Thursday, November 29, 2012

ကိုလိုနီခေတ်က အသုံးပြုခဲ့သော ဆာဘန်လေယာဉ်ကွင်း ပြန်လည် အသက်သွင်းမည်

ချင်းပြည်နယ်၊ မြောက်ပိုင်း၊ ဖလမ်းမြို့အနီး ဆာဘန်တောင်ပေါ်၌ ပို့ဆောင်ရေး ဝန်ကြီးဌာနမှ လေယာဉ်ကွင်းတည်ဆောက်ရန် ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ချင်းပြည်နယ်အစိုးရ အဖွဲ့မှ သိရသည်။
 အဆိုပါ လေယာဉ်ကွင်းတည် ဆောက်မည့် နေရာသည် ဖလမ်း မြို့၏ ၁ဝ မိုင်ခန့်အကွာတွင် တည် ရှိပြီး ယခင်ကိုလိုနီခေတ်က ဗြိတိသျှ လေယာဉ်များ အရေးပေါ်ဆင်း သက်ခဲ့ဖူးသော နေရာဖြစ်သည့် အပြင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်တွင်လည်း လေယာဉ် ကွင်း တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းခဲ့ဖူးကြောင်း ချင်းပြည် နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါက်တာ ငွန်ဆန်းအောင်က ပြောသည်။ယခုတည်ဆောက်မည့် လေ ယာဉ်ကွင်းသည် လေယာဉ်ပြေး လမ်း အရှည်ပေ ၈ဝဝဝ   နှင့် အနံ အကျယ်ပေ ၂ဝဝ ခန့် ကျယ်ဝန်း ကာ၊ ထိုလေယာဉ်ကွင်း တည် ဆောက်ရန်အတွက် အောက်တို ဘာလအတွင်းက လေကြောင်းပို့ဆောင်ရေးဦးစီးဌာနမှ
တာဝန်ရှိသူများ လာရောက်ကွင်းဆင်း တိုင်းတာမှုများ ပြုလုပ်ကြောင်း ၄င်းက ဆက်ပြောသည်။”ဒီနေရာကို ဟားခါး၊ ထန်တလန်အပြင် မြန်မာ-အိန္ဒိယနယ်စပ် တွေ ကနေ ကားနဲ့လာမယ်ဆိုရင် နှစ်နာရီခရီးပဲရှိတဲ့အပြင် လေယာဉ် ဆင်းတက်လုပ်ဖို့လည်း အကောင်း ဆုံးဖြစ်နေတဲ့အတွက် ဒီနေရာကို ရွေးချယ်ထားတာ။ လောလော ဆယ်တော့ကျွန်တော်ရယ်၊ ပြည် နယ်ဥပဒေချုပ်နဲ့ ဖလမ်းမြို့က လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ လေယာဉ်ကွင်းဖြစ်မြောက် ရေးကော်မတီကိုလည်း ဖွဲ့ထားတယ်။ အဆင်ပြေရင်တော့ နောက် နှစ်အတွင်းမှာပဲ လေယာဉ်ကွင်းကို စပြီးတည်ဆောက်သွားဖို့ရှိတယ်”ဟု ၄င်းက ဆိုသည်။လက်ရှိအခြေအနေအရ ချင်း ပြည်နယ်အ တွင်း လေယာဉ်ကွင်း မရှိသည့်အတွက် ပြည်မသို့ လေကြောင်းခရီးဖြင့် သွားရောက်လိုသူ များမှာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ ကလေးလေဆိပ်မှသာ တစ်ဆင့် သွားလာနေရကြောင်း ဆာဘန် လေယာဉ်ကွင်းတည် ဆောက်မှု ပြီးစီးသွားပါက ဒေသခံ များအနေဖြင့် သွားလာရေး ပိုမို လွယ်ကူလာစေနိုင်မည့်အပြင် ကမ္ဘာလှည့် ခရီးသည်များပါ လေ ကြောင်းခရီး အသုံးပြု၍ ချင်းပြည် နယ်အတွင်း လာရောက် လေ့လာ နိုင်မည်ဟု ၄င်းက ထပ်မံပြော သည်။

Source : Popular News

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.