Friday, September 30, 2011

ခရီးသွား ဂျပန်အမျိုးသမီး ကျောက်ပန်းတောင်း အနီး အသတ်ခံရ

မကွေးတိုင်း  ကျောက်ပန်းတောင်းမြို့နယ်အနီး ဂျပန်နိုင်ငံသူ အမျိုးသမီးတဦးအား အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့သည်ဆိုသော သံသယဖြင့် ဆိုင်ကယ်တက္ကစီသမားတဦးကို ဖမ်းဆီးထားသည်ဟု ရဲကပြောသည်။

ဂျပန်အမျိုးသမီးက ညောင်ဦးသွားချင်လို့ဆိုပြီးတော့ လိုက်ပို့ရင်းနဲ့ ဆိုင်ကယ်တက္ကစီသမားကနေပြီးတော့ သန့်စင်ခန်းထဲမှာ မုဒိမ်းကျင့်တာပေါ့နော်။ ဖြစ်တဲ့နေရာက ညောင်ဦးနဲ့ ကျောက်ပန်းတောင်းအစပ်ပေါ့ ဟု ကျောက်ပန်းတောင်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။

ဗုဒ္ဒဟူးနေ့ နေ့လယ် ၃ နာရီခွဲခန့်က  ဂျပန်နိုင်ငံသူမှာ ညောင်ဦးမြို့သို့ လှည့်လည်ကြည့်ရှုရန်အတွက် ဆိုင်ကယ် ငှားစီးလာစဉ် ညောင်ဦးနှင့် ကျောက်ပန်းတောင်းမြို့ကြား အင်းမရွာအနီး၌ အခင်းဖြစ်ပွားခဲ့သည်ဟုဆိုသည်။

အင်းမရွာသားများမှ ယင်းသံသယရှိသူ ဆိုင်ကယ်တက္ကစီမောင်းသမား ကိုမင်းသိုက်ကို ဝိုင်းဝန်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ရွာသားတွေက ဖမ်းပြီးတော့ ကြိုးနဲ့တုတ်ထားတာ။ ကြိုးနဲ့တုတ်ပြီးမှပဲ ရဲစခန်းကို လှမ်းအကြောင်းကြားတာ။ ရဲစခန်းက လာပြီးတော့ နယ်ထိန်းတယောက်နဲ့ သူနဲ့ကို လက်ထိပ်တွဲချည်ပြီးတော့ ရဲစခန်းကိုပို့တာ။ ရဲတွေ အဲဒီ အခင်းဖြစ်တဲ့နေရာကို ရောက်တဲ့အချိန်မှာ အဲဒီအမျိုးသမီးက သေနေပြီ။ ဓါးနဲ့ ထိုးသတ်တာ ဟု အင်းမရွာမှ ထမင်းဆိုင်ပိုင်ရှင်တဦးက မဇ္ဈိမကိုပြောသည်။
ကိုမင်းသိုက်ကို ကျောက်ပန်းတောင်းမြို့နယ် ရဲစခန်းတွင် ပုဒ်မ ၃ဝ၂၊ လူသတ်မှုဖြင့် အမှုဖွင့်ထားပြီး သေဆုံးသူ၏ နောက်ကြောင်းနှင့်ပတ်သက်၍ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်ဟုဆိုသည်။ သေဆုံးသွားသူ ဂျပန်အမျိုးသမီးနှင့်ပတ်သက်၍ မည်သူမည်ဝါဖစ်ကြောင်းကို ရဲစခန်းမှ အတည်မပြုနိုင်သေးသော်လည်း AFP သတင်းတရပ်တွင်မူ မစ္စစ် Chiharu Shiramatsu ဖြစ်သည်ဟုဖော်ပြထားပြီး အသက် ၃၁ နှစ်အရွယ် ရှိသည်။

3 comments:

  1. ကိုလင်းလင်းရေ ...

    အမလည်း အဲဒီ သတင်း ဖတ်နေတာ။
    Yahoo မှာလည်း အဲဒီ သတင်း တင်ထားသေးတယ်။
    သူမ နာမည်ကို Google search လိုက်တော့ အဲဒီ နာမည် နဲ့ FB a/c တွေ့သေးတယ်။

    ဟုတ်ချင်မှလည်း ဟုတ်မှာပေမယ့် သနားပါတယ်နော်။

    ReplyDelete
  2. ကျက်သရေတော်တော်တုံးတဲ့တဏှာရူး
    မြန်မာတွေသိက္ခာကျလိုက်တာ ..
    သူ့လဲပြန်ထိုးသတ်လိုက်အေးရော ..

    ReplyDelete
  3. ဟုတ်ပါတယ် မန္ဒာရေ မြန်မာ့ခရီးသွားလုပ်ငန်းမှာ အရှက်ရစေတဲ့ ဖြစ်ရပ်တစ်ခုပါ။ တစ်ချို့ခရီးသည်တွေကလည်း Guide မငှားချင်ပဲ တစ်ဦးတည်းသွားတတ်တော့ အမှတ်မထင် အန္နရာယ်တွေ့တာပေါ့။

    ReplyDelete

Thank you for your comment on my blog, Anythig you can suggesting and discuss to me.