Saturday, July 09, 2011

လေဆိပ်ခွန် တစ်နှစ်အတွင်း နှစ်ကြိမ် တိုးမြှင့် ကောက်ခံ

ယခုလအတွင်း တိုးမြှင့်ကောက် ခံမည့် လေဆိပ်ခွန် ပေးဆောင်ရမှုမှာ တစ်နှစ်အတွင်း နှစ်ကြိမ်မြောက် အဖြစ် တိုးမြှင့် ကောက်ခံခြင်းဖြစ်ကြောင်း လေကြောင်းလိုင်း အသိုင်းအ၀ိုင်းက ပြောသည်။

ယခင်က လေဆိပ်ခွန်အား မြန်မာကျပ်ငွေ ၃,၀၀၀ သာ ကောက်ခံလျက်ရှိရာမှ ယခုလ ၁ရက်မှ စတင်၍ အမေရိကန် ဒေါ်လာ ၁၀ ဒေါ်လာသို့ တိုးမြှင့် လိုက်ပြီး၊ အဆိုပါ airport tax  အား လေယာဉ် လက်မှတ်များတွင် တစ်ပါတည်း ပေးဆောင်ရမည်ဖြစ် သည်။

“လေယာဉ်လက်မှတ်မှာ M.M ဆိုတဲ့တံဆိပ်ပါတယ်။ အဲဒါဆိုရင် Air Port Tax ဆောင်ပြီးသားပေါ့။ ဒါပေမယ့် ဒီကနေ ၂၄နာရီ အတွင်း ထွက်ခွာရမယ့် ခရီးသည်ရယ်။ နှစ်နှစ်အောက် ကလေးတွေဆိုရင်တော့ မဆောင်ရဘူး”ဟု ခရီးသွားလုပ်ငန်း ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းအပြင် ရာသီဥတု အခြေအနေကြောင့် ဆိုက်ရောက်လာ သည့် ခရီးသည်များလည်း ပေး ဆောင်ရန် မလို အပ်ကြောင်း သိရ သည်။

အဆိုပါ လေဆိပ်ခွန် တိုးမြှင့်ကာက်ခံမည်ဆိုသည့် သတင်းမှာ မေလဆန်းပိုင်းက ထွက်ရှိခဲ့သော်လည်း လေယာဉ် လက်မှတ်တွင် တစ်ပါတည်း ကောက်ခံမည့် အစီအစဉ်အား ဖော်ဆောင်ရာတွင် လေကြောင်းလိုင်းများနှင့် ညှိနှိုင်းဆာင်ရွက်ရခြင်းကြောင့် ယခုမှသာ အကောင်အထည် ဖော်  ဆောင်ရွက် နိုင်ခြင်းဖြစ်သည်။

“ကြီးကြီးမားမား သက်ရောက် မှုတော့ မရှိဘူး။ လေယာဉ်လက်မှတ်ခ မှာ တစ်ခါတည်း ပေးရတာဆိုတော့ အလုပ်သွား လုပ်တဲ့သူအတွက်က တစ်သောင်း နီးပါးလောက် ပိုကုန်တယ်”ဟု ပြည်ပ အလုပ်အကိုင် အေ ဂျင်စီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။  ၂၀၁၀ခုနှစ် ဇူလိုင်လ ၁ရက်နေ့တွင် မြန်မာနိုင်ငံသား များ၏ airport tax နှုန်းထား ကိုငွေကျပ် ၅၀၀ မှ ၃,၀၀၀ ကျပ်သို့ တိုးမြှင့်ခဲ့ပြီး ၂၀၁၁ခုနှစ် ဇူလိုင် ၁ရက်နေ့ တွင် အမေရိကန်ဒေါ် လာ ၁၀ ဒေါ်လာသို့ တိုးမြှင့် ကောက်ခံခြင်းဖြစ်သည်။

ယင်းအပြင် ပြည်တွင်းလေကြာင်းခရီးစဉ်များတွင် လိုက်ပါစီးနင်းမည့် ခရီးသည်များအတွက် လည်း ပေးဆောင်ရမည့် ခရီးသည်ဝန်ဆောင်ခငွေ ကျပ်၁,၀၀၀ ကိုလည်း လေယာဉ်လက်မှတ်အတွင်း တစ်ပါတည်း ကောက်ခံမည် ဖြစ်သည်။

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.