Saturday, August 13, 2011

ဧရာဝတီမြစ်ကြောင်း အသုံးပြုဖို့ တရုတ်ဘက်မှ ကမ်းလှမ်းလာ


တရုတ်နိုင်ငံမှ ကုန်သည်အချို့ ဗန်းမော်နားက ဧရာဝတီမြစ်ကြောင်း ပြုပြင်ဖို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက တရုတ်ကုန်သည်တွေက သူတို့ ကုန်ပစ္စည်းတွေကို ဗန်းမော်ဘက်ကို ဆင်းချင်တယ်၊ ဧရာဝတီမြစ်ကို အသုံးပြုပြီး တခြားနိုင်ငံတွေကို တင်ပို့ရင် သူတို့အတွက် လမ်းကြောင်းတိုသွားမယ်၊ ဧရာဝတီမြစ်ကို အသုံးပြုဖို့ မြစ်ကြောင်းပြင်ဆင်ဖို့ ဆွေးနွေးနေကြတယ်။ MOU တော့ မထိုးရသေးဘူး လို့ ပြောပါတယ်။ ကုန်ပစ္စည်း များများတင်ပို့နိုင်ဖို့အတွက် ရေစူးမှတ်များဖို့ လိုပါတယ်။ လက်ရှိမှာ ရေစူးမှတ်က ငါးပေလောက်ပဲ ရှိတဲ့အတွက် ၁၀ ပေလောက် တူးရမှာဖြစ်တယ်လို့ သိရတယ်။ တရုတ်ကုန်သည်တွေက ဧရာဝတီမြစ်ကြောင်း အသုံးပြုခွင့်ရရင် ရေစူးမှတ်တူးဖို့ ကုန်ကျစရိတ်နဲ့ နည်းပညာပေးရမှာဖြစ်လို့ မြန်မာအတွက်လည်း အကျိုးရှိတယ်လို့ သိရတယ်။ တရုတ်နိုင်ငံမှ ကုန်သည်တွေနဲ့ ပြီးခဲ့တဲ့ လေး၊ ငါးလလောက်က နှစ်ကြိမ်ဆွေးနွေးခဲ့ပြီး နောက်ထပ်လည်း အသေးစိတ်ဆွေးနွေးမှုတွေ ပြုလုပ်ုသွားဖို့ ရှိတယ်လို့ သိရကြောင်း ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.