Wednesday, November 07, 2012

အောက်တိုဘာလ အတွင်း ရန်ကုန် လေဆိပ်မှ ပြည်ပ ခရီးသွား နှစ်သောင်း နီးပါး ပိုမိုဝင်ရောက်ခဲ့

အောက်တိုဘာ လအတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်ပခရီးသွား ၀င်ရောက်ခဲ့ မှုဟာ ပြီးခဲ့တဲ့ စက်တင်ဘာလထက် လူဦးရေ နှစ်သောင်းနီးပါး ပိုမိုများပြား လာတယ်လို့ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ပြီးခဲ့တဲ့ စက်တင်ဘာ လအတွင်း ပြည်ပခရီးသွား လူဦးရေ သုံးသောင်း ရှစ်ထောင် ကျော်သာ ၀င်ရောက်ခဲ့ပြီး အောက်တိုဘာလမှာတော့ ပြည်ပခရီးသွား ငါးသောင်း ခုနှစ်ထောင် ကျော်အထိ တိုးတက်ဝင်ရောက်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ၀င်ရောက်ခဲ့တဲ့ ပြည်ပခရီးသွားများတွေထဲမှာ ထိုင်းနိုင်ငံမှ ခရီးသွားများဟာ အများဆုံး ဖြစ်ပြီး လူဦးရေ တစ်သောင်းကျော်အထိ ၀င်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယ ၀င်ရောက်မှု အများဆုံးကတော့ ဂျပန်နိုင်ငံမှ ခရီးသွားများဖြစ်ပြီး ခရီးသွား လေးထောင့် သုံးရာ ကိုးဆယ့်ခြောက် ဦးရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် အာရှနိုင်ငံများဖြစ်တဲ့ တရုတ်၊ ကိုရီးယား၊ မလေး၊ စင်္ကာပူ အစရှိတဲ့ နိုင်ငံများမှလည်း ခရီးသွားဝင်ရောက်မှုများ ရှိဖြစ်ပါတယ်။

ဒါ့အပြင် အနောက်ဥရောပ နိုင်ငံများက ခရီးသွားဝင်ရောက်မှုမှာတော့ အမေရိကန် နိုင်ငံမှ အများဆုံး ဖြစ်ပြီး သုံးထောင့် ရှစ်ရာ သုံးဆယ့် ခုနှစ်ဦးနဲ့ အခြားနိုင်ငံ တွေဖြစ်တဲ့ ယူကေ၊ ဂျာမနီ၊ ပြင်သစ်၊ စပိန် အစရှိတဲ့ နိုင်ငံများမှလည်း ခရီးသွား ၀င်ရောက်မှုများ ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုလို ပြည်ပ ခရီးသွား ၀င်ရောက်မှု တွေမှာ ကမ္ဘာလှည့် ဗီဇာနဲ့ လာရောက်သူ သုံးသောင်း ခုနှစ်ထောင့် လေးရာကျော် ရှိပြီး ကျန်တဲ့လူဦးရေ ကတော့ အခြားဗီဇာများနဲ့ လာရောက်သူများ ဖြစ်တယ်လို့ သိရပါတယ်။

Source : MRTV4

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.