Monday, August 01, 2011

ပြည်တွင်းရေကြောင်း လက်မှတ်ခနှင့် ကုန်တင်တန်ဆာခနှုန်းထားများကို နှစ်ဆတိုးမြှင့်လိုက်ပြီ

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ တာဝန်ယူ ပြေးဆွဲပေးလျက်ရှိသော ရေယာဉ်များ၏ လက်မှတ်ခနှင့် ကုန်တင်တန်ဆာခနှုန်းထားများကို နှစ်ဆတိုးမြှင့်ကာ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တိုးမြှင့်ကောက်ခံမှုကို ပြည်တွင်းရေကြောင်းပို့ဆောင်ရေးရှိ ဌာနများက သြဂုတ်လ ၁ ရက်တွင် စတင်၍ ကောက်ခံသွားမည်ဖြစ်သည်။ ကျွန်တော်တို့ မြစ်ဝကျွန်းပေါ်ဌာနခွဲ တစ်ခုတည်း မဟုတ်ပါဘူး။ ကျန်တဲ့ ဌာနအားလုံး တိုးသွားတာပါ။ ဒါကလဲ မဖြစ်မနေမို့လို့ တိုးသွားတာပါ။ ဘယ်လောက်တိုးလဲဆိုတော့ ဥပမာ-ရန်ကုန်-မော်ကျွန်းက အရင်က ၅၀၀ ဆိုပါတော့ ခု ၁၀၀၀ ဖြစ်သွားပြီး။ နှစ်ဆတက်တယ် ပြောရမှာပေါ့ ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲမှ လက်ထောက်မန်နေဂျာ ကိုသူရိန်ဝင်းက ပြောသည်။ ပထမတန်း၊ ဒုတိယတန်းနှင့် တတိယတန်းများကိုမူ မိုင်နှုန်းနှင့်တွက်၍ ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ကုန်ပစ္စည်းတင်ခများကိုလည်း တစ်တန်တစ်မိုင်နှုန်းနှင့် တွက်ချက်၍ ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ရန်ကုန်(ပန်းဆိုးတန်း)-ဒလ ကူးတိုးသင်္ဘောများလည်း သြဂုတ် ၁ရက်မှ စတင်၍ ကျပ် ၅၀ ကောက်ခံသွားမည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် သြဂုတ်လ ၂ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.