Wednesday, July 11, 2012

အာရှဖွံ့ဖြိုးမှုဘဏ် အကူအညီဖြင့် နိုင်ငံတွင်းလမ်းများ အဆင့်မြှင့်မည်

အာရှဖွံ့ဖြိုးမှုဘဏ် (ADB) ၏ အကူအညီဖြင့် မြန်မာနိုင်ငံရှိ လမ်းများကို အဆင့်မြှင့်တင်မှုများ ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ မြန်မာနိုင်ငံရှိလမ်းများ အဆင့်မြှင့်တင်နိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးမှုဘဏ် (ADB) တို့ ပူးပေါင်းကာ ဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိတွင် ဖြစ်နိုင်ခြေများ လေ့လာနိုင်ရန်အတွက် အဆိုပါဘဏ်မှ လေ့လာရေးအဖွဲ့များက လာရောက်ဆွေးနွေးလျက်ရှိကြောင်း သိရသည်။ ယင်းကဲ့သို့ လမ်းများ အဆင့်မြှင့်တင်နိုင်ရန်အတွက် ပြည်တွင်းရှိ လမ်းများ၏ အနေအထားများ၊ လက်တွေ့တွင် ဆောင်ရွက်ရမည့် နည်းလမ်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စီမံကိန်းတစ်ခု ရေးဆွဲထားပြီး ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို အာရှဖွံ့ဖြိုးမှုဘဏ်သို့ တင်ပြထားကြောင်း သိရသည်။ “စီမံကိန်းအရတော့ လက်တွေ့မှာ ဦးစားပေး လုပ်ရမယ့်လမ်းတွေကို အရင်ဆုံးလုပ်သွားဖို့ ရှိပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းတံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခင်က အာရှဖွံ့ဖြိုးမှုဘဏ်၏ အကူအညီဖြင့် ရန်ကုန်-ပြည်လမ်းကို ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.