Monday, August 13, 2012

FDI ဟိုတယ်မှ နိုင်ငံခြားသားအထွေထွေမန်နေဂျာ တစ်ဦးအား စတင်အရေးယူ

နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုပြုထားသော ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်လုံးမှ နိုင်ငံခြားသား အထွေထွေ မန်နေဂျာတစ်ဦးအား စတင်အရေးယူမှု ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက သြဂုတ် ၈ ရက်တွင် ပြောကြားသည်။

“အဲဒီနိုင်ငံခြားသားကို ဗီဇာသက်တမ်း ထပ်မပေးတော့ပါဘူး။ ကျူးလွန်ခဲ့တဲ့အတွက် အခုလိုအရေးယူမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်”ဟု ယင်းကဆိုသည်။ ယခုကဲ့သို့ အရေးယူမှု မပြုလုပ်မီ ဇွန်လအတွင်းက နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဟိုတယ်များမှ အထွေထွေမန်နေဂျာ၊ တာဝန်ခံများနှင့် တွေ့ဆုံခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြုထားသော ဟိုတယ်များအား လိုက်နာရမည့် ညွှန်ကြားချက် (၅) ရပ်နှင့် ယင်းညွှန်ကြားချက်များအား လိုက်နာခြင်းမရှိပါက နည်းလမ်း (၇) ခု ဖြင့် အရေးယူမှုဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကနဦးအနေဖြင့် ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့ ပြီးဖြစ်ကြောင်းသိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံထားသည့် ဟိုတယ်များ၏ Standard အခန်းများအားအမေရိကန်ဒေါ်လာ  ၁၅၀ အထက် မကျော်လွန်ရန် ဟို တယ်/ခရီးဌာနမှ အသိပေးထားပြီး ဖြစ်ကြောင်း၊ အဆိုပါဟိုတယ်သည် ယင်းအချက်အား ဖောက်ဖျက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ အရေးယူမှုပြု လုပ်ခဲ့ရခြင်း ဖြစ်ကြာင်း ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းကပြောသည်။

“Standard အခန်းကို ဒီဈေးထက် မတက်ဖို့ ညွှန်ကြားထားတယ်။ ဒီနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံသူက ဒီနိုင်ငံရဲ့စည်းကမ်းကို လိုက်နာရမယ်လေ။ မလိုက်နာရင် သူ့မှာအပြစ်ရှိတယ်”ဟု မြန်မာနိုင်ငံဟိုတယ် ဆိုင်ရာလုပ်ငန်းရှင်များအသင်း (MHA) မှ ဥက္ကဋ္ဌ ဦးရန်ဝင်းကဆို သည်။
ယဉ်ယဉ်လှ

Source : The Myanmar Post

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.