Thursday, September 27, 2012

ဧည့် ၂၅သန်း ရရှိရေး ရည်မှန်းချက် လေးနိုင်ငံ ပူးပေါင်းဆောင်ရွက်မည်


လေးနိုင်ငံပူးပေါင်း၍ ၂ဝ၁၅ တွင် ခရီးသွားဧည့်သည် ၂၅သန်း ရရှိရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံခရီးသွား ဈေးကွက်မြှင့်တင်ရေး ကုမ္ပဏီ (MMC)မှ သိရှိရသည်။

ကမ္ဘောဒီးယား၊ လာအို၊ မြန် မာနှင့် ဗီယက်နမ် နိုင်ငံတွင်းနေထိုင် သူများ အချင်းချင်း အပြန်အလှန် ဒေသတွင်း လေးနိုင်ငံသို့လည်ပတ် နိုင်ရေး၊ ခရီးသွားဧည့် ဝင်ရောက်မှု တိုးတက်ရေးနှင့် လေးနိုင်ငံ ချစ်ကြည်ရေးအဖြစ် လည်ပတ်နိုင်ရန် စသည့်မူဝါဒများချမှတ်ကာ စီစဉ် ခြင်းဖြစ်သည်ဟု MMCမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ ”ဗီယက်နမ် ဟိုချီမင်းမှာပြု လုပ်တဲ့ ဝန်ကြီးများအဆင့်ဆွေး နွေးပွဲမှာလည်း သဘောတူလက် မှတ်ထိုးပြီးပြီ”ဟု ၄င်းက ဆက်လက်ပြောသည်။အဆိုပါ ဆွေးနွေးပွဲတွင် လေးနိုင်ငံ လေကြောင်းလိုင်းပြေးဆွဲမှု ပိုမို အဆင်ပြေချောမွေ့ရေး၊ ဗီဇာပိုင်းဆိုင်ရာ ကိစ္စရပ်များတွင် ဖြေလျှော့မှုများ လုပ်ဆောင်ရေးစသည် တို့ကိုလည်း ဆွေးနွေးသွားခဲ့ကြောင်း ၄င်းကပြောသည်။ ”မြန်မာ–ကမ္ဘောဒီးယားနှင့် မြန်မာ–ဗီယက်နမ် လေကြောင်းလိုင်းများ အပြန်အလှန်ပြေးဆွဲနေကြကာ ယခုအခါ မြန်မာ-လာအို ပြေးဆွဲရန် အလားအလာရှိနေပြီ”ဟု MMCမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကမ္ဘောဒီးယား နိုင်ငံသည် ခရီးသွားဧည့် များပြားအောင် နည်းလမ်းတစ်ခုအဖြစ် ¤င်းတို့နိုင်ငံသို့ လာရောက် လည်ပတ်ကြသည့် နိုင်ငံများထဲမှ လည်ပတ်မှု အများဆုံးနိုင်ငံများအား ဗီဇာကြေး ၁၅ရက်စာ ကင်းလွတ်ခွင့် ပြုထားသည်ကို သိရပြီး မြန်မာနိုင်ငံတွင်လည်း ထိုကဲ့သို့ပြုလုပ်ပါက ဧည့်သည်များ ပိုမိုဝင်ရောက်ရန် ဆွဲဆောင်မှု ပြုနိုင်မည်ဟု ယူဆကြောင်း အထက်ပါဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်(CLMV) လေးနိုင်ငံသည် ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် ခရီးသွားပြပွဲများ နှစ်စဉ် ပြုလုပ်လေ့ရှိပြီး၊ လေးနိုင်ငံမှ ခရီးသွားလုပ်ငန်းရှင် များက နှစ်စဉ်ခရီးစဉ်များ ပြသလေ့ရှိသည်။ ထို့အပြင် ခရီးသွားလုပ်ငန်း တိုးတက်ရေး ရည်ရွယ်၍ လေးနိုင်ငံတွင်း ဆိုက်ရောက်ဗီဇာများ ထုတ်ပေးခြင်းကိုလည်း ပြုလုပ်လျက်ရှိကြောင်းသိရသည်။

ခိုင်နွယ်ဦး

Source : Popular Myanmar