Friday, July 20, 2012

Expand Quick Link နိုင်ငံခြားငွေ လဲလှယ်ရေး ကောင်တာများ တိုးချဲ့ဖွင့်လှစ်

မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားဧည့်သည်များ နိုင်ငံခြားငွေ လွတ်လပ်စွာ လဲလှယ်ရောင်းဝယ်နိုင်စေရန် နိုင်ငံခြား ငွေလဲလှယ်ရေး ကောင်တာများကို မန္တလေးမြို့ရှိ ကမ္ဘောဇဘဏ်ခွဲ၊ သမဝါယမဘဏ်ခွဲ (၁၊၂၊၃)၊ မြဝတီဘဏ်ခွဲ၊ မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်ခွဲ၊ ဧရာဝတီဘဏ်ခွဲ၊ ယူနိုက်တက် အမရဘဏ်ခွဲ၊ မြန်မာအရှေ့တိုင်းဘဏ်၊ အင်းဝဘဏ်၊ ပထမပုဂ္ဂလိက ဘဏ်ခွဲနှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် ဖွင့်လှစ်ထားသည်။ နိုင်ငံခြားငွေများ  လဲလှယ်ရောင်းဝယ်ရာတွင် အဆင်ပြေလွယ်ကူစေရန် မန္တလေးမြို့၌ နိုင်ငံခြားငွေ လဲလှယ်ရေး ကောင်တာများ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ရာ နိုင်ငံခြားငွေ လဲလှယ် ရောင်းဝယ်လိုသူများ အနေဖြင့် သတ်မှတ်နေရာများတွင်သာ လဲလှယ်ရောင်းဝယ်မှု ပြုကြရန်နှင့် တရားမဝင် ရောင်းဝယ်သူများအား တည်ဆဲဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.