Wednesday, August 24, 2011

MAI က Online Ticket စနစ်ဖြင့် ပထမဆုံးအကြိမ် လေယာဉ်လက်မှတ် စမ်းသပ်ရောင်းချ

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း MAI သည် နိုင်ငံတကာ လေကြောင်းလိုင်းများတွင် ကျင့်သုံးနေသည့် အွန်လိုင်းမှတစ်ဆင့် လေယာဉ်လက်မှတ် ရောင်းချသည့် Online Ticket စနစ်ကို အများပြည်သူသို့ စမ်းသပ်ရောင်းချပေးခဲ့ကြောင်း ၁၇-၈-၂၀၁၁ ရက်က သိရသည်။ ထိုသို့ စမ်းသပ်ရောင်းချခြင်းကို ၁၅-၈-၂၀၁၁ ရက် တစ်ရက်တည်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဈေးနှုန်းများကို လျှော့ချပေးထားကြောင်း သိရသည်။ တစ်ရက်တည်း စမ်းသပ်ဆောင်ရွက်ခဲ့တာပါ။ သွားဖို့လာဖို့ရှိပြီး သိလိုက်တဲ့သူတွေက ဝယ်ကြတယ်လို့ သိရတယ်ဟု Nice Fare မှ တာဝန်ရှိသူက ပြောကြားသည်။ 

MAI လေကြောင်းလိုင်းအနေဖြင့် ယခုကဲ့သို့ Online Ticket စနစ်ကို အများပြည်သူသို့ စမ်းသပ်ရောင်းချခြင်းကို ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး ရန်ကုန်-ဘန်ကောက်အတွက် အမေရိကန်ဒေါ်လာ ၈၁ ဒေါ်လာ၊ ဘန်ကောက်-ရန်ကုန်အတွက် ၉၄ ဒေါ်လာ၊ ရန်ကုန်-ဘန်ကောက်-ရန်ကုန်နှင့် ဘန်ကောက်-ရန်ကုန်-ဘန်ကောက်အတွက် ဒေါ်လာ ၁၅၀၊ ရန်ကုန်-စင်ကာပူ-ရန်ကုန်အတွက် ၁၉၈ ဒေါ်လာ၊ စင်ကာပူ-ရန်ကုန်- စင်ကာပူအတွက် ၁၆၈ ဒေါ်လာ၊ ရန်ကုန်-ကွာလာလမ်ပူ-ရန်ကုန်အတွက် ၁၇၄ ဒေါ်လာ၊ ကွာလာလမ်ပူ-ရန်ကုန်-ကွာလာလမ်ပူအတွက် ၁၂၄ ဒေါ်လာ၊ ရန်ကုန်-ကွမ်ကျိုးအတွက် ၂၃၉ ဒေါ်လာစီ၊ ရန်ကုန်- စီယမ်ရိ-ရန်ကုန်အတွက် ဒေါ်လာ ၁၆၀၊ စီယမ်ရိ-ရန်ကုန်-စီယမ်ရိအတွက် ဒေါ်လာ ၁၃၀ လျှော့ချ၍ ရောင်းချပေးခဲ့ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံရှိ ဘဏ်များတွင် အကြွေးဝယ်ကတ်စနစ် မရှိသော်လည်း လေကြောင်းလိုင်း သတ်မှတ်သည့် အာဆီယံဒေသတွင်း နိုင်ငံများရှိ ဘဏ်များမှ အကြွေးဝယ်ကတ် ကိုင်ဆောင်ထားသူများ ရှိကြောင်း၊ MAI လေကြောင်းလိုင်း အနေဖြင့် Online Ticket စနစ်ဖြင့် ရောင်းချနိုင်ရေး ပြင်ဆင် ဆောင်ရွက်နေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ယခုမှ စတင်စမ်းသပ်ခြင်းဖြစ်ကြောင်း၊ ထိုသို့ စမ်းသပ်မှုအရ အောင်မြင်မှုရရှိပါက ပြည်တွင်း၌ ရောင်းချရန် အဆင်မပြေနိုင်သေးသော်လည်း ပြည်ပတွင် ရောင်းချနိုင်မည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.