Monday, August 15, 2011

ပုဂံဒေသတွင် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များအား စွဲဆောင်နိုင်သည့် ဘုရားပွဲတော်ကာလ စတင်

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ လာရောက် လည်ပတ်သော ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များအား အထူးစွဲဆောင်နိုင်သည့် ဘုရားပွဲတော်များ ကျင်းပသည့်ကာလ ပုဂံတွင် သြဂုတ်လဆန်းမှ စတင်ပြီ ဖြစ်ကြောင်း သိရသည်။

ပုဂံဒေသ၏ ပွဲတော်လရာသီကို လောကနန္ဒာ ဘုရားပွဲတော်ဖြင့် ၀ါခေါင်လဆန်း ၈ ရက်နေ့က ရှေးအစဉ်အလာမပျက် စတင်ခဲ့ရာ ဒေသခံ ဧည့်ပရိသတ်များနှင့်အတူ ကမ္ဘာလှည့် ခရီးသွား နိုင်ငံခြားသားများလည်း လာရောက်ခဲ့ကြောင်း သိရှိရပါသည်။

ပုဂံဒေသတွင် ထင်ရှားသော ပွဲတော်များမှာ တော်သလင်းလတွင် ကျင်းပသည့် မြင်းကပါ မနုဟာဘုရားပွဲ၊ တန်ဆောင်မုန်းလတွင် ကျင်းပသည့် ရွှေစည်းခုံ ဘုရားပွဲ၊ နတ်တော်လတွင် ကျင်းပသည့် အလိုတော်ပြည့် ဘုရားပွဲနှင့် ပြာသိုလတွင် ကျင်းပသည့် အာနန္ဒာဘုရား ပွဲတော်တို့ ဖြစ်သည်။ ယခင်နှစ် အဆိုပါ ဘုရားပွဲတော်များ ကာလအတွင်း ပုဂံဒေသသို့ ကမ္ဘာလှည့် ခရီးသွား စုစုပေါင်း ၅၀၅၇၉ ဦး လေဆိပ်၊ ရေဆိပ်နှင့် ကုန်းလမ်းတို့မှ ၀င်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ယခုနှစ် ခရီးသွားရာသီ အတွင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်နေကြသူများ အနေဖြင့် ခရီးသွား အများအပြား ၀င်ရောက်လာမည်ဟု မျှော်လင့်ထားကြပြီး နိုဝင်ဘာနှင့် ဒီဇင်ဘာလများ၌ ဟိုတယ် အခန်းနှင့် ကားရရှိရန်ပင် ခက်ခဲနိုင်ကြောင်း ဒေသခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါသည်။

Source : News Eleven

2 comments:

  1. အရောက်လာပါကြောင်း ဗျာ ။

    ပေါက္ကံရွှေပြည်ကိုပါ ဝင်လည်သွားပါကြောင်း ။

    ခင်လျက်

    မင်းဒင်

    ReplyDelete
  2. Thank you so much for visiting to my site Ko Min Din. :D

    ReplyDelete

Thank you for your comment on my blog, Anythig you can suggesting and discuss to me.