''ဟု ဘုရားဂေါပက တစ်ဦးက ပြောကြားခဲ့သည်။

ယခင်နှစ် ဇွန်လတွင် နိုင်ငံခြားသား ဧည့်သည် ၁၀၅၆ ဦး လာရောက်ခဲ့ပြီး ယခုနှစ် ဇွန်လတွင် နိုင်ငံခြားသား ဧည့်သည် ၁၂၂၆ ဦး လာရောက်ခဲ့ကြောင်း ဟိုတယ်/ခရီး တာဝန်ရှိသူများထံမှ သိရှိရသည်။

Source : News-Eleven

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.