Monday, June 25, 2012

ရန်ကုန်-တိုင်ပေ လေယာဉ်ခရီးစဉ် ပြန်လည်ပြေးဆွဲမည်


မြန်မာနိုင်ငံ ရန်ကုန်မြို့တော်နှင့် ၂၀၁၁ ခုနှစ် ဝန်းကျင်က ပျံသန်းပြေးဆွဲမှုများ ရပ်နားထားခဲ့သော တိုင်ပေမြို့တို့ကြား ခရီးစဉ်များကို ယခုအခါ ယခင်ပြေးဆွဲခဲ့သော EVA လေကြောင်းလိုင်းသည် အာက်တိုဘာလ ၉ရက်နေ့တွင်  ပြန်လည်ပြေးဆွဲသွားရန်ရှိကြောင်း ရန်ကုန်လေကြောင်းလိုင်း မန်နေဂျာ တစ်ဦးက ပြောကြားသည်။
 အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေတို့တွင် ရန်ကုန် - တိုင်ပေ ခရီးစဉ်များကို ပြေးဆွဲရန်ရှိပြီး ရန်ကုန်နှင့် ပြန်လည်ပြေးဆွဲမည့် လေကြောင်းလိုင်း များပြားလာနေသည့်အတွက် EVA လေကြောင်းလိုင်း၏ ရန်ကုန်-တိုင်ပေ ခရီးစဉ်သည် တစ်ပတ်သုံးရက်အနက် နှစ်ရက်ခန့်ကိုသာ ရန်ကုန်လေဆိပ်တွင် ဆင်းသက်စဉ် Terminal အသုံးပြုခွင့်ရရှိထားကြောင်းလည်း ပြောကြားသည်။ “EVA လေကြောင်းလိုင်းခရီးစဉ် အချိန်ဇယားထွက်လာပါပြီး” ဟု လည်း ရန်ကုန်မြို့ရှိ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။ အဆိုပါခရီးစဉ် ပြန်လည်ပြေးဆွဲပါက မြန်မာနိုင်ငံမှ ကိုရီးယား၊ ဂျပန်၊ အမေရိကန်ပြည်ထောင်စုတို့သို့ ချိတ်ဆက် ပြေးဆွဲနေသော EVA လေကြောင်းလိုင်း ခရီး စဉ်များသည် မြန်မာနိုင်ငံ ရန်ကုန်မြို့တော်နှင့် တိုက်ရိုက် ချိတ်ဆက်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကို ထိရောက်သော ပံ့ပိုးမှုတစ်ခု ဖြစ်လာနိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။ EVA လေကြောင်းလိုင်းသည် ၁၉၈၉ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ယခုအခါ Air Bus ၃၃၀ လေယာဉ် ၂၆ စင်း၊ ဘိုးရင်း ၁၁ စင်းတို့နှင့် ပြေးဆွဲလျက်ရှိကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.