Friday, August 26, 2011

ချင်းမိုင်ဟိုတယ်တစ်ခုပေါ်တွင် ကမ္ဘာလှည့်ခရီးသည် ၆ဦး ထူးဆန်းစွာ သေဆုံးခဲ့ရသည့်ဖြစ်ရပ် ခြေရာကောက်နိုင်ပြီ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Downtown ဟိုတယ်တွင် ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့ တွင်တည်းခိုနေကြသော အသက် ၇ဝ နှစ်နီးပါးခန့်ရှိ ဗြိတိသျှ ဇနီးမောင်နှံ Eileen နှင့်  George Everitt တို့သည် အခန်းအတွင်း နှစ်ဦးလုံးတစ်ပြိုင်တည်း သေဆုံးနေကြကြောင်း  တွေ့ရှိရသည်။ အမေရိကန် ကမ္ဘာလှည့် အမျိုးသမီးငယ် Pandola အသက် ၃၃ နှစ်သည်လည်း ဇန်နဝါရီလအတွင်းက သေဆုံးသွားခဲ့ဖူးသည်။ ဟိုတယ်တွင်းရှိရေကူးကန်မှ ရေကူးပြီးပြန်လာချိန်တွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဖေဖော်ဝါရီ ၂ ရက်န့တွင်လည်း နယူးဇီလန်နိုင်ငံသား Sarah Carter အသက် ၂၃ နှစ်သည် ထိုင်းဧည့်ကြိုတစ်ဦးတို့နှင့်အတူ ထူးဆန်းစွာ သေဆုံးသွားခဲ့ကြသည်။ ၂ဝ၁၁ ခုနှစ် နှစ်ဦးပိုင်း ဇန်နဝါရီ ၂၆ ရက်နေ့တွင် ကနေဒါနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် Bill Mah သည် ထို Dwontown ဟိုတယ် ပေါ်တွင်ပင် ထူးဆန်းစွာ သေဆုံးခဲ့သောကြောင့် အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ခုဖွဲ့၍ လူ၆ ဦး သေဆုံးခဲ့ရခြင်းကို စစ်ဆေးခဲ့သည်။ ထိုဟိုတယ်ကိုလည်း ပိတ်ထားခဲ့ကြသည်။ ၅ လခန့်ကြာအထိ စစ်ဆေး ပြီးနောက် WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ အစီရင်ခံစာအရ ထိုင်းင်ငံရောဂါထိန်းချုပ်ရေးအဖွဲ့မှ အသိပေးထုတ်ပြန်ခဲ့သည်မှာ ၄င်းတို့သည် အမည်ဖော်မပြနိုင်သော အဆိပ်တစ်မျိုးကြောင့်   သေဆုံး သွားခဲ့ကြကြောင်း ဖော်ပြထားသည်။ နယူးဇီလန်နိုင်ငံတီဗီများမှ ဖော်ပြချက်မှာ ၄င်းအဆိပ်မှာ ကြမ်းပိုး သတ်ဆေး Chlorpyrifos ဖြစ်ကြောင်း ပါရှိသည်။ ၄င်းတို့တည်း ခိုနေသော အခန်းထဲတွင် ထိုပိုးသတ်ဆေး သုံးထားသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။ ထို့ကြောင့် အစိုးရများအနေဖြင့် ဟိုတယ်များတွင် သုံးသည့် အင်းဆက်သတ်ဆေးများကို စနစ်တကျစစ်ဆေးမှု အထူးပင်လိုအပ်ကြောင်း အကြံပြုထားသည်။

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.