Monday, August 13, 2012

နေပြည်တော်ဟိုတယ်သုံးလုံး လေးကြိမ်သူခိုးခိုးခံရ

နေပြည်တော်ရှိ ဟိုတယ်သုံးလုံးမှာ လေးကြိမ်တိုင် သူခိုးခိုးခံရပြီး အဆိုပါခိုးယူသူများကို ယခုလ သုံး ရက်နေ့တွင် ဖမ်းမိခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းက သြဂုတ် ၈ ရက်တွင် ပြောကြားသည်။ “ဇမ္ဗူသီရိဘက်က ဟိုတယ်နှစ် လုံးရယ်၊ ဥတ္တရသီရိဘက်က ဟိုတယ်တစ်လုံးပါတယ်။ ဟိုတယ်တစ်လုံးက နှစ်ကြိမ်သူခိုးခိုးခံရတယ်”ဟု အထက်ပါ ပုဂ္ဂိုလ်ကဆိုသည်။ 

နေပြည်တော်ရှိ ဟိုတယ်များ သူခိုးခိုးခံရပြီးနောက် တာဝန်ရှိသူ များက သြဂုတ် ၇ ရက်တွင် နေပြည် တော်ကောင်စီ၌ အစည်းအဝေးပြု လုပ်ခဲ့ပြီး ဟိုတယ်များ၏လုံခြုံရေး အပိုင်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ ကြောင်း ယင်းကပြောသည်။ “ခိုးတဲ့သူကပဲ ပြန်ပြီး ဖော်ထုတ်ခဲ့တယ်။ ဘယ်ဟိုတယ်ကတော့ ကပ်လို့မရဘူး။ ဘယ်ဟိုတယ်ကတော့ ရတယ်။ ခိုးသွားတဲ့ ပစ္စည်းတွေကိုလည်း  တော်တော်များများ ပြန်ရပါတယ်။ နိုင်ငံခြားသားပစ္စည်းတွေရယ်။ သံတမန်ပစ္စည်းတွေလည်း ပါဝင်တယ်”ဟု ဦးအောင်ဇော်ဝင်းကဆိုသည်။

လုံခြုံရေးပိုင်းအားနည်းမှုကြောင့် ဟိုတယ်များ သူခိုးခိုးခံရကြောင်း ထို့ ကြောင့် ၀န်ထမ်းများလုံခြုံရေး အသိရှိရန် လိုအပ်ကြောင်း ယင်းပုဂ္ဂိုလ်က ဆိုသည်။ ပြီးခဲ့သည့်လကလည်း ဟိုတယ်/ခရီးမှ တာဝန်ရှိသူများမှ နေပည်တော်ရှိ ဟိုတယ် ၃၁ လုံးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဟိုတယ်များ၏ လုံခြုံရေးပိုင်းနှင့် ပတ်သက်၍ လူလုံခြုံရေး၊ ပစ္စည်းလုံခြုံရေး၊ ခြံစည်းရိုးကာရံရေး၊ လုံခြုံရေးကင်မရာ (CCTV) များ တပ်ဆင်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်လှ

Source : The Myanmar Post

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.