Sunday, July 01, 2012

ရေအောက်တွင်နှစ်ပေါင်း ၄၀၀နစ်မြုပ်နေသော ဓမ်္မစေတီခေါင်းလောင်းကြီးရှာဖွေရန် အလုပ်ရုံဆွေးနွေးပွဲကျင်းပ



သမိုင်းအမွေအနှစ်ဖြစ်သော ဓမ်္မစေတီခေါင်းလောင်းဆယ်ယူမှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယဉ် ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေ သနဦးစီးဌာနက ကြီးမှူး၍ ဇွန် ၆ ရက် စနေနေ့တွင် ရန်ကုန်မြို့၊ နတ် မောက်လမ်း၊ ချက်ထရီယမ်ဟိုတယ် ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီး ဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်သန်း နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိ ယ၀န်ကြီးများ၊ မြန်မာနိုင်ငံသမိုင်းအ ဖွဲ့ဝင်များ၊ သံအမတ်ကြီးများ၊ ပါမော က်္ခချုပ်များ၊ ပါမောက္ခများ၊ ပညာရှင် များ စုံလင်စွာတက်ရောက်ခဲ့ကြ သည်။

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးကျော်ဆန်းက အဖွင့်မိန့် ခွန်းပြောကြားရာတွင် ““ဒီနေ့ကျင်းပ ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲဟာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နဲ့ သမိုင်းတန်ဖိုးအလွန်ကြီးမားတဲ့ ဓမ်္မစေတီခေါင်းလောင်းကြီးကို ပြန်လည်ရှာဖွေဆယ်ယူနိုင်ရေးအတွက်  အကြံဉာဏ်တွေ၊ နည်းလမ်းတွေနဲ့ လုပ်ငန်းစဉ်တွေကို ဆွေးနွေးညှိနှိုင်း  ချမှတ်ဖို့ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲဖြစ်ပါတယ်။ ဒီလုပ်ငန်းဟာ ကျွန်တော်တို့အားလုံးအတွက် အလွန်အရေးကြီးပြီးအောင်မြင်အောင်ဆောင် ရွက်ကြမယ်ဆိုတဲ့ သန်္နိဋ္ဌာန်ကို ဒီအလုပ်ရုံဆွေးနွေးပွဲမှာ ချမှတ်နိုင်ဖို့လည်း တိုက်တွန်းပါတယ်။ ချမှတ်နိုင်ဖို့လည်း ယုံကြည်ပါတယ်””ဟု ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော် ဆန်းက ကမ်္ဘာပေါ်ရှိနိုင်ငံအသီးသီးတွင် ခေါင်းလောင်းများရှိသည့်အနက် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ဇာကိုလိုကော့အမည်ရှိ ခေါင်းလောင်းကို ခရစ်နှစ် ၁၈၃၃ က သွန်းလုပ်ခဲ့ကြောင်း၊ တန်ချိန် ၂၀၀ ကျော်ရှိသဖြင့် ကမ္ဘာပေါ်တွင်အကြီးဆုံးခေါင်းလောင်းဟု သတ်မှတ်ထားကြောင်း၊ ဒုတိယအကြီးဆုံးခေါင်းလောင်းမှာ ၁၂၈ တန်ရှိပြီး မော်စကိုမြို့၌ပင်ရှိကြောင်း၊ မြန်မာနိုင်ငံမှ မင်းကွန်းခေါင်းလောင်းမှာ အလေးချိန်တန် ၉၀ ရှိသဖြင့် တတိယအကြီးဆုံး ခေါင်းလောင်းအဖြစ်သတ်မှတ်ထားကြောင်း၊ ဓမ်္မစေတီခေါင်းလောင်းကြီးကို ခရစ်နှစ် ၁၄၇၆ ခုနှစ်တွင် ဓမ်္မစေတီမင်းသွန်းလုပ်၍ ရွှေတိဂုံစေတီတော် အရှေ့မြောက်ထောင့်တွင် ထားရှိခဲ့ကြောင်း၊ ဓမ်္မစေတီခေါင်း လောင်းကြီးသည် အလေးချိန်ပိဿ   ၁၈၀,၀၀၀၊ တန်အားဖြင့် ၂၉၀ ကျော်ရှိသဖြင့် ကမ်္ဘာပေါ်တွင်ကြီး ဆုံးခေါင်းလောင်းဖြစ်နေကြောင်း၊ ထို့ ပြင် ၁၄၇၆ ခုနှစ်တွင် သွန်းလုပ်ခြင်း ဖြစ်သဖြင့် မော်စကိုမြို့မှခေါင်း လောင်းထက် ၃၅၇ နှစ်စောနေကြောင်း၊ ထို့ကြောင့် ဓမ်္မစေတီ ခေါင်းလောင်းကြီးသည် ကမ်္ဘာပေါ်တွင် အစောဆုံးသွန်းလုပ်ခဲ့သည့် အကြီးဆုံးခေါင်းလောင်းဖြစ်နေကြာင်း ဆက်လက်ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ဓမ်္မစေတီခေါင်း လောင်းကြီးသည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၅၀၀ ကျော်ကြာမြင့်နေပြီး ရေအောက်တွင် နှစ်ပေါင်း ၄၀၀ ကျော်ကြာမြင့်နေသဖြင့် ရှာဖွေရေး၊ ဆယ်ယူရေး၊ သယ်ယူရေး လုပ်ငန်းများကိုအချိန်လုပ်ဆောင်  ရမည်ဖြစ်ကြောင်း၊ ယခုစာတမ်းဖတ် ပွဲတွင် ဖတ်ကြားသောအချက်အလက်များကို အခြေခံပြီး ၀ိုင်းဝန်းဆွေး နွေးအကြံပေးကာ လုပ်ငန်းအောင် မြင်ရေးကို ဦးစားပေးဆောင်ရွက်စေ လိုကြောင်း ဆက်လက်ပြောကြားခဲ့ သည်။
ထို့နောက် မြန်မာနိုင်ငံသမိုင်းအဖွဲ့ဝင် စာရေးဆရာ ဒေါက်တာချစ်စံဝင်းက သမိုင်းအမွေအနှစ်ဖြစ်သော ဓမ်္မစေတီခေါင်းလောင်းဆယ် ယူရေးနှင့်ပတ်သက်၍ မိတ်ဆက်စကားပြောကြားခဲ့သည်။ ဒေါက်တာချစ်စံဝင်းက ““ကမ္ဘာပေါ်မှာ အစော ဆုံးနဲ့အကြီးဆုံးဖြစ်တဲ့ ဓမ်္မစေတီ ခေါင်းလောင်းကြီးကို ခရစ်နှစ် ၁၆၁၂ ခုနှစ်မှာ သံလျင်မြို့စား ပေါ်တူဂီလူမျိုး ဖိလစ်ဒီဘရစ်တိုခေါ် ငဇင်ကာက အမြောက်လက်နက်သွန်းလုပ်ဖို့ သံလျင်ကိုသယ်ယူသွားစဉ်ပဲ ခူးမြစ်၊ ငမိုးရိပ်ချောင်းနဲ့ ရန်ကုန်မြစ်တို့ဆုံရာ ဒေါပုံမြစ်ဝမှာ လှေကွဲပြီး ရေထဲကျသွားပါတယ်။ အဲဒီနေရာကို ပန်းအလွဲချောင်း ပန်းအလွဲမြစ် လို့လည်းခေါ်တယ်။ ရေအောက်မှာ နှစ်ပေါင်း ၄၀၀ လောက်နစ်မြုပ်နေတဲ့ ဓမ္မစေတီခေါင်းလောင်းကြီး ကိုစိတ်ဝင်စားတဲ့မြန်မာပညာရှင်တွေ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ဆယ်ဖို့ကြိုးစားခဲ့တာ မအောင်မြင်ပါဘူး။ နောကိပ်ုငးမှာ  အမေရိကန်နိုင် ငံသားဂျင်ဘလန့်ဆိုတဲ့ ရေငုပ်ကျွမ်းကျင်သူတစ်ဦး ရောက်လာပြီးရှာတယ်။ သူက လတ်္တီတွဒ် လောင်ဂျီ တွဒ်နဲ့တကွဖော်ပြပြီး ခေါင်းလောင်း ကြီးကိုတွေ့တယ်လို့ပြောပါတယ်။ ဒါ ပေမဲ့ ရှာဖွေတဲ့လုပ်ငန်းတွေ ဆက်မလုပ်နိုင်ပါဘူး။
ဂျင်ဘလန့်က ခေါင်းလောင်း ရှာဖွေတဲ့အကြောင်း သတင်းတွေရေးတယ်။ တစ်ကမ္ဘာလုံးဖတ်ရှုပြီး စိတ်ဝင်စားလာတယ်။ စိတ်ဝင်စားသူတွေက ကူညီချင်လို့ဆက်သွယ် တယ်။ အဲဒီအထဲမှာ စင်ကာပူက SD Mark gnternational LLP ကုမ္ပဏီက ဒေါ်လာ ၁၀သန်း (မြန်မာငွေ သန်း၈၀၀) အကုန်ခံပြီး ဓမ်္မစေ တီခေါင်းလောင်းကြီးကို ဆယ်တယ်။ တွေ့ရင် ရွှေတိဂုံဘုရားကုန်းတော်ပေါ်အထိ ပြန်တင်ပေးမယ်။ အဲဒီအတွက် ဘာအကျိုးအမြတ်မှမယူပါဘူး။ အစိုးရချီးမြှင့်သလောက်ကိုပဲ ယူမယ်ဆိုပြီး လွှတ်တော်မှာခေါင်း လောင်းအကြောင်း မေးကြပြောကြတယ်။ အဲဒီလိုစိတ်ဝင်စားသူတွေ များလာတဲ့အတွက် ဘက်ပေါင်းစုံ ပညာရှင်တွေပါဝင်တဲ့ စာတမ်းဖတ်ပွဲလုပ်ခြင်းဖြစ်ပါတယ်။ ဓမ္မစေတီ ခေါင်းလောင်းကြီးရှာဖွေရေးစာတမ်းဖတ်ပွဲမှာ ကျွမ်းကျင်သူပညာရှင် Mr.Deamlim  နဲ့ ကပ္ပတိန် Micheal Mike Heacher တို့ပါဝင်တဲ့အတွက်  စာတမ်းဖတ်ပွဲပိုမိုကျယ်ပြန့်ပြီး ပြည့်စုံလာပါတယ်။ ဒီစာတမ်းဖတ်ပွဲဟာ ရှေးဟောင်းအမွေအနှစ် ဓမ်္မစေတီ ခေါင်းလောင်းကြီးကို ပြန်လည်ဆယ် ယူဖို့ တာစူတဲ့ပွဲဖြစ်ပါတယ်””ဟု ပြောကြားခဲ့သည်။

ဒေါက်တာချစ်စံဝင်းက ““ဒီသတင်းစာဖတ်ပွဲမှာ SD Mark gnternational LLP ကုမ္ပဏီက CEO မစ္စတာ Dean Lim နဲ့ ရေအောက် ပစ္စည်းရှာဖွေရေးကျွမ်းကျင်သူ ကပ္ပတိန် Micheal Mike Heacher တို့လည်းတက်ရောက်ပါတယ်။ ဓမ္မစေ တီခေါင်းလောင်းကြီးရှာဖွေဖို့သက် ဆိုင်ရာကခွင့်ပေးရင် SD Mark gnternational LLP ကုမ္ပဏီက ကျွမ်းကျင်သူပညာရှင် Mike Heacher ကို ဒေါ်လာ ၆ သန်းနဲ့ငှားပြီး ဆယ်မယ်လို့သိရပါတယ်။ Mike Heacher  ကလည်း ရှာဖွေဖို့စိတ် အားထက်သန်နေပါတယ်””ဟု ပြော ကြားခဲ့သည်။

ရေအောက်တွင် နစ်မြုပ်နေ သည့် အလွန်တန်ဖိုးကြီးမားသော ရှေးဟောင်းပစ်္စည်းကြီးခြောက်ခုကို အောင်မြင်စွာရှာဖွေဆယ်ယူနိုင်ခဲ့ သည့် Mike Heacher သည် ယခုအခါ အသက် ၇၄ နှစ်အရွယ်သို့ ရောက်ရှိနေသဖြင့် ရှေးဟောင်းသမိုင်းအမွေအနှစ် ဓမ်္မစေတီခေါင်း လောင်းကြီးကို ရှာဖွေပြီး ရွှေတိဂုံ ကုန်းတော်ပေါ်သို့တင်ပြီးလျှင် ရေအောက်ရှာဖွေရေးလုပ်ငန်းများကို ရပ်ဆိုင်း၍ အနားယူတော့မည်ဟု ဆုံးဖြတ်ထားကြောင်းလည်း သိရပါသည်။ Mike Heacher က ““ဓမ္မစေ တီခေါင်းလောင်းကြီးကို ရှာဖွေဖို့ ကျွန်တော်စောင့်ခဲ့ရတာ ၂ နှစ်လောက်ကြာခဲ့ပါတယ်။ ကျွန်တော် ဗြိတိသျှလူမျိုးဖြစ်ပြီး ဘ၀တစ်လျှောက်လုံး ရေအောက်စူးသမ်းရှာဖွေရေး လုပ်ငန်းတွေလုပ်ခဲ့ပါတယ်။ ကျွန်တော့်တစ်သက်မှာ သင်္ဘောပျက် ၈၀ ကျော်ကို ရေအောက်မှာရှာဖွေ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ တရုတ်ပြည် မင်မင်းဆက်တုန်းက တောင်တရုတ် ပင်လယ်မှာ နစ်မြုပ်ခဲ့တဲ့ သင်္ဘော ပျက်ထဲက ရှေးဟောင်းကြွေထည် ပစ္စည်း ၃၅၀,၀၀၀ ဆယ်ယူရရှိတဲ့အတွက် ကမ္ဘာပေါ်မှာ ရှေးဟောင်း ကြွေထည်ပစ္စည်းအများဆုံး ရှာဖွေ နိုင်သူအဖြစ် ဂုဏ်ပြုခံခဲ့ရပါတယ်””ဟု ပြောခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့အနီး ပဲခူးမြစ်၊ ငမိုးရိပ်ချောင်း နှင့် ရန်ကုန်မြစ်တို့ဆုံရာ မြစ်သုံးခွဆုံ တွင် ဓမ်္မစေတီခေါင်းလောင်းကြီး နစ် မြုပ်နေခြင်းသည် နှစ်ပေါင်း ၄၀၀ ကျော်ကြာမြင့်နေသဖြင့် မြစ်ရေစီး ဆင်းမှု၊ နုန်းပို့ချမှု နှင့် သဲဖုံးလွှမ်းမှု အကြောင်းများကို စနစ်တကျလေ့ လာဆန်းစစ်ရန် အရေးကြီးသော ပညာရှင်များက သုံးသပ်ကြသည်။ ဓမ်္မ စေတီခေါင်းလောင်းကြီးကိုရှာဖွေရန်အတွက် ပုစွန်တောင်ချောင်းကိုသာမက ရန်ကုန်မြစ်နှင့်ပဲခူးမြစ်တို့၏ ရေစီးရေလာနှင့် သဘာဝပတ်ဝန်းကျင် အခြေအနေကို သုံးသပ်စိစစ်ရန်လို အပ်လျက်ရှိသည်။ ထိုဒေသသည် ရှေးယခင်က အလွန်ကျယ်ဝန်းသော လယ်ယာမြေများ၊ တောတန်းတော အုပ်များပေါများသည့် ကျေးလက်ဒေသဖြစ်သော်လည်း မြို့ပြဧရိယာ တဖြည်းဖြည်းတိုးတက်များပြားလာ ကြောင်းသိရသည်။ သစ်ပင်များ၊ တောအုပ်များလွှမ်းမိုးသည့် အစိမ်း ရောင်ဧရိယာသည် ၁၉၇၄ ခုနှစ်က ဧကပေါင်း ၁၈၀,၀၀၀ ကျော်ရှိခဲ့ သော်လည်း ၂၀၁၀ ပြည့်နှစ်တွင် ဧ ကပေါင်း ၉၀,၀၀၀ ခန့်သာရှိတော့ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် သစ်တောရေး ရာဝန်ကြီးဌာန စာတမ်းတွင်ဖော်ပြ ထားသည်။ မြေအသုံးချမှုပြောင်းလဲ လာခြင်းသည် ထိုဒေသအနီးဝန်း ကျင်တွင် အပြောင်းအလဲများစွာဖြစ် ပေါ်လာနိုင်ကြောင်းလည်း ဖော်ပြ ထားသည်။ မြစ်ချောင်းအတွင်း စီး ဆင်းလာသော နုန်းများ၊ သဲများ သည် မြစ်ဝတွင် အနည်ထိုင်လေ့ရှိ ရာ ပဲခူးမြစ်၊ ရန်ကုန်မြစ်နှင့်ငမိုးရိပ် ချောင်းမှ စီးဆင်းလာသော သဲနုန်းများသည် ဓမ်္မစေတီခေါင်းလောင်း ကြီးပေါ်တင် အပြည့်အ၀သက် ရောက်မှုရှိနိုင်သည်ဟုလည်း ယူဆကြသည်။

ထို့ပြင် မြစ်ဝကျွန်းပေါ်ဒေသတွင် မြစ်ချောင်းများပြောင်းလဲစီး ဆင်းလေ့ရှိသဖြင့် မြို့များ၊ ရွာများ ပြောင်းရွှေ့ရသောထုံးစံရှိပြီး အဓိက ရေကြောင်းပြောင်းလဲရေးမှာ သောင်ထွန်းခြင်း၊ ကမ်းပြိုခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ ဓမ်္မစေတီ ခေါင်လောင်းကြီးနစ်မြုပ်သော ပဲခူးမြစ်၊ ရန်ကုန်မြစ်နှင့် ငမိုးရိပ်ချောင်းတို့သည်လည်း နှစ်ပေါင်း ၄၀၀ အတွင်း ပြောင်းလဲစီးဆင်းမည်ဖြစ်ရာ ဓမ်္မစေတီခေါင်းလောင်းကြီး နစ်မြုပ်နေသည့် မြစ်သုံးခွနေရာကို အတိအကျ ခန့်မှန်းရန်ခက်ခဲနိုင်သည်ဟု ယူဆကြသည်။ ဟံသာဝတီအရေးတော်ပုံနှင့် ကုန်းဘောင်ရာဇ၀င်ကြီးများထဲတွင် ပဲခူးမြစ်စီးဆင်းသော ရေကြောင်းသည် ယခုခေတ်မြစ်ကြောင်းနှင့် မတူညီကြောင်းဖော်ပြထားသည်။
YZ

Source : The Myanmar Post

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.