Wednesday, September 14, 2011

ရထားလက်မှတ်ခများကို တိုးမြှင့်တော့မည်ဖြစ်ကာ ဝန်ဆောင်မှုကိုလည်း ထိုက်တန်အောင် ဆောင်ရွက်ပေးမည်

မီးရထားလက်မှတ်ခများကို တိုးမြှင့်ကောက်ခံတော့မည်ဖြစ်ကာ ယင်းနှင့် ဝန်ဆောင်မှုများကိုလည်း ထိုက်တန်အောင် တိုးမြှင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားလိုက်သည်။ ထိုသို့ လက်မှတ်ခ တိုးမြှင့်ရာတွင် မြို့ပတ်ရထား လက်မှတ်ခ ၁၀ ကျပ်ကို ကျပ် ၅၀အဖြစ်လည်းကောင်း၊ အဝေးပြေးလက်မှတ်ခကို တစ်မိုင်လျှင် လေးကျပ်အစား ၁၂ ကျပ်သို့ လည်းကောင်း တိုးမြှင့်မည်ဖြစ်ကြောင်း နေပြည်တော်တွင် စက်တင်ဘာ ၁၁ ရက်နေ့က ကျင်းပသည့် မီဒီယာတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ရထားဝင်ငွေရဲ့ ၅၆ ရာခိုင်နှုန်းကို ဆီဖိုးအဖြစ် သုံးနေပါတယ်။ တကယ်တော့ လူတစ်ယောက်ကို မြို့ပတ်က လက်မှတ်ခ ၆၅ ကျပ်လောက်ကျတဲ့အတွက် ကျွန်တော်တို့က ၅၅ ကျပ်လောက် ရှုံးနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ကျပ် ၁၀၀ လောက်တော့ မတိုးပါဘူး။ ကျပ် ၅၀ အထိပဲတိုးမှာဖြစ်ပါတယ် ဟု ဦးအောင်မင်းက ဆိုသည်။ ထိုသို့ဆောင်ရွက်ရန်အတွက် လွှတ်တော်သို့လည်း တင်ပြမည်ဖြစ်ကာ မြို့ပတ်ရထားလုပ်ငန်းကို ပုဂ္ဂလိကသို့ မလွှဲပြောင်းမီပင် အပြောင်းအလဲလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

တိုးမယ့်လက်မှတ်ခနဲ့ ကိုက်အောင်ကို ဝန်ဆောင်မှုတွေ၊ လမ်းပြင်တာတွေကို တိုးလုပ်ပေးမှာပါ။ အခုနှုန်းအရဆို ဝန်ဆောင်မှုကို သုံးဆလောက် တိုးလုပ်ပေးနိုင်မှာ ဖြစ်ပါတယ် ဟု ပြည်ထောင်စုဝန်ကြီးက ပြောပြခဲ့ကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.