Tuesday, October 02, 2012

ဟိုတယ်ဧည့် ၀န်ဆောင်မှုသင်တန်း(၇)မျိုးသင်ကြားပို့ချမည်

ဟိုတယ်နှင့်ခရီးသွားလာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဟိုတယ်ဧည့် ၀န်ဆောင်မှုသင်တန်း ၇ မျိုးအား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 အဆိုပါသင်တန်းများအား ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန၏ကြီးကြပ်မှု၊ မြန်မာ့ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဦးဆောင်မှုဖြင့် Star Resources ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း သင်တန်းဌာနတွင် ဖွင့်လှစ်မည်ဖြစ်သည်။ သင်တန်းပို့ချမည့် သင်တန်းအမျိုးအစားများမှာ- ဧည့်ကြိုလုပ်ငန်းသင်တန်း အဆင့် (၁ )၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း အဆင့်(၁ )၊ နိုင်ငံတကာအဆင့် ဟိုတယ်လုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်း၊ နိုင်ငံတကာအဆင့် လေယာဉ်မောင်း/မယ်သင်တန်း၊ အစားအစာနှင့် အဖျော်ယမကာ ၀န်ဆောင်မှုသင်တန်းအဆင့်(၁)၊ နိုင်ငံတကာအဆင့် အစားအစာ ချက်ပြုတ်နည်း သင်တန်း အဆင့်(၁)တို့အား သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းများအားအောက်တိုဘာ၁၅ရက်မှ ဒီဇင်ဘာ၁၇ရက်အထိ သင်ကြားမည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း အောင်ပြီးသူများနှင့်ဒုတိယနှစ်၊ဘွဲ့ရများမှ လျှောက်ထားနိုင်ကြောင်းသိရသည်။
သင်တန်းတက်ရောက်လိုသူများအနေဖြင့် လျှောက်လွှာများအား အမှတ် ၂၆၇၊ အခန်း ၃၀၂၊ ပြည်လမ်း မြေနီကုန်း ရိုးမဘဏ်အနီး စမ်းချောင်းမြို့နယ် တွင်ထုတ်ယူ၍ ဓါတ်ပုံ ၁ပုံ၊ ပညာအရည်အချင်း အထောက်အထား မိတ္ထူတို့ဖြင့်ပူးတွဲတင်ရမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်း 01-523200 ၊ 523623 နှင့် 09 – 5020302 တို့ကို ဆက်သွယ်မေးမြန်းနိုင်သည်။
Source : Popular News 

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.