Monday, July 23, 2012

ဟိုတယ်အခန်းခဈေးနှုန်းကြီးမြင့် မှု ထိုင်းနိုင်ငံမှ မြန်မာသံရုံးသို့တိုင်ကြားစာပေးပို့


အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံ၏ ဟိုတယ်အခန်းခ ဈေးနှုန်းမြင့်မားမှုကြောင့် လာရောက် တည်းခိုသူများက မကျေနပ်ကြ၍ ထိုင်းနိုင်ငံရှိမြန်မာသံရုံးတွင် တိုင်ကြားစာများ ပေးပို့ထားကြောင်း ပြည်တွင်းခရီးသွား ကုမ္ပဏီများထံမှ သိရသည်။

မကြာသေးခင်ကာလက ထိုင်းဧည့်သည်များ လာရောက် တည်းခိုရာတွင် ဟိုတယ်အခန်းခ နှုန်းများမှာ မြင့်မားနေပြီး ပေးဆောင်ခဲ့သည့်တန်ဘိုးနှင့် မမျှတ၍ ဧည့်သည်များက မကျေနပ်ကာ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးတွင် ပေးပို့ထားမှုများပြားနေကြောင်း ရုရှားမားကတ်လုပ်ကိုင်သည့် ခရီးသွားကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုကဲ့သို့ ဈေးနှုန်းမြင့်မားမှုကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအား ထိခိုက်စေနိုင်ကြောင်း၊ ယခုဝင်ရောက်လာသည့် ဧည့်သည်များသည် စီးပွားရေးလုပ်ငန်းရှင်များသာ အများဆုံးဖြစ်နေကြောင်း၊ ထို့ကြောင့်
လုပ်ငန်းရှင်များသည် ဈေးကြီးသောဟိုတယ်များတွင် တည်းခိုမှုကြောင့် ယခုကဲ့သို့ အခန်းခဈေးများ မြင့်တက်လာရခြင်းဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြောကြားသည်။

ဝန်ကြီးဌာနအနေဖြင့် ဟိုတယ် အခန်းခနှုန်းထားများအား ဒေါ်လာ ၁၅၀ ထက်မတက်ရန် ညွှန်ကြားထားသော်လည်း လက်ရှိတွင် FDI ဟိုတယ်ကြီးများမှ ဒေါ်လာ၂၀၀ကျော် ထိ ကောက်ခံမှုများ ရှိနေကြောင်း ဧည်
့လမ်းညွှန်တစ်ဦးက ပြောကြားသည်။

“အခန်းခဈေးတွေတက်၊ Contract တွေမပေးလို့ ၀န်ထမ်းအင်အားလျော့ချရတယ်၊ တစ်ချို့ကုမ္ပ ဏီတွေဆိုရင် ရပ်နားရတဲ့အနေအထားတွေရှိနေပြီ” ဟု ကျောက်တံတားအခြေစိုက် ခရီးသွားကုမ္ပဏီ  တစ်ခုမှ တာဝန်ရှိသူတစ်ဦးကဆိုသည်


ယဉ်ယဉ်လှ - မြန်မာပို့ စ်

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.